သွက်​ချာ​ပါ​ဒ​ ​ဝေ​ဒ​နာ​သည်​များ​ အ​တွက်​ ​အ​ကူ​အ​ညီ​ ဖြစ်​စေ​မည့်​ နည်း​လမ်း​ ​တီ​ထွင်​လျက်​ရှိ

alt

အ​မေ​ရိ​ကန်​နိုင်ငံ​မှ​ ​သု​တေ​သီ​များ​သည်​ စ​ကား​ပြော​ရန်​ ​ခက်​ခဲ​နေ​သည့်​ ​သွက်​ချာ​ပါ​ဒ​ ​ဝေ​ဒ​နာ​သည်​များ​အ​တွက်​ ​အ​ကူ​အ​ညီ​ ​ဖြစ်​စေ​မည့်​ ​နည်း​လမ်း​တစ်​မျိုး​ကို​ ​တီ​ထွင်​လျက်​ရှိ​ရာ​ ​အောင်​မြင်​မှု​များ​ ​ရ​ရှိ​နေ​ပြီ​ဟု​ ​သိ​ရ​သ​ည်​။​

​ယူ​တား​မှ​ ​သု​တေ​သီ​များ​သည်​ ဦး​နှောက်​မှ​ ​လှိုင်း​များ​ကို​ ​ဖမ်း​ယူ​ကာ​ ​စ​ကား​သံ​အ​ဖြစ်​ ​ထုတ်​လွှတ်​ပေး​မည့်​ ​နည်း​ပ​ညာ​ကို​ ​စမ်း​သပ်​လေ့​လာ​နေ​ရာ​ ​တိုး​တက်​မှု​များ​ ​ဖြစ်​ထွန်း​နေ​သည်​။​ ယင်း​သည်​ ​လက်​ရှိ​အ​ချိန်​တွင်​ ​လူ​တစ်ဦး​၏​ ဦး​နှောက်​မှ​ ​တွေး​ခေါ်​နေ​မှု​အား​ ​အ​သံ​အ​ဖြစ်​ ​ထုတ်​ပေး​ရာ​တွင်​ ​၅၀​ ​ရာ​ခိုင်​နှုန်း​သာ​ ​မှန်​ကန်​သေး​သော်​လည်း​ ​ပို​မို​ကောင်း​မွန်​အောင်​ ​ဆောင်​ရွက်​နိုင်​မည်​ဟု​ ​ပ​ညာ​ရှင်​များ​က​ ​ယုံ​ကြည်​နေ​သည်​။​

​မိ​မိ​တို့​သည်​ ​လူ​သား​များ​ ​နှစ်​ပေါင်း​ ​၅၀​ ​ကျော်​ ​သုံး​စွဲ​နေ​သည့်​ ​စက်​ပ​စ္စည်း​များ​ကို​ ​အ​ခြေ​ခံ​ပြီး​ ​ယ​ခု​နည်း​ပ​ညာ​ကို​ ​ဖန်​တီး​ခဲ့​ခြင်း​သာ​ဖြစ်​ကြောင်း​ ​ယူ​တား​တ​က္က​သိုလ်​မှ​ ​ဒေါက်​တာ​ဘ​ရက်​ဒ​လေ​ ​ဂ​ရီ​ဂျာ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ထို့​အ​ပြင်​ ​လက်​ရှိ​တီ​ထွင်​နေ​မှု​အ​ပေါ်​ ​ကြီး​ကြီး​မား​မား​ ​မျှော်​လင့်​ထား​ကြောင်း​လည်း​ ​ဂ​ရီ​ဂျာ​က​ဆို​သည်​။​

​လေ​ဖြတ်​ခြင်း​ကဲ့​သို့​ ​နာ​တာ​ရှည်​ ​ရော​ဂါ​များ​ ​ခံ​စား​နေ​ရ​ပြီး​ ​အ​လို​ဆ​န္ဒ​ကို​ ​ထုတ်​မ​ပြော​နိုင်​သည့်​ ​လူ​နာ​များ​အ​တွက်​ ​လက်​ရှိ​တီ​ထွင်​မှု​က​ ​အ​လွန်​အ​ကျိုး​ဖြစ်​ထွန်း​နိုင်​ဖွယ်​ ​ရှိ​နေ​သည်​။​ ဂ​ရီ​ဂျာ​နှင့်​ ​လုပ်​ဖော်​ကိုင်​ဖက်​ ​ပ​ညာ​ရှင်​များ​သည်​ ​မိုက်​က​ရို​ ​အ​လက်​ထ​ရုတ်​များ​ ​အ​သုံး​ပြု​ကာ​ ဦး​နှောက်​မှ​ ​စေ့​ဆော်​သည့်​ ​လှိုင်း​များ​ကို​ ​ဖမ်း​ယူ​ပုံ​ဖော်​ရန်​ ​စီ​စဥ်​ခဲ့​ခြင်းဖြစ်​သည်​။​ ​လက်​ရှိ​အ​ခါ​ ​ယင်း​တို့​သည်​ ​ဟုတ်​သည်​၊​ ​မ​ဟုတ်​ဘူး​၊​ ​ဗိုက်​ဆာ​သည်​၊​ ​ရေ​ဆာ​သည်​စ​သည့်​ ​ဖော်​ပြ​ချက်​များ​အ​တွက်​ ​စ​ကား​လုံး​ ​၁၀​ ​ခု​ကို​ ​စ​တင်​ပုံ​ဖော်​နေ​နိုင်​ပြီ​ဖြစ်​ကြောင်း​ သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here