Google​ Search​ ​တွင်​ ​ Instant​ Feature​ ​သစ်​ ​ထ​ည့်​သွင်း

alt

Google ​က​ ၎င်း​၏​ ​က​မ္ဘာ​ကျော်​ ​အင်​တာ​နက်​ ​ရှာ​ဖွေ​ရေး​ ​ဝန်​ဆောင်​မှု​တွင်​ Google​ Instant​​ ဆို​သော​ Feature​ ​သစ်​ကို​ ​ထည့်​သွင်း​ပေး​လိုက်​ပြီ​ဖြစ်​သည်​။​

​ယင်း​သည်​ Search​ Box​ တွင်​ ​ပ​ထ​မ​ဆုံး​ ​စာ​လုံး​ရိုက်​လိုက်​သည်​နှင့်​ ​ဖြစ်​နိုင်​ခြေ​ရှိ​သော​ ​ရှာ​ဖွေ​မှု​ ​ရ​လဒ်​များ​ကို​ ​ဖော်​ပြ​ပေး​နိုင်​မည်​ဖြစ်​သည်​။​ ​နောက်​ထပ်​စာ​လုံး​ ​တိုး​ရိုက်​လိုက်​တိုင်း​ ​ပို​မို​ကျဥ်း​မြောင်း​ ​တိ​ကျ​လာ​သည့်​ ​ရှာ​ဖွေ​မှု​ရ​လဒ်​ ​စာ​ရင်း​များ​ကို​ ​ပြု​စု​ပေး​ရန်​ Google​ က​ ​စီ​စဥ်​ထား​သည်​။​ Google​၏​ ​ရှာ​ဖွေ​ရေး​နှင့်​ ​သုံး​စွဲ​သူ​ ​အ​တွေ့​အ​ကြံု​ ​လေ့​လာ​ရေး​ဌာ​န​ ဒု​တိ​ယ ဥ​က္က​ဌ​ ​မာ​ရီ​ဆာ​မေ​ယာ​က​ Google ​၏​ ​ရှာ​ဖွေ​မှု​ ​ပုံ​စံ​သစ်​သည်​ ​အ​လွန်​မြန်​ဆန်​မှု​ ​ရှိ​လိမ့်​မည်​ဟု​ ​ပြော​ကြား​သွား​သည်​။​ ​ယ​ခင်​က​ ​၉​ ​စ​က္ကန့်​မှ​ ​၁၅​ ​စ​က္ကန့်​ထိ​ ​အ​ချိန်​ယူ​ခဲ့​ရ​သော​ ​ရှာ​ဖွေ​မှု​များ​ကို​ ​၂​ ​စ​က္ကန့်​မှ​ ​၅​ ​စ​က္ကန့်​အ​တွင်း​ ​အ​ဖြေ​ထုတ်​ပေး​နိုင်​ရန်​ Google​ က​ ​စီ​စဥ်​ထား​သည်​။​ Google ​၏​ ​အ​ဆို​အ​ရ​ ယင်း​ရှာ​ဖွေ​မှု​မှ​ ​ပြ​သ​နေ​မည့်​ ​ရ​လဒ်​များ​အ​တွက်​ ​အင်​တာ​နက်​ ​ချိတ်​ဆက်​မှု​ ​ဆိုး​ဆိုး​ရွား​ရွား​ ​နှေး​ကွေး​သွား​မည်​ ​မ​ဟုတ်​ကြောင်း​ ​သိ​ရ​သည်​။​

​ယ​ခင်​က​တည်း​က​ ​အင်​တာ​နက်​ ​သုံး​စွဲ​မှု​ ​နှေး​ကွေး​နေ​သည့်​ ​ဒေ​သ​များ​တွင်​မူ​ Search​ Bar​ ​ညာ​ဖက်​ခြမ်း​ရှိ​ User​ Preferences​ မှ​တ​ဆင့်​ ​ယင်း​ဝန်​ဆောင်​မှု​ကို​ ​ပိတ်​ထား​နိုင်​မည်​ဖြစ်​သည်​။​ အ​ဆို​ပါ​ ​ဝန်​ဆောင်​မှု​သစ်​ကို​ Chrome​၊​ Firefox​၊​ IE8 ​နှင့်​ Safari​ Browser ​များ​တွင်​ ​သုံး​စွဲ​နိုင်​ပြီး​ Microsoft​ ၏​ Search​ Engine ​ဖြစ်​သော​ Bind​ ကို​ ​အ​ဓိ​က​ ​ဖိ​အား​ပေး​သွား​နိုင်​ဖွ​ယ်​ ​ရှိ​နေ​သည်​။​ ​အ​မေ​ရိ​ကန်​တွင်​ ​စ​တင်​အ​သုံး​ပြု​နိုင်​ပြီ​ဖြစ်​သော​ ​ဝန်​ဆောင်​မှု​သစ်​ကို​ ​လာ​မည့်​သီ​တင်း​ပါတ်​တွင်​ ​ဗြိ​တိန်​၊​ ​ပြင်​သစ်​၊​ ​အီ​တ​လီ​၊​ ​ဂျာ​မ​နီ​၊​ ​စ​ပိန်​နှင့်​ ​ရု​ရှား​တို့​တွင်​ ​အ​သုံး​ပြု​လာ​နိုင်​ပြီး​ ​နောက်​ပိုင်း​တွင်​ ​တစ်​က​မ္ဘာ​လုံး​ ​ကျယ်​ကျယ်​ပြန့်​ပြန့်​ ​အ​သုံး​ပြု​သွား​နိုင်​မည်​ဖြစ်​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here