အာ​ဖ​ဂန်​န​စ္စ​တန်​​ ရွေး​ကောက်​ပွဲ​​ မဲ​ရုံ​များ​ကို​​ တိုက်​ခိုက်​မည်​ဟု​​ တာ​လီ​ဘန်​ပြော​ကြား

alt

တာ​လီ​ဘန်​တို့​က​​ အာ​ဖ​ဂန်​န​စ္စ​တန်​ ​ရွေး​ကောက်​ပွဲ​ကို​​ ကန့်​ကွက်​ရှုတ်​ချ​ပြီး​​ မဲ​ရုံ​များ​ကို​ ဦး​တည်​တိုက်​ခိုက်​သွား​မည်​ဟု​​ ခြိမ်း​ခြောက်​ပြော​ကြား​ခဲ့​သည်​။​​

စက်​တင်​ဘာ​ ​၁၈​ ​ရက်​နေ့​​ ရွေး​ကောက်​ပွဲ​တွင်​​ မိ​မိ​တို့​ ​ပြင်း​ထန်​စွာ​​ တိုက်​ခိုက်​သွား​ရန်​​ အ​စီ​အ​စဥ်​ရှိ​ကြောင်း​​ အာ​ဖ​ဂန်​ ​အ​ခြေ​စိုက်​​ က​မ္ဘာ​ကျော်​ ​အ​ကြမ်း​ဖက်​​ အ​ဖွဲ့​ကြီး​က​ ​ကြေ​ညာ​ထား​သည်​။​​ ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​ကုန်​က​​ စစ်​သွေး​ကြွ​များ​နှင့်​​ တိုက်​ပွဲ​အ​တွင်း​ ​အ​မေ​ရိ​ကန်​ ဦး​ဆောင်​သော​ ​နိုင်ငံ​တ​ကာ​​ တပ်​ဖွဲ့​များ​မှ​ ​ဗြိ​တိ​သျှ​နှင့်​​ ဂျော်​ဂျီ​ယာ​ ​တပ်​သား​တစ်ဦး​စီ​​ ကျ​ဆုံး​ခဲ့​သေး​သည်​။​​

တာ​လီ​ဘန်​ ​ပြော​ရေး​ဆို​ခွင့်​ရ​ပု​ဂ္ဂိုလ်​​ ဇာ​ဘူ​လာ​ ​မူ​ဂျာ​ဟစ်​က​ AP​သ​တင်း​ဌာ​န​သို့​ ​တယ်​လီ​ဖုန်း​နှင့်​​ ဆက်​သွယ်​ပြီး​ ​နိုင်ငံ​ခြား​​ တပ်​ဖွဲ့​များ​သည်​ ​အာ​ဖ​ဂန်​အ​ပေါ်​​ အ​မြတ်​ထုတ်​နေ​သည်​ဟု​သာ​​ မိ​မိ​တို့​ ​ယုံ​ကြည်​ကြောင်း​၊​​ အ​နောက်​တိုင်း​ ဩ​ဇာ​မ​ကင်း​သည့်​​ ရွေး​ကောက်​ပွဲ​ကို​ ​အ​ကြီး​အ​ကျယ်​​ တိုက်​ခိုက်​သွား​မည်​ဖြစ်​ကြောင်း​​ ပြော​ကြား​ခဲ့​သည်​။​​ ထို့​အ​ပြင်​ ​က​ဘူး​မြို့​တော်​ရှိ​​ ရုပ်​သေး​အ​စိုး​ရ​နှင့်​​ အ​နောက်​နိုင်ငံ​ ​စစ်​တပ်​များ​ကို​လည်း​​ အာ​ဖ​ဂန်​မြေ​မှ​ ​မောင်း​ထုတ်​သွား​မည်​ဟု​​ မူ​ဂျာ​ဟစ်​က​ဆို​သည်​။​​ တာ​လီ​ဘန်​တို့​သည်​ ​ယ​မန်​နှစ်​က​​ မဲ​လိမ်​မှု​များ​ ​ရှိ​ခဲ့​ကြောင်း​​ နာ​မည်​ပျက်​ခဲ့​သည့်​​ ရွေး​ကောက်​ပွဲ​ ​ကာ​လ​တွင်​လည်း​​ တိုက်​ခိုက်​မှု​များ​​ ပြု​လုပ်​မည်​ဟု​ ​ခြိမ်း​ခြောက်​ခဲ့​ဖူး​သည်​။​​

ရွေး​ကောက်​ပွဲ​ ​တာ​ဝန်​ရှိ​သူ​များ​က​​ မဲ​ရုံ​ပေါင်း​ ​၅၈၉၇​​ ခု​ကို​ ​ဖွင့်​လှစ်​သွား​ရန်​​ စီ​စဥ်​ခဲ့​သော်​လည်း​​ လုံ​ခြံု​ရေး​ ​အ​ခြေ​အ​နေ​အ​ရ​​ နေ​ရာ​ပေါင်း​ ​၉၀၀​​ တွင်​သာ​ ​မဲ​ပေး​ခွင့်​ပြု​ရန်​ ဆုံး​ဖြတ်​ခဲ့​ကြောင်း​လည်း​​ သ​တင်း​ရ​ရှိ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here