က​မ္ဘာ​မြေ​အ​နီး​မှ​ ဥ​က္ကာ​ခဲ​​ အ​သေး​စား​နှစ်​ခု​ ​ဖြတ်​သန်း​​သွား​

alt

စက်​တင်​ဘာ​ ​၈​ ​ရက်​နေ့​တွင်​ ​က​မ္ဘာ​မြေ​အ​နီး​မှ​ ဥ​က္ကာ​ခဲ​ ​အ​သေး​စား​နှစ်​ခု​ ​ဖြတ်​သန်း​သွား​ဖွယ်​ ​ရှိ​​ကြောင်း​ ​အ​မေ​ရိ​ကန်​ ​န​က္ခတ်​ဗေ​ဒ​ ​ပ​ညာ​ရှင်​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​

​မ​ကြာ​သေး​မီ​က​မှ​ ​ပ​ညာ​ရှင်​များ​ ​တွေ့​ရှိ​ခဲ့​သည့်​ ​အ​ဆို​ပါ​ ဥ​က္ကာ​ခဲ​နှစ်​ခု​ ​ဖြတ်​သန်း​သွား​ခြင်း​အား​ ​သာ​မန်​မျက်​စိ​ဖြင့်​ ​တွေ့​မြင်​ရ​မည်​ ​မ​ဟုတ်​ဟု​ ဆို​သည်​။​ space.com​ က​ ယင်းဥ​က္ကာ​ခဲ​များ​သည်​ က​မ္ဘာ​ပတ်​လမ်း​ကို​ ​ဖြတ်​သန်း​သွား​မည်​ဖြစ်​ကြောင်း​ ​ဖော်​ပြ​ထား​သည်​။​ ​နှစ်​ခု​အ​နက်​ ​ပို​သေး​သော​ 2010​ RF​ 12​ ​အ​မည်​ရှိ​ ဥ​က္ကာ​ခဲ​သည်​ ​က​မ္ဘာ​မှ​ ​မိုင်​ပေါင်း​ ​၄၉၀၀၀​ ​ကျော်​အ​ကွာ​မှ​ ​ဖြတ်​သန်း​မည်​ဖြစ်​ပြီး​ 2010​ RX​ 30​က​မူ​ ​က​မ္ဘာ​မှ​ ​မိုင်​ပေါင်း​ ​၁၅၄၀၀၀​ ​ကျော်​မျှ​ ​ကွာ​ဝေး​သည့်​ ​နေ​ရာ​မှ​ ​ဖြတ်​သန်း​​ သွား​မည်​ဟု​ ​သိ​ရှိ​ရ​သည်​။​ ​အ​သေး​မှာ​ ​အ​လျား​ ​၄၂​ ​ပေ​နှင့်​ ​အ​နံ​ ​၁၉​ ​ပေ​ရှိ​ပြီး​ ​အ​ကြီး​မှာ​ ​အ​လျား​ ​၇၂​ ​ပေ​နှင့်​ ​အ​နံ​ ​၃၃​ ​ပေ​ထိ​ရှိ​ကြောင်း​လည်း​ ​ဝက်​ဆိုက်​တွင်​ ​ဖော်​ပြ​ထား​သည်​။​

NASA​က​ ​ယင်းဥ​က္ကာ​ခဲ​များ​ ​ဖြတ်​သန်း​မှု​ကို​ ​န​က္ခတ်​တာ​ရာ​ကြည့်​ ​မှန်​ပြောင်း​များ​နှင့်​ ​မှတ်​တမ်း​တင်​ရန်​ စီ​စဥ်​ထား​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ space.com​ ​က​ ​သု​တေ​သီ​များ​သည်​ ​က​မ္ဘာ​ကြီး​အား​ ​ထိ​ခိုက်​မှု​ ​ကြီး​ကြီး​မား​မား​ ​ဖြစ်​စေ​နိုင်​လောက်​သော​ ဥ​က္ကာ​ခဲ​များ​အား​ ​အ​စဥ်​တ​စိုက်​ ​ထောက်​လှမ်း​​ ရှာ​ဖွေ​နေ​လေ့​ရှိ​ကြောင်း​လည်း​ ​ရေး​သား​ဖော်​ပြ​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here