Google​ TV​ ​အ​စီ​အ​စဥ်​ ​အ​မေ​ရိ​ကန်​တွင်​ ​စ​တင်​ထုတ်​လွှင့်​မည်

alt

Google​ TV​အ​စီ​အ​စဥ်​ကို​ ​ယ​ခု​နှစ်​အ​တွင်း​ ​အ​မေ​ရိ​ကန်​တွင်​ ​စ​တင်​ထုတ်​လွှင့်​မည်​ဟု​ Google​ ​၏​ CEO​ ​ဖြစ်​သူ​ ​အဲ​ရစ်​ရှ​မစ်​က​ ​ပြော​ကြား​လိုက်​သည်​။​

​အင်​တာ​နက်​မှ​ ​သ​မား​ရိုး​ကျ​ TV​​ လိုင်း​တစ်​ခု​သ​ဖွယ်​ ​ကြည့်​ရှု​နိုင်​မည့်​ ​ဝန်​ဆောင်​မှု​ကို​ ​အ​ခ​မဲ့​ ​ပေး​သွား​မည်​ဖြစ်​ပြီး​ ​၂၀၁၁​ ​မှ​စ​တင်​ကာ​ ​တစ်​က​မ္ဘာ​လုံး​ ​သုံး​စွဲ​သွား​နိုင်​မည်​ဖြစ်​ကြောင်း​ ​ရှ​မစ်​က​ ​ဘာ​လင်​ IFA​​ ကုန်​စည်​ပြ​ပွဲ​တွင်​ ​ပြော​ကြား​သွား​ခဲ့​သည်​။​ Google​​ သည်​ ​ဝက်​ဆိုက်​ Browser​များ​မှ​ ​ကြည့်​ရှု​သွား​နိုင်​မည့်​ TV​​ အ​စီ​အ​စဥ်​အား​ ​နောက်​ပိုင်း​တွင်​ Google​၏​ Android​ OS​သုံး​ ​ဖုန်း​များနှင့်​ iPhone​ ​တို့​တွင်​ပါ​ ​ဖြည့်​ပေး​သွား​ရန်​ ​စီ​စဥ်​ထား​ကြောင်း​ ​သိ​ရ​သည်​။​

Google​​ ၏​ ​ကြေ​ညာ​မှု​သည်​ Apple​၏​ ​ေ​ဈး​နှုန်း​လျှော့​ ​ရောင်း​ချ​သည့်​ Apple​ TV​​ ကို​ ​စ​တင်​မိတ်​ဆက်​သော​ ​အ​ချိန်​နှင့်​ ​တိုက်​ဆိုက်​နေ​သည်​။​ Apple​​ သည်​လည်း​ iTune​​ မှ​ ​ဗီ​ဒီ​ယို​များ​ ​ကြည့်​ရှု​နိုင်​မည့်​ Apple​ TV​​ ကို​ ​၉၉​ ​ဒေါ်​လာ​နှင့်​ ​ရောင်း​ချ​မည်​ဖြစ်​ကြောင်း​ ​စက်​တင်​ဘာ​လ​ ​၁​ ​ရက်​နေ့​က​ ​ကြေညာ​ခဲ့​သည်​။​ ယင်း​သည်​ TV​ Show​များ​ကို​ ​၀.​၉၉​ ​ဒေါ်​လာ​ဖြင့်​ ငှား​ရမ်း​ကြည့်​ရှု​ခွင့်​ပေး​ရန်​ ​စီ​စဥ်​ထား​ရာ​ Google​ TV​​ သည်​ Apple​ TV​ ​အ​တွက်​ ​အ​ဓိ​က​ ​ေ​ဈး​ကွက်​ပြိုင်​ဖက်​ ​ဖြစ်​လာ​ဖွယ်​ရှိ​နေ​သည်​။​

ဂျ​ပန်​အ​ခြေ​စိုက်​ ​နည်း​ပ​ညာ​ ​ကု​မ္ပ​ဏီ​ဖြစ်​သော​ Sony​ ​က​ Google​ TV​​ ကို​ ​အ​ပြည့်​အ​၀​ ​ထောက်​ပံ့​သွား​ရန်​ ​သ​ဘော​တူ​ညီ​ထား​သည်​။​ ​က​မ္ဘာ​ပေါ်​တွင်​ TV​ ​အ​များ​ဆုံး​ ​ရောင်း​ချ​ရ​သည့်​ ​တောင်​ကို​ရီး​ယား​ ​စက်​မှု​လုပ်ငန်း​ Samsung​​ က​လည်း​ Google​နှင့်​ ​လက်​တွဲ​ရန်​ ​စဥ်း​စား​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here