အဝ​လွန်​ခြင်း​နှင့်​ ​အ​ပိန်​လွန်​ခြင်း​တို့​က​ ​ကိုယ်​တွင်း​​ က​လီ​စာ​များ​​ အ​တွက်​ ​ဆိုး​ကျိုး​​ ဖြစ်​စေ​နိုင်

alt

အ​ဝ​လွန်​ခြင်း​၊​ ​အ​ပိန်​လွန်​ခြင်း​ ​နှစ်​ခု​လုံး​သည်​ ကိုယ်​တွင်း​က​လီ​စာ​များ​အ​တွက်​ ​ဆိုး​ကျိုး​ဖြစ်​စေ​နိုင်​ကြောင်း​ ​သု​တေ​သီ​များ​က​ ​သ​တိ​ပေး​ ​ပြော​ကြား​လိုက်​သည်​။​

​အ​မေ​ရိ​ကန်​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က​ ​ခ​န္ဓာ​ကိုယ်​ ​အ​ချိုး​အ​စား​ ​ဘက်​မညီ​မှု​သည်​ ​အူ​မ​ကြီး​ကို​ ​ဒု​က္ခ​ပေး​ပြီး​ ​အ​သက်​ဘေး​နှင့်​ ​ပို​နီး​ကြောင်း​ ​ထောက်​ပြ​ခဲ့​သည်​။​ ​မင်​နီ​ဆိုး​တား​ ​တ​က္က​သိုလ်​၊​ ​မန်​ဆို​နစ်​ ​ကင်​ဆာ​စင်​တာ​မှ​ ​ဒေါက်​တာ​အန်​နာ​ပ​ရစ်​မန်း​က​ ​နှစ်​ပေါင်း​ ​၂၀​ ​အ​တွင်း​ ​ခ​န္ဓာ​ကိုယ်​ ​အ​လေး​ချိန်​ ​များ​လွန်း​၊​ ​နည်း​လွန်း​သည့်​ ​အ​မျိုး​သ​မီး​ ​၁၀၉၆​ ဦး​ကို​ ​လေ့​လာ​မှု​များ​ ​ပြု​လုပ်​ခဲ့​သည်​။​ ​

ယင်း​တို့​အ​နက်​ ​၄၉၃​ ဦး​ ​သေ​ဆုံး​ခဲ့​ရာ​ ​၂၈၉​ ဦး​သည်​ ​အူ​ကြီး​ကင်​ဆာ​ကြောင့်​ ​အ​သက်​ဆုံး​ရှုံး​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​အ​လေး​ချိန်​ ​ရှိ​သင့်​သည်​ထက်​ ​ပို​များ​ခြင်း​သည်​ ​အူ​မ​ကြီး​ကင်​ဆာ​ ​ဖြစ်​န​နိုင်​ခြေ​ ​၄၅​ ​ရာ​ခိုင်နှုန်း​ ​မြင့်​တက်​လာ​သ​လို​ အ​လေး​ချိန်​ ​အ​လွန်​အ​ကျွံ​ ​လျော့​နည်း​ခြင်း​က​ ​ရော​ဂါ​ဖြစ်​နိုင်​ခြေ​ကို​ ​၈၉​ ​ရာ​ခိုင်​နှုန်း​ ​တိုး​ပွား​လာ​စေ​ကြောင်း​ ​သု​တေ​သ​န​ ​ရ​လဒ်​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။​

​ကျန်း​မာ​ရေး​နှင့်​ ​သင့်​လျော်​သော​ ​ခ​န္ဓာ​ကိုယ်​ ​အ​ချိုး​အ​စား​ကို​ ​ထိန်း​သိမ်း​ထား​ခြင်း​သည်​ ​အ​သက်​ရှည်​ရန်​ ​နည်း​လမ်း​တစ်​ခု​ဖြစ်​ကြောင်း​ ​ဒေါက်​တာအန်​နာ​က​ဆို​သည်​။​ ​ယ​ခု​လေ့​လာ​မှု​နှင့်​ ပတ်​သက်​ပြီး​ ​အ​သေး​စိတ်​ ​အ​ချက်​အ​လက်​များ​ကို​ Cancer​ Epidemology​ ​ဆေး​ပ​ညာ​ ​ဂျာ​နယ်​တွင်​ ​ဖော်​ပြ​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here