ငါ​ဖမ်း​သ​င်္ဘော​​ ဖမ်း​ဆီး​ထား​မှု​ ​တ​ရုတ်​က​ ​ဂျ​ပန်​ကို​ ​အ​ရေး​ဆို​​ ကန့်​ကွက်

alt

တ​ရုတ်​နိုင်ငံ​ခြား​ရေး​ ​ဝန်​ကြီး​ဌာ​န​က​ ​မိ​မိ​နိုင်ငံ​မှ​ ငါး​ဖမ်း​သ​င်္ဘော​ ​တစ်​စင်း​အား​ ​ထိန်း​သိမ်း​ထား​မှု​အ​တွက်​ ​ဂျ​ပန်​နိုင်ငံ​ကို​ ​အ​ရေး​ဆို​ ​ကန့်​ကွက်​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည်​။​

စက်​တင်​ဘာ​ ​၈​ ​ရက်​နေ့​က​ ​ဝန်​ကြီး​ဌာ​န​ ​ထုတ်​ပြန်​ချက်​တွင်​ ​တ​ရုတ်​အ​ရှေ့​ပင်​လယ်​အ​တွင်း​ ​ဒိုင်​အို​ယူ​ ​ကျွန်း​စု​အ​နီး​ ​အ​ဖမ်း​ခံ​ရ​သည့်​ ငါး​ဖမ်း​သ​င်္ဘော​အား​ ​အ​မြန်​ဆုံး​ ​ပြန်​လွှတ်​ပေး​ရန်​ ​တောင်း​ဆို​ကြောင်း​လည်း​ ​ဖော်​ပြ​ထား​သည်​။​ ​တ​ရုတ်​ဒု​တိ​ယ​ ​နိုင်ငံ​ခြား​ရေး​ဝန်​ကြီး​ ​ဟူ​ဇီ​ဂူး​သည်​လည်း​ ​ဂျ​ပန်​သံ​အ​မတ်​ ​အူ​ချီ​ရို​နီ​ဝါ​နှင့်​ ​တွေ့​ဆုံ​ကာ​ ​တ​ရုတ်​နိုင်ငံ​အ​နေ​နှင့်​ ​ဂျ​ပန်​၏​ ​လုပ်​ဆောင်​ချက်​အား​ ​ကန့်​ကွက်​ကြောင်း​ ​သံ​တ​မန်​နည်း​အ​ရ​ ​အ​သိ​ပေး​ခဲ့​သည်​။​ ​ဟူ​က​ ​ဂျ​ပန်​အ​နေ​နှင့်​ ​သ​င်္ဘော​ရော​၊​ ​သ​င်္ဘော​သား​များ​ကို​ပါ​ ​ပြန်​လွှတ်​ပေး​ရန်​ ​၂၄​ ​နာ​ရီ​အ​တွင်း​ ​ဒု​တိ​ယ​ကြိမ်​မြောက်​ ​တောင်း​ဆို​လိုက်​ခြင်း​ဖြစ်​သည်​။​ ​ဂျ​ပန်​က​မူ​ ​သ​င်္ဘော​သည်​ ​အို​ကီ​နာ​ဝါ​အ​နီး​ ​အစ်​ရှီ​ဂါ​ကီ​ကျွန်း​အ​ထိ​ ​ရေ​ပိုင်​နက်​ ​ကျူး​ကျော်​ကာ​ ငါး​ဖမ်းခဲ့​ခြင်း​ကြောင့်​ ​ထိန်း​သိမ်း​ထား​ခြင်း​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​

​စက်​တင်​ဘာ​ ​၇​ ​ရက်​နေ့​က​ ​ဂျ​ပန်​ကင်း​လှည့်​ ​ရေ​ယာဥ်​နှစ်​စင်း​သည်​ ငါး​ဖမ်း​သ​င်္ဘော​အား​ ​ဖမ်း​ဆီး​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဖြစ်​စဥ်​အ​တွင်း​ ​တ​စုံ​တ​ရာ​ ​ထိ​ခိုက်​ဒဏ်​ရာ​ရ​မှု​ ​မ​ရှိ​ခဲ့​ကြောင်း​လည်း​ ​သိ​ရ​သည်​။​ ​ဂျ​ပန်​က​မူ​ ​မိ​မိ​၏​ ​ရေ​ပိုင်​နက်​ထဲ​သို့​ ​တ​ရုတ်ငါး​ဖမ်း​ ​သ​င်္ဘော​များ​ ​ကျူး​ကျော်​လာ​ခြင်း​ကို​ ​ပြန်​လည်​ကန့်​ကွက်​ထား​ပြီး​ ​တ​ရုတ်​အ​စိုး​ရ​အ​နေ​နှင့်​လည်း​ ​ထို​သို့​သော​ ​အ​ခြေ​အ​နေ​ကို​ စ​နစ်​တ​ကျ​ ​ထိန်း​သိမ်း​ပေး​ရန်​ ​တောင်း​ဆို​ထား​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here