ကို​ရန်​ကျမ်း​စာ​ကို​ ​မီး​ရှို့​မည့်​​ အ​စီ​အ​စဥ်​ ​ဂျို​လီ​​ ကန့်​ကွက်​​ ပြော​ကြား

alt

အိန်​ဂျယ်​လီ​နာ​ဂျို​လီ​က​ ​ကို​ရန်​ကျမ်း​စာ​ကို​ ​မီး​ရှို့​မည့်​ ​အ​စီ​အ​စဥ်​နှင့်​ ​ပတ်​သက်​ပြီး​ ကန့်​ကွက်​ပြော​ကြား​လိုက်​သည်​။​ ​ဖ​လော်​ရီ​ဒါ​ရှိ​ ​ခ​ရစ်​ယန်​ ​သင်း​အုပ်​ဆ​ရာ​ ​တစ်ဦး​က​ ​၂၀၀၁​ ​ခု​နှစ်​ WTC​ ​အ​ဆောက်​အ​အုံ​ ​အ​ကြမ်း​ဖက်​ ​တိုက်​ခိုက်​မှု​ကြီး​ ​ဖြစ်​ပွား​ခဲ့​ရာ​

​နှစ်​ပတ်​လ​ည်​နေ့​ဖြစ်​သည့်​ ​စက်​တင်​ဘာ​ ​၁၁​ ​ရက်​နေ့​တွင်​ ​မွတ်​ဆ​လင်​ ​ဘာ​သာ​ရေး​၏​ ​အ​ထွတ်​အ​မြတ်​ ​ကျမ်း​စာ​ကို​ ​မီး​ရှို့​ရန်​ ​စီ​စဥ်​ထား​ခြင်း​အ​ပေါ်​ ​ကန့်​ကွက်​သူ​များ​အ​နက်​ ​က​မ္ဘာ​ကျော်​ ​ဟော​လီးဝုဒ်​ ​မင်း​သ​မီး​လည်း​ ​ပါဝင်​လာ​ခဲ့​သည်​။​

မိ​မိ​အ​နေ​နှင့်​ ​စ​ကား​လုံး​ရွေး​ချယ်​ရန်​ ​ခက်​ခဲ​ကြောင်း​၊​ ​သို့​သော်​လည်း​ ​ကိုး​ကွယ်​ယုံ​ကြည်​မှု​ ​တစ်​ခု​အား​ ​စော်​ကား​ထိ​ပါး​မှု​ ​မ​ဖြစ်​သွား​စေ​လို​ကြောင်း​ ​ပါ​က​စ္စ​တန်​နိုင်ငံ​၊​ ​အ​စ္စ​လာမ်​မာ​ဘတ်​သို့​ ​ရေ​ဘေး​ဒု​က္ခ​သည်​များ​ ​ကူ​ညီ​ရေး​ Mission​အ​တွက်​ ​ရောက်​ရှိ​နေ​သည့်​ ​ဂျို​လီ​က​ ​ပြော​ဆို​သွား​သည်​။​ ​သင်း​အုပ်​ဆ​ရာ​ ​တယ်​ရီ​ဂျွန်​သည်​ ​ကို​ရန်​ကျမ်း​စာ​အုပ်​ကို​ ​မီး​ရှို့​မည်​ဟု​ ​ကြေ​ညာ​ထား​ခြင်း​အ​ပေါ်​ ​ကု​လ​သ​မ​ဂ္ဂ​ ​နှ​လုံး​လှ​ ​သံ​တ​မန်​တစ်ဦး​ဖြစ်​သော​ ​ဂျို​လီ​က​ ​အ​ဓိ​ပ္ပါယ်​မဲ့​ ​လုပ်​ရပ်​အ​ဖြစ်​ ​ယူ​ဆ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​သူ​မ​သည်​ ​ကိုယ်​တိုင်​တွေ့​ကြံု​ခဲ့​ရ​သည့်​ ​ပါ​က​စ္စတန်​ ​ဒု​က္ခ​သည်​များါ်​နှင့်​ ​ပတ်​သက်​ပြီး​ ​လူ​အ​များ​သည်​ ​အ​ရာ​အား​လုံး​ ​ဆုံး​ရှုံး​ခဲ့​ရှာ​ကြောင်း​၊​ ​အိမ်​များ​၊​ ​စည်း​စိမ်ဥ​စ္စာ​များ​၊​ ​ကျွဲ​နွား​အုပ်​များ​အ​ပြင်​ ​မိ​သား​စု​များ​ပါ​ ​ပါဝင်​ကြောင်း​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ဆို​သွား​ခဲ့​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here