ပြ​ည့်​တန်​ဆာ ​လုပ်ငန်း​ဖြင့်​ ​အ​သက်​မွေး​သည့်​ ​အ​မျိုး​သ​မီး​များ​၏​ ​မိ​ဘ​တို့​ထံ​ ​တ​ရုတ်​ ရဲ​တပ်​ဖွဲ့​​ ​အ​ကြောင်း​ကြား​စာ​ပို့

alt

တ​ရုတ်​နိုင်ငံ​မှ​ ​မိ​ဘအ​ချို့သည်​ ​ရဲ​တပ်​ဖွဲ့​မှ​ ​အ​ကြောင်း​ကြား​စာ​ ​တစ်​ခု​ကြောင့်​ ​အ​ကြီး​အ​ကျယ်​ ​မျက်​လုံး​ပြူး​သွား​ရ​သည်​။​ ​ဟန်​ဇူ​ခ​ရိုင်​တွင်​ ​ပြည့်​တန်​ဆာ​ ​တိုက်​ဖျက်​ရေး​ ​ရှောင်​တ​ခင်​ ​စီး​နင်း​မှု​များ​ ​ပြု​လုပ်​ခဲ့​သည့်​

​ရဲ​တပ်​ဖွဲ့​က​ ပြည့်​တန်​ဆာ​ ​လုပ်ငန်း​ဖြင့်​ ​အ​သက်​မွေး​နေ​သည့်​ ​အ​မျိုး​သ​မီး​များ​၏​ ​မိ​ဘ​များ​ထံ​ ​စာ​ရေး​သား​ပေး​ပို့​ ​တိုင်​ကြား​ခဲ့​သည်​။

​ ​ရဲတပ်​ဖွဲ့​သည်​ ​အ​မျိုး​သ​မီး​များ​၏​ ​မိ​ဘ​များ​အား​ ယင်း​တို့​၏​ ​သ​မီး​များ​သည်​ ​တ​ရား​မဝင်​သော​ ​အ​လှ​ပြင်​ဆိုင်​ ​လုပ်ငန်း​များ​တွင်​ ​လုပ်​ကိုင်​နေ​သည်​ဟု​ ​ယဥ်​ယဥ်​ကျေး​ကျေး​ ​ရေး​သား​ပေး​ပို့​ခဲ့​ပြီး​ မိ​မိ​တို့​၏​ ​သ​မီး​ကို​ ​အုပ်​ထိန်း​ပြု​ပြင်​ရန်​ ​ဆ​န္ဒ​ရှိ​မည်​ဟု​ ​မျှော်​လင့်​ကြောင်း​ ​ဖော်​ပြ​ထား​သည်​။​ ​သို့​သော်​လည်း​ ​ပြည့်​တန်​ဆာ​လုပ်ငန်း​ဖြင့်​ ​အ​သက်​မွေး​နေ​သည့်​ ​သ​မီး​များ​၏​ ​ပုံ​ကို​ပါ​ ​စာ​နှင့်​အ​တူ​ ​ပူး​တွဲ​ထည့်​ပေး​လိုက်​သည်​။​

​ဟန်​ဇူ​ရဲ​တပ်​ဖွဲ့​က​ ​ယ​ခု​စီး​နင်း​မှု​တွင်​ ​အ​လှ​ပြင်​ဆိုင်​ကို​ ​ဗန်း​ပြ​ထား​သော​ ​ပြည့်​တန်​ဆာ​လုပ်ငန်း​ ​၉၉​ ​ရာ​ခိုင်​နှုန်း​မျှ​ကို​ ​ဖော်​ထုတ်​နိုင်​ခဲ့​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​အ​ချို့​သော​ ​ကိ​စ္စ​များ​မှာ​မူ​ ​တ​ရား​ရုံး​သို့​ ​ပို့​ဆောင်​ကာ​ ​စွဲ​ချက်​တင်​နိုင်​ရန်​ ​ခက်​ခဲ​နေ​ဆဲ​ဟု​ ​သိ​ရ​သည်​။​ ထို့​အ​ပြင်​ ​တိုင်​ကြား​စာ​ ​ပေး​ပို့​ရာ​တွင်​လည်း​ ​မိ​ဘ​များ​က​ ​အ​မျိုး​မျိုး​ ​တုန့်​ပြန်​ကြ​ပြီး​ ​အ​များ​စု​က​ ​မိ​မိ​တို့​၏​ ​သ​မီး​များ​သည်​ ​ပြည့်​တန်​ဆာ​ဘ​ဝ​သို့​ ​အ​တင်း​သွပ်​သွင်း​ ​ခံ​ရ​ခြင်း​ဟု​ ​ယုံ​ကြည်​နေ​ကြောင်း​ ​ရဲ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။

​ ​အ​ချို့​မိန်း​က​လေး​များ​သည်​ ​အိမ်​မှ​ထွက်​ပြေး​လာ​ခြင်း​ ​ဖြစ်​သော်​လည်း​ ​အ​များ​စု​ကို​ ​အိမ်​ပြန်​ပို့​နိုင်​ရန်​ ​မျှော်​လင့်​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​တစ်ဦး​ဖြစ်​သူ​ ​ဝမ်​ပီ​ဂျွန်က​ ​ပြော​ဆို​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here