အ​ဆိပ်​ပြင်း​ ​မြွေ​များ​နှင့်​​ ​၁၁၄​ ရက်​မြောက်​​ ​အ​တူ​နေ​ခဲ့​သည့်​​ ​ဗြိ​တိန်​ လူ​စွန့်​စား

alt

ဗြိ​တိန်​နိုင်ငံ​မှ​​ ​လူ​စွန့်​စား​တစ်ဦး​သည်​​ ​အ​ဆိပ်​ပြင်း​လှ​သည့်​​ ​မြွေ​များ​နှင့်​ ​တစ်​ခန်း​တည်း​​ ​အ​တူ​နေ​သည့်​ ​၁၁၄​​ ​ရက်​မြောက်​ ​နေ့​ကို​​ ​အောင်​မြင်​စွာ​ ​ဖြတ်​သန်း​နိုင်​ခဲ့​ပြီ​ဖြစ်​သည်​။​

The​ Sun​ ​သ​တင်း​ဌာ​န​က​​ ​လက်​သ​မား​ ​တစ်ဦး​ဖြစ်​သည့်​ အ​သက်​ ​၄၅​ ​နှစ်​အ​ရွယ်​ ​ဒေး​ဗစ်​ဂျံုး​သည်​ ​အ​လျား​ ​၅​ ​မီ​တာ​၊​ ​အ​နံ​ ​၄​ ​မီ​တာ​သာ​ရှိ​သည့်​ ​အ​ခန်းငယ်​လေး​ ​တစ်​ခု​တွင်​ အာ​ဖ​ရိ​က​မြွေ​နက်​ ​နှစ်​ကောင်​၊​ ​မြွေ​စိမ်း​နှစ်​ကောင်​၊​ ဆာ​ဟာ​ရ​ ​ဆင်​ပစ်​မြွေ​ ​၇​ ​ကောင်​၊​ အာ​ဖ​ရိ​က​မြွေ​ပွေး​ ​၂၇​ ​ကောင်​နှင့်​ ​မြွေ​ဟောက်​ ​၃​ ​ကောင်​တို့​ကို​ ​ထည့်​သွင်း​ကာ​ ​၄​ ​လ​ ​မျှ​ ​အ​တူ​နေ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ဩ​ဂုတ်​လ​ ​၂၄​ ​ရက်​နေ့​တွင်​ ၎င်း​သည်​ ​လက်​ရှိ​ ​က​မ္ဘာ့​စံ​ချိန်​ဖြစ်​သည့်​ ​၁၁၃​ ​ရက်​မြောက်​ ​နေ့​စွဲ​ကို​ ​အောင်​မြင်​စွာ​ ​ကျော်​ဖြတ်​နိုင်​ခဲ့​ပြီ​ဖြစ်​သည်​။​ ​သို့​သော်​လည်း​ ​ဂျံုး​က​မူ​ ၎င်း​၏​ ​အ​ဆိပ်​ပြင်း​ ​သ​တ္တ​ဝါ​များ​ကြား​ ​အ​န္တ​ရာယ်​ ​များ​လှ​သည့်​ ​စွန့်​စား​ခန်း​ကို​ ​လာ​မည့်​သီ​တင်း​ပါတ်​ထိ​ ဆက်​နေ​ရန်​ ​စီ​စဥ်​ထား​သည်​။​

၁၁၄​ ​ရက်​မြောက်​ ​နေ​ထိုင်​ပြီး​ ​စံ​ချိန်​ဟောင်း​ကို​ ​ချိုး​ဖြတ်​နိုင်​ခြင်း​သည်​ ​အ​လွန်​ကျေ​နပ်​ဖွယ်​ဖြစ်​ကြောင်း​၊​ ​မိ​မိ​သည်​ ​တတ်​နိုင်​သ​မျှ​ ​ကြာ​ကြာ​နေ​လို​သေး​ကြောင်း​၊​ ​အ​ခန်း​လေး​ထဲ​တွင်​ ​မြွေ​များ​နှင့်​အ​တူ​ ​နေ​ထိုင်​သည့်​အ​ခါ​ ​အ​သက်​ရှင်​ရန်​နှင့်​ ​စိတ်​တည်​ငြိမ်​ရန်​ ​ကြိုး​စား​ခဲ့​ရ​ကြောင်း​ ​ဂျံုး​က​ဆို​သည်​။​ ၎င်း​သည်​ ​ယင်း​သို့​သော​ ​စွန့်​စား​ခန်း​မျိုး​ကို​ ​ပြု​လုပ်​သည့်​ ​တစ်ဦး​တည်း​နှင့်​ ​ပ​ထ​မ​ဆုံး​ ဥ​ရော​ပ​တိုက်​သား​ဖြစ်​သည်​။​

​ယ​ခင်​က​ ​စံ​ချိန်​ဟောင်း​ကို​ ​တင်​ထား​သူ​မှာ​ ​​တောင်​အာ​ဖ​ရိ​က​သား​ ​နာ​တီ​ဆွတ်​ဖြစ်​ပြီး​ ၎င်း​သည်​ ​၂၀၀၉​ ​ခု​နှစ်​က​ ​ယင်း​စံ​ချိန်​အား​ ​ရ​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဆွက်​မှာ​ ​စု​စု​ပေါင်း​ ​၃​ ​ကြိမ်​ ​မြွေ​ကိုက်​ခံ​ခဲ့​ရ​သော်​လည်း​ ​ဂျံုးက​မူ​ ​လော​လော​ဆယ်​ထိ​ ​လေး​ကင်း​နေ​ဆဲ​ဖြစ်​ကြောင်း​နှင့်​ ​အ​ကိုက်​မ​ခံ​ရ​အောင်​ ​သ​တိ​ထား​သွား​မည်​ဟု​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here