Facebook​ ​သုံး​စွဲ​ခြင်း​က​ ​ကျောင်း​သူ​​ ကျောင်း​သား​များ​ ​ပ​ညာ​ရေး​​ ထိ​ခိုက်​နိုင်

alt

Facebookအား​ ​သုံး​စွဲ​ခြင်း​သည်​ ​​ကျောင်း​သူ​ကျောင်း​သား​များ​အ​တွက်​ ​ပ​ညာ​ရေး​တွင်​ ​ထိ​ခိုက်​မှု​ ​ဖြစ်​စေ​ကြောင်း​ ​သု​တေ​သီ​များ​က​ ​သ​တိ​ပေး​ခဲ့​သည်​။​ ​လေ့​လာ​မှု​ ​တစ်​ခု​အ​ရ​ ​က​မ္ဘာ​ကျော်​ Social​ Networking​ ​ဝက်​ဆိုက်​အား​ ​ပုံ​မှန်​သုံး​စွဲ​နေ​သည့်​ ​

ကျောင်း​သား​အ​များ​စု​သည်​ Grade​​ အ​ဆင့်​ ​သတ်​မှတ်​မှု​များ​ ​ကျယ်​ဆင်း​လာ​တတ်​ကြောင်း​ ​စိတ်​ပ​ညာ​ရှင်​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​သု​တေ​သီ​များ​က​ Facebook​ကို​ ​တွင်​ကျယ်​စွာ​ ​သုံး​စွဲ​နေ​သည့်​ ​ကျောင်း​သား​များ​သည်​ ​စာ​မေး​ပွဲ​ ​ရ​မှတ်​များ​ ​၂၀​ ​ရာ​ခိုင်​နှုန်း​ထိ​ ​ကျ​ဆင်း​တတ်​သည်​ဟု​ဆို​သည်​။​

​အ​မေ​ရိ​ကန်​ ​တ​က္က​သိုလ်​များ​ရှိ​ ​သာ​မန်​ဘွဲ့​နှင့်​ ​ဘွဲ့​လွန်​ကျောင်း​သား​ ​၂၁၉​ ဦး​၏​ ​ပ​ညာ​ရေး​ ​အ​ခြေ​အ​နေ​များ​ကို​ ​လေ့​လာခဲ့​ပြီး​နောက်​ ​ယ​ခု​ရ​လဒ်​ကို​ ​တွေ့​ရှိ​ခဲ့​ကြောင်း​ ​စိတ်​ပ​ညာ​ ​ပ​ေ/ာ်​ဖက်​ဆာ​ ​ပေါ​က​ရစ်​ရှ​နာ​က​ဆို​သည်​။​ ၎င်း​က​ ​ကျောင်း​သား​များ​တွင်​ ​အ​သက်​ ​၁၉​ ​နှစ်​မှ​ ​၅၄​ ​နှစ်​အ​ရွယ်​ထိ​ ​ပါဝင်​ကြောင်း​လည်း​ ​ပြော​ကြား​သွား​သည်​။​

​ပေါ​နှင့်​ ​သု​တေ​သီ​အ​ဖွဲ့​က​ Facebook​ ​သုံး​စွဲ​နေ​သူ​ ​လေး​ပုံ​သုံး​ပုံ​မျှ​သည်​ ​ထို​အ​ချိန်​များ​တွင်​ ​ပ​ညာ​ရေး​အ​တွက်​ ​အ​သုံး​ချ​ပါ​က​ ​မိ​မိတို့​အ​တွက်​ ​အ​ကျိုး​ဖြစ်​ထွန်း​စေ​မည်​ဆို​သော​ ​အ​ချက်​အား​ ​ယုံ​ကြည်​ခြင်း​မ​ရှိ​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယ​ခု​လို​သ​ဘော​ထား​နှင့်​ ​အ​လား​တူ​ ​ပုံ​စံ​မျိုး​ကို​ ​ပို​မိုငယ်​ရွယ်​သည့်​ ​အ​လယ်​တန်း​နှင့်​ ​အ​ထက်​တန်း​အ​ဆင့်​ ​ကျောင်း​သား​များ​တွင်​ပါ​ ​တွေ့​မြင်​ရ​နိုင်​ကြောင်း​ ​ပေါ​က​ ​မှတ်​ချက်​ပြု​ ​ပြော​ကြား​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here