တ​စ္ဆေ​ရ​ထား​ ​လိုက်​ရှာ​သူ​ ​တ​ကယ့်​ရ​ထား​ ​အ​တိုက်​ခံ​ရ​သ​ဖြင့်​​ သေ​ဆုံး

alt

တ​စ္ဆေ​ရ​ထား​အား​ ​လိုက်​ရှာ​နေ​သူ​ ​တစ်ဦး​မှာ​ ​တ​ကယ့်​ရ​ထား​ ​အ​တိုက်​ခံ​ရ​သ​ဖြင့်​ ​သေ​ဆုံး​သွား​ကြောင်း​ ​သိ​ရ​သည်​။​ အ​သက်​ ​၂၉​ ​နှစ်​အ​ရွယ်​ ​အ​မေ​ရိ​ကန်​ ​နိုင်ငံ​သား​ ​ခ​ရစ်​စ​တို​ဖာ​ ​ကိုင်​ဇာ​သည်​ ​အ​ခြား​သော​ ​တ​စ္ဆေ​လိုက်​မု​ဆိုး​ ​၁၂​ ဦး​တို့​နှင့်​အ​တူ​ ​

သက်တမ်း​ ​၁၁၉​ ​နှစ်​ ​ရှိ​နေ​ပြီ​ဆို​သော​ ​ဒဏ္ဍာ​ရီ​လာ​ ​တ​စ္ဆေ​ရ​ထား​အား​ ​ရှာ​ဖွေ​နေ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​၁၈၉၁​ ​ခု​နှစ်​၊​ ဩ​ဂုတ်​လ​ ​၂၇​ ​ရက်​နေ့​က​ ​ကာ​ရို​လိုင်း​နား​မြောက်​ပိုင်း​၊​ ​စ​တိတ်​ဗီး​တွင်​ ​ဖြစ်​ပွား​ခဲ့​သည့်​ ​ရ​ထား​မ​တော်​တ​ဆမှု​ ​တစ်​ခု​အ​တွင်း​ တံ​တား​တစ်​ခု​ပေါ်​မှ​ ​လူ​စီး​တွဲ​ ​၇​ ​ခု​ ​ပြုတ်​ကျ​ရာ​ ​လူ​ ​၃၀​ ​သေ​ဆုံး​ခဲ့​သည်​။​ ​ဒေ​သ​ခံ​ ​အ​စဥ်​အ​ဆက်​က​ ​ရ​ထား​မ​တော်​တ​ဆ​မှု​ ​ဖြစ်​ပွား​ခဲ့​ရာ​ ​နှစ်​ပတ်​လည်​နေ့​တိုင်း​ ​ကြောက်​လန့်​တ​ကြား​ ​အော်​ဟစ်​နေ​သည့်​ ​အ​သံ​များ​ကို​ ​ကြား​ရ​တတ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို့​ကြောင့်​လည်း​ ​နှစ်​စဥ်​ ​ထို​နေ​ရာ​သို့​ ​လာ​ကြည့်​သူ​များ​ ​ရှိ​ခဲ့​ပြီး​ ​နှစ်​ ​၁၀၀​ ​ပြည့်​သော​ ​၁၉၉၁​ ​ခု​နှစ်​က​မူ​ ​လူ​ပေါင်း​ ​၁၅၀​ ​ကျော်​တို့​ ​အ​သံ​များ​ ​ကြား​မ​ကြား​ ​စု​ရုံး​နား​ထောင်​ခဲ့​ကြ​သည်​။​

​ယ​ခု​နှစ်​တွင်​မူ​ ​ကိုင်​ဇာ​သည်​ အ​ခြား​သူ​များ​နှင့်​ ​ရ​ထား​လမ်း​ပေါ်​တက်​ကာ​ ​အ​သံ​များ​ ​နား​ထောင်​နေ​ခဲ့​စဥ်​ ​တ​ကယ့်​ရ​ထား​တစ်​စင်း​ ​ခုတ်​မောင်း​လာ​သည်​နှင့်​ ​ကြုံ​ပြီး​ ​အ​တိုက်​ခံ​လိုက်​ရ​ခြင်း​ဖြစ်​သည်​။​ ​ကျန်​သူ​များ​မှာ​မူ​ ​ရ​ထား​လမ်း​ရှိ​ရာ​ ​တံ​တား​မှ​ ​ဘောင်​များ​ပေါ်​တက်​ပြီး​ ​လွတ်​မြောက်​သွား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here