ကိုယ်​ရံ​တော်​ဟောင်း​၏​ ​စွပ်​စွဲ​ချက်​အား​ ​ဘ​ရစ်​တ​နီ​စ​ပီး​ယား​ ​ငြင်း​ချက်​ထုတ်

alt

ဘ​ရစ်​တ​နီ​စ​ပီး​ယား​က​ ​သူ​မ​၏​ ​ကိုယ်​ရံ​တော်​ဟောင်း​၏​ ​စွပ်​စွဲ​ထား​မှု​နှင့်​ ​ပတ်​သက်​ပြီး​ ​ငြင်း​ချက်​ထုတ်​လိုက်​သည်​။​ ဖာ​နန်​ဒို​ ​ဖ​လော​ရက်​ဆို​သော​ ​လုံ​ခြံု​ရေး​ဝန်​ထမ်း​က​ ​အ​သက်​ ​၂၈​ ​နှစ်​အ​ရွယ်​ Pop​ ​အ​ဆို​တော်​သည်​ ​

လိင်​မှု​အ​လွန်​ ​ဆာ​လောင်​သူ​ဖြစ်​ပြီး​ ​မိ​မိ​အား​ ​ကိုယ်​လုံး​တီး​ဖြင့်​ ​သွေး​ဆောင်​မှု​များ​ ​ပြု​လုပ်​ကာ​ ​စိတ်​အ​နှောင့်​အ​ယှက်​ ​ဖြစ်​စေ​ခဲ့​ပြီး​ ​သူ​မ​၏​ ​အ​လို​ကို​ ​မ​လိုက်​လျော​သည့်​အ​တွက်​ ​အ​လုပ်​ထုတ်​ပစ်​ခဲ့​ကြောင်း​ ​စွပ်​စွဲ​ပြီး​ ​ယင်း​ကိ​စ္စ​ကို​ ​တ​ရား​ရုံး​သို့​ ဦး​တိုက်​လျှောက်​ထား​ခဲ့​သည်​။​

​ဖာ​နန်​ဒို​က​ ​ဘ​ရစ်​တ​နီ​သည်​ ​မိ​မိ​၏​ ​သွေး​အေး​နေ​မှု​ကို​ ​မ​ကျေ​နပ်​ကြောင်း​၊​ ​သူ​မ​၏​ ​သားငယ်​လေး​ ​နှစ်ဦး​ရှေ့​တွင်​ပင်​ ​မ​ရှက်​မ​ကြောင်​ ​မြှူ​ဆွယ်​ဖြား​ယောင်း​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​သို့​သော်​လည်း​ ​ဖာ​နန်​ဒို​၏​ ​စွပ်​စွဲ​ချက်​များ​သည်​ ​တစ်​ခု​မျှ​ ​အ​ခြေ​အ​မြစ်​မ​ရှိ​ဟု​ ဘ​ရစ်​တ​နီ​က​ TMZ​သ​တင်း​ဝက်​ဆိုက်​နှင့်​ ​အင်​တာ​ဗျူး​တွင်​ ​တုန့်​ပြန်​သွား​သ​ည​်​။​ ယ​ခင်​က​လည်း​ ​သား​သ​မီး​များ​အ​ပေါ်​ ​မိ​မိ​က​ ​အာ​ရုံ​မ​စိုက်​ဟူ​သော​ ​စွပ်​စွဲ​မှု​မျိုးကို​ ​ဖာ​နန်​ဒို​က​ ​စွပ်​စွဲ​ခဲ့​သ​ဖြင့်​ က​လေးငယ်​ ​အ​ခွင့်​အ​ရေး​ ​ကာ​ကွယ်​စောင့်​ရှောက်​မှု​ ​အာ​ဏာ​ပိုင်​ ​အ​ဖွဲ့​များ​က​ ​လာ​ရောက်​စစ်​ဆေး​ခဲ့​ကြောင်း​၊​ ​တာ​ဝန်​ရှိ​သူ​များ​က​ ​မိ​မိ​၏​ ​သား​နှစ်ဦး​၏​ ​အ​ခြေ​အ​နေ​အား​ ​အ​ပြည့်​အ​ဝ​ ​ကျေ​နပ်​ခဲ့​ပြီး​ဖြစ်​ကြောင်း​၊​ ​ဖာ​နန်​ဒို​သည်​ ​စိတ်​ပျက်​စ​ရာ​ ​လိမ်​လည်​လှည့်​ဖျား​သူ​ ​တစ်ဦး​သာ​ဖြစ်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

ဖာ​နန်​ဒို​က​ ​ဇွန်​လ​အ​တွင်း​ ​ဘ​ရစ်​တ​နီ​၏​ ​အ​လုပ်​ထုတ်​မှု​အ​တွက်​ ​မ​ကျေ​နပ်​ကြောင်း​ ​တ​ရား​ရုံး​သို့​ ​လျှောက်​ထား​ခဲ့​ပြီး​ ​ဘ​ရစ်​တ​နီ​သည်​ ​သူ​မ​၏​ ​ဖြား​ယောင်း​မှု​များ​ ​အ​ထ​မ​မြောက်​သ​ဖြင့်​ ​အ​လုပ်​ထုတ်​ခဲ့​ခြင်း​ဖြစ်​ရာ​ ​ယင်း​အ​တွက်​ ​များ​စွာ​နစ်​နာ​ကြောင်း​ ​တ​ရား​ရုံး​သို့​ ​လျှောက်​ထား​ခဲ့​သည်​။​ ​ယင်း​အ​မှု​အ​တွက်​ ​ပ​ထ​မ​ဆုံး​ ​ကြား​နာ​ခြင်း​ကို​ ဇန်​န​ဝါ​ရီ​ ​၂၅​ ​တွင်​ ​စ​တင်​မည်​ဟု​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here