​အ​စ္စ​ရေး​ကို​ ​ပို​မို​ ထိ​ရောက်​သည့်​ ​နည်း​လမ်း​များ​ဖြင့်​ ​တိုက်​ခိုက်​မည်​ဟု​ ​ဟား​မတ်​ပြော​

alt

ဟား​မတ်​ပြောက်​ကျား​ ​ခေါင်း​ဆောင်​များ​က​ ​အ​စ္စ​ရေး​နိုင်ငံ​ကို​ ​ပို​မို​ထိ​ရောက်​ ​တိ​ကျ​သည့်​ ​နည်း​လမ်း​များ​ဖြင့်​ ​တိုက်​ခိုက်​သွား​ရန်​ ​စီ​စဥ်​နေ​ကြောင်း​ ​ပြော​ကြား​လိုက်​သည်​။​

​အ​စ္စ​ရေး​ ​ဂျေ​ရု​ဆ​လင်​ပို့စ်​ ​သ​တင်း​စာ​က​လည်း​ ​အ​စ္စ​ရေး​က​ ​ပိတ်​ဆို့​ထား​သည့်​ ​ဂါ​ဇာ​ဒေ​သ​အ​တွင်း​ရှိ​ ​အ​ကြမ်း​ဖက်​ ​အ​စွန်း​ရောက်​ ​အ​ဖွဲ့​အ​စည်း​ ​၁၃​ ​ခု​တို့​သည်​ ​ဟား​မတ်​တို့​နှင့်​ ​ပူး​ပေါင်း​သွား​ကြောင်း​ ​အ​တည်​ပြု​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ဟားမတ်​တို့​က​ ​အ​မေ​ရိကန်​တွင်​ ​အ​စ္စ​ရေး​ ​ဝန်​ကြီး​ချုပ်​ ​ဘင်​ဂျ​မင်​ ​နာ​တန်​ယာ​ဟူ​နှင့်​ ပါ​လက်​စ​တိုင်း​ခေါင်း​ဆောင်​ ​မာ​မွတ်​အ​ဘက်​တို့​ ​ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ရန်​ ​စီ​စဥ်​နေ​မှု​အား​ ​ကန့်​ကွက်​ကြောင်း​ ​ကြေ​ညာ​ခဲ့​သ​လို​ ​ရန်​သူ​တော်​ ​ဂျူး​နိုင်ငံ​ကို​လည်း​ ​ပို​မို​ပြင်း​ထန်​စွာ​ ​တိုက်​ခိုက်​မည်​ဟု​ ​ခြိမ်း​ခြောက်​ခဲ့​သည်​။​ ​အ​မည်​ဖော်​ပြ​ခြင်း​ ​မ​ရှိ​သည့်​ ​ဟား​မတ်​ပြော​ရေး​ဆို​ခွင့်​ရ​ ​ပု​ဂ္ဂိုလ်​တစ်ဦး​က​ ​အ​နောက်​ဖက်​ ​ကမ်း​ခြေ​သို့​ ​ကျူး​ကျော်​လာ​သည့်​ ​အ​စ္စ​ရေး​များ​အား​ တိုက်​ခိုက်​ရာ​တွင်​ ​အ​သေ​ခံ​ဗုံး​ခွဲ​ခြင်း​ကဲ့​သို့​ ​နည်း​လမ်း​များ​အား​ ​အ​သုံး​ပြု​သွား​မည်​ဟု​ ​ဂျေ​ရု​ဆ​လင်​ပို့စ်​သို့​ ​ဆက်​သွယ်​ပြော​ကြား​ခဲ့​သည်​။​

​ဟား​မတ်​တို့​၏​ ​ဝန်​ကြီး​ချုပ်​ ​အစ်​စ​မေး​ဟာ​နီ​ယား​က​ ​အ​ဘက်​သည်​ ​အ​စ္စ​ရေး​တို့​နှင့်​ ​ညှိ​နှိုင်း​မှု​ ​ပြု​လုပ်​ခြင်း​မှာ​ ​ဂါ​ဇာ​လူ​ထု​၏​ ​သ​ဘော​ထား​ကို​ ​ကိုယ်​စား​မ​ပြု​ကြောင်း​၊​ ​ပါ​လက်​စ​တိုင်း​ ​လူ​မျိုး​များ​သည်​ ​အ​စ္စ​ရေး​တို့​နှင့်​ ​ညှိ​နှိုင်း​မှု​ကို​ ​အ​လို​မ​ရှိ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here