Gay​ ​က​စား​သ​မား​ကို​ ​ငြင်း​ဆို​သည့်​ ​​ဘော​လုံး​အ​သင်း​များ​ ​အ​ရေး​ယူ​ရန်​ Gay​ ​အ​ဖွဲ့​တောင်း​ဆို

alt

Gay​​ ဘော​လုံး​ ​အ​ဖွဲ့​အ​စည်း​တစ်​ခု​က​ ​ပြင်​သစ်​​ဘော​လုံး​အ​ဖွဲ့​ချုပ်အား​ Gay​ ​က​စား​သ​မား​ ​တစ်ဦး​ကို​ ​ထည့်​က​စား​ရန်​ ​ငြင်း​ဆို​ခဲ့​သည့်​ ​အ​ပျော်​တမ်း​ ​အ​သင်း​တစ်​ခု​အား​ ​အ​ရေး​ယူ​ပေး​ရန်​ ​တိုက်​တွန်း​တောင်း​ဆို​လိုက်​သည်​။​

Paris​ Foot​ Gay​ ​အ​ဖွဲ့​က​ ​ပြင်​သစ်​​ဘော​လုံး​အ​ဖွဲ့​ချုပ်၏​ အ​မျိုး​သား​ ​ကျင့်​ဝတ်​ကောင်​စီသို့​ FC​ Chooz​​ အ​သင်း​အား​ ​အ​ရေး​ယူ​ပေး​ပါ​ရန်​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယင်း​အ​သင်း​က​ Gay​ ​က​စား​သ​မား​ ​ယို​အန်း​လီ​မာ​ရီ​အား​ Gay​ ​မှန်း​သိ​ချိန်​တွင်​ ​က​စား​ခွင့်​မ​ပေး​တော့​ရန်​ ​ဆုံး​ဖြတ်​ခဲ့​ခြင်း​မှာ​ ​လူ့​အ​ခွင့်​အ​ရေး​ဆိုင်​ရာ​ ​ခွဲ​ခြား​ဆက်​ဆံ​မှု​ ​တစ်​ရပ်​အ​ဖြစ်​ Paris​ Foot​ Gay​​ က​ ​စွပ်​စွဲ​ခဲ့​သည်​။​ ​ယို​အန်း​သည်​ FC​ Chooz​​ တွင်​ ​၁၄​ ​နှစ်​ ​က​စား​ခဲ့​ပြီး​ဖြစ်​သော်​လည်း​ ​မ​ကြာ​မီ​က​ ​လိင်​တူ​ချင်း​ ​စိတ်ဝင်​စား​သည့်​ ​ကိ​စ္စ​အ​ချို့​ ​ပြု​လုပ်​ခဲ့​ပြီး​နောက်​ ​အ​သင်း​ဖော်​များ​နှင့်​ ​အ​ရှုပ်​အ​ထွေး​ ​ဖြစ်​လာ​မည်​ကို​ ​စိုးရိမ်​သည့်​အ​တွက်​ ​အ​သင်း​က​ ၎င်း​အား​ ​ယ​ခု​နှစ်​တွင်​ ​စာ​ချုပ်​ ဆက်​မ​ချုပ်ရန်​ ​ဆုံး​ဖြတ်​ခဲ့​သည်​။​

​ပြင်​သစ်​အငယ်​တန်း​ ​အား​က​စား​ဝန်​ကြီး​ ​ရာ​မာ​ယာ​ဒီ​က​ ​ပြင်​သစ်​​ အ​ရှေ့​ပိုင်း​တွင်​ ​အ​ခြေ​စိုက်​သည့်​ ​က​လပ်​​ အ​သင်း​အား​ ​အ​ရေး​ယူ​မှု​ ​ပြုလုပ်​သင့်​ကြောင်း​ ​ထောက်​ခံ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here