Transformer​ 3​ ​ရိုက်​ကွင်း​ ​လုံ​ခြံု​ရေး ​အား​နည်း​ချက်​ရှိ​ဆို​မှု​ Paramount​ ​ပယ်​ချ

alt

Paramount​​ ကု​မ္ပ​ဏီ​က​ Transformers​ 3​ ​ဇာတ်​ကား​ရိုက်​ကူး​ရာ​တွင်​ ​လုံ​ခြံု​ရေး​ ​အား​နည်း​ချက်​များ​ ​ရှိ​နေ​သည်​ဆို​သော​ ​ဖော်​ပြ​ချက်​များ​အား​ ​ပယ်​ချ​လိုက်​သည်​။​

​ဒါ​ရိုက်​တာ​ ​မိုက်​က​ယ​်​ဘေး​ ​တာ​ဝန်​ယူ​ ​ရိုက်​ကူး​နေ​သည့်​ ​စိတ်​ကူး​ယဥ်​ ​သိ​ပ္ပံ​ရုပ်​ရှင်​တွင်​ ​စ​တန့်​သ​မား​ ​အ​မျိုး​သ​မီး​တစ်ဦး​ ​ရိုက်​ကွင်း​တွင်​ ​ထိ​ခိုက်​ဒဏ်​ရာ​ ​ရ​ခဲ့​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​က​ ​ပြော​ဆို​ထား​သော်​လည်း​ Parmount​ က​ ​သူ​မ​သည်​ ​ရိုက်​ကွင်း​တွင်​ ​ဒဏ်​ရာ​ရ​ခဲ့​ခြင်း​ ​မ​ဟုတ်​ဟု​ ​ငြင်း​ချက်​ထုတ်​ထား​သည်​။​

​ဂါ​ဘ​ရီ​ရယ်​ ​ကာ​ဒီ​လို​သည်​ ​လေ​ထဲ​ဝဲ​ပျံ​လာ​သည့်​ ​ပ​စ္စည်း​တစ်​ခု​နှင့်​ ​မ​တော်တ​ဆ​ ​ထိ​ခိုက်​မိ​ခြင်း​ဟု​ Paramount​ က​ ​အ​တည်​ပြု​ခဲ့​သော်​လည်း​ ​ဆိုင်​ကယ်​စီး​ကာ​ ​စ​တန့်​ပြု​လုပ်​နေ​စဥ်​ ​အ​ချိန်​တွင်​မ​ဟုတ်​ဟု​ ​ပြော​ကြား​ထား​သည်​။​ ​ကာ​ဒီ​လို​သည်​ ​ပ​ရော်​ဖက်​ရှင်​နယ်​ ​စ​တန့်​သ​မား​တစ်ဦး​ ​မ​ဟုတ်​ဟု​လည်း​ ​သိ​ရ​သည်​။​ Paramount ​သည်​ ​လုံ​ခြံု​ရေး​ ​အား​နည်း​ချက်​များ​ ​ရိုက်​ကွင်း​အ​တွင်း​တွင်​ ​တည်​ရှိ​နေ​ကြောင်း​ ​စွပ်​စွဲ​မှု​များ​အား​ ​ငြင်း​ဆန်​ထား​သော်​လည်း​ ကာ​ဒီ​လို​ ​ဒဏ်​ရာ​ရ​ခဲ့​ခြင်း​နှင့်​ ​ပတ်​သက်​သော​ ​မှတ်​တမ်း​တင်​ထား​သည့်​ ​ဗီ​ဒီ​ယို​များ​ ​ပြ​သ​ခဲ့​ခြင်း​ ​မ​ရှိ​ချေ​။​

​သူ​မ​သည်​ ​စ​တန့်​ရိုက်​ကူး​သည့်​ ​အ​နေ​အ​ထား​မှ​ ​ပေ​ ​၅၀၀​ ​ထိ​ဝေး​သော​ ​နေ​ရာ​တွင်​ ​ရှိ​နေ​ကြောင်း​သာ​ ​ပြော​ကြား​ထား​သည်​။​ Transformers​ 3​တွင်​ ​ယ​ခင်​ဇာတ်​ကား​ ​နှစ်​ခု​မှ​ ​မင်း​သား​ရှား​လီ​ဘော့​ ​ပြန်​လည်​ပါဝင်​သော်​လည်း​ ​မင်း​သ​မီး​ ​မီ​ဂန်​ဖော့စ်​အ​စား​ ရို​စီ​ဟက်​တင်​ဂမ်​ ​ဝှစ်​တ​လီ​က​ ​အ​စား​ထိုး​ ​ပါဝင်​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here