WTC​ ​တိုက်​ခိုက်​​ ခံ​ရ​သည့်​ ​နှစ်​ပတ်​နေ့​တွင်​ ​ကို​ရန်​​ ကျမ်း​စာ​အုပ်​ ​မီး​ရှို့​​မည့်​ ​အ​စီ​အ​စဥ်​​ ဖျက်​သိမ်း

alt

မွတ်​ဆ​လင်​ ​ဆန့်​ကျင်​ရေး​ ​လှုပ်​ရှား​မှု​အ​ဖြစ်​ ​စက်​တင်​ဘာ​ ​၁၁​ ​ရက်​နေ့​ ​အ​ကြမ်း​ဖက်​မှု​ကြီး​ ​နှစ်​ပတ်​လည်​နေ့​တွင်​ ​ကို​ရန်​ကျမ်း​စာ​အား​ ​မီး​ရှို့​မည့်​ ​အ​စီ​အ​စဥ်​ကို​ ​ဖျက်​သိမ်း​လိုက်​ပြီ​ဖြစ်​ကြောင်း​ ​အ​မေ​ရိ​ကန်​ ​ခ​ရစ်​ယာန်​ ​ဘုန်း​တော်​ကြီး​ ​တယ်​ရီ​ဂျံုး​က​ ​ပြော​ကြား​လိုက်​သည်​။​

​န​ယူး​ယောက်​မြို့​တွင်​ ​၂၀၀၁​ ​ခု​နှစ်​က​ WTC​ ​အ​ဆောက်​အ​အုံ​ကြီး​ ​အ​ကြမ်း​ဖက်​ ​တိုက်​ခိုက်​မှု​ ​ကြံု​ခဲ့​ရ​သည့်​ Ground​ Zero​ ဧ​ရိ​ယာ​အ​နီး​ ​မွတ်​ဆ​လင်​ ​ဗ​လီ​တစ်​ခု​ ​ဆောက်​လုပ်​မည်​ဆို​သော​ ​ကိ​စ္စ​ကို​ ​ရုတ်​သိမ်း​ပေး​မည်​ဆို​သော​ ​က​တိ​ကို​ ​ရ​ရှိ​ခဲ့​သည့်​နောက်​ ​တယ်​ရီ​က​ ​ဆုံး​ဖြတ်​ချက်​ကို​ ​ပြောင်း​လဲ​လိုက်​ခြင်း​ဖြစ်​သည်​။​ ​ယင်း​သည်​ ​ဖ​လော်​ရီ​ဒါ​ ​အ​လယ်​ပိုင်း​ ​မွတ်​ဆ​လင်​များ​အ​ဖွဲ့​ ဥ​က္က​ဌ​ဖြစ်​သူ​ ​မို​ဟာ​မက်​ ​မူ​ဆ​ရီ​နှင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​နောက်​ ​ယင်း​က​တိ​အား​ ​ရ​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဖ​လော်​ရီ​ဒါ​တွင်​ ​နေ​ထိုင်​သော​ ​ခ​ရစ်​ယာန်​ ​ဘုန်း​တော်​ကြီး​က​ ​ကို​ရန်​ကျမ်း​စာ​ကို​ ​မီး​ရှို့​မည့်​ ​အ​စီ​အ​စဥ်​အား​ ​လော​လော​ဆယ်​ ​ဖျက်​သိ​မ်း​လိုက်​ကြောင်း​၊​ ​သို့​သော်​လည်း​ ​ခေ​တ္တ​ ​ရွှေ့​ဆိုင်း​ထား​သည်​ဟု​သာ​ ​အ​ဓိ​ပ္ပါယ်​ ​သတ်​မှတ်​နိုင်​ပြီး​ ​အ​မေ​ရိ​ကန်​တို့​၏​ ​သ​မိုင်းဝင်​ ​နာ​ကျင်​မှု​များ​ ​ကြံု​ခဲ့​ရာ​ ​နေ​ရာ​အ​နီး​ ​မွ​တ်​ဆ​လင်​တို့​ ​ဗ​လီ​ဆောက်​ရန်​ ​ထပ်​ကြိုး​စား​ပါ​က​ ​အ​မှန်​တ​ကယ်​ ​မီး​ရှို့​ရန်​ ​ဆုံး​ဖြတ်​ထား​ပြီး​ဖြစ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​

တယ်​ရီ​သည်​ ​န​ယူး​ယောက်​သို့​ ​သွား​ရောက်​ကာ​ ​ဗ​လီ​ဆောက်​လုပ်​ခွင့်​ ​ပိတ်​ပင်​ရေး​အ​တွက်​ ​တာ​ဝန်​ရှိ​သူ​များ​နှင့်​ ​ညှိ​နှိုင်း​ဆောင်​ရွက်​ရ​မည်​ဖြစ်​သည်​။​ ​လွန်​ခဲ့​သော​ ​၉​ ​နှစ်​က​ WTC​ ​အ​မြွာ​မျှော်​စင်​ ​အ​ဆောက်​အ​အုံ​နှစ်​ခု​အား​ ​အို​စ​မာ​ဘင်​လာ​ဒင်​ ​ညွှန်​ကြား​ချက်​ပေး​သည့်​ ​တာ​လီ​ဘန်​ ​အ​ကြမ်း​ဖက်​သ​မား​များ​က​ ​ခ​ရီး​သည်​တင်​ ​လေ​ယာဥ်​နှစ်​စင်း​အား​ ​အ​ပိုင်​စီး​ကာ​ ဝင်​တိုက်​ခဲ့​သော​ကြောင့်​ ​ပြို​ကျ​ပျက်​စီး​ခဲ့​ရ​သ​ည်​။​ ​ယင်း​ဖြစ်​စဥ်​အ​တွင်း​ ​လူ​ပေါင်း​ ​၂၈၀၀​ ​နီး​ပါး​ ​သေ​ဆုံး​ခဲ့​ပြီး​နောက်​ ​အ​မေ​ရိ​ကန်​ရှိ​ ​ခ​ရစ်​ယာန်​တို့​နှင့်​ ​မွတ်​ဆ​လင်​များ​ကြား​ ​ဆက်​ဆံ​ရေး​မှာ​ ​သိ​သိ​သာ​သာ​ ​ပြောင်း​လဲ​သွား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here