အီရန်​တွင်​​ သေ​ဒဏ်​ကျ​ခံ​နေ​ရ​သော​​ အ​မျိုး​သ​မီး​အား​​ သက်​ညှာ​ခွင့်​ပေး​ရန်​​ ဗာ​တီ​ကန်​ တောင်း​ဆို

alt

ဗာ​တီ​ကန်​ ​နန်း​တော်​အ​နေ​နှင့်​​ အီ​ရန်​တွင်​ ​သေ​ဒဏ်​ကျ​ခံ​နေ​ရ​သော​​ အ​မျိုး​သ​မီး​အ​တွက်​​ သက်​ညှာ​ခွင့်​ပေး​ရန်​​ တောင်း​ဆို​သွား​ဖွယ်​ရှိ​ကြောင်း​​ သိ​ရ​သည်​။​

​ရို​မန်​ကက်​သ​လစ်​​ ခ​ရစ်​ယာန်​ဘာ​သာ​ရေး​၏​​ အ​ထွတ်​အ​မြတ်​ဖြစ်​သော​​ ပုပ်​ရ​ဟန်း​မင်း​ကြီး​သည်​​ လူ​မှု​ရေး​ ​ဖောက်​ပြန်​သည့်​အ​တွက်​​ ကျောက်​တုံး​များ​ဖြင့်​​ မ​သေ​မ​ချင်း​ ​ပစ်​ပေါက်​သတ်​ဖြတ်​ခြင်း​​ ခံ​ရ​မည်​ဟု​ စီ​ရင်​ချက်​ ​ချ​မှတ်​ခံ​ထား​ရ​သည့်​ ​ရှာ​ကီ​နာ​ ​မို​ဟာ​မေ​ဒီ​ ​အ​ရှာ​တီ​ယေ​နီ​အ​တွက်​ ​ကူ​ညီ​တောင်း​ဆို​သွား​ရန်​ ​စဥ်း​စား​နေ​ကြောင်း​ ​ဗာ​တီ​ကန်​ ​နန်း​တော်​က​ ​ကြေ​ညာ​ခဲ့​သည်​။​

​ရှာ​ကီ​နာ​သည်​ လွန်​ခဲ့​သော​ ​နှစ်​ပိုင်း​က​တည်း​က​ ​သေ​ဒဏ်​ချ​မှတ်​ခြင်း​ ​ခံ​ထား​ရ​သော်​လည်း​ ​အီ​ရန်​တ​ရား​ရေး​ဌာ​န​သည်​ ​ပြစ်​ဒဏ်​ကို​ တ​ရား​၀င်​ ​အ​တည်​မ​ပြု​သေး​ချေ​။​ ​ယင်း​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​ရှာ​ကီ​နာ​အား​ ​သေ​ဒဏ်​အ​ပြစ်​မ​ပေး​ရန်​ ​နိုင်ငံ​ပေါင်း​ ​အ​တော်​များ​များ​က​ ​အီ​ရန်​အ​စိုး​ရ​အား​ ​တိုက်​တွန်း​တောင်း​ဆို​ထားသည်​။​ ​ပုပ်​ရ​ဟန်း​မင်း​ကြီး​သည်​ ​ယ​ခု​ကိ​စ္စ​တွင်​ ​ရှာ​ကီ​နာ​၏​ ​အ​သက်​ကို​ ​ကယ်​တင်​ရေး​အ​တွက်​ ​အီ​တ​လီ​အ​စိုး​ရ​က​ပါ​ ​ပူး​ပေါင်း​ပါ​၀င်​ရန်​လည်း​ ​အ​ကူ​အ​ညီ​ ​တောင်း​ခံ​ထား​ကြောင်း​ ​သိ​ရ​သ​ည်​။​

ရှာ​ကီ​နာ​သည်​ ​ခင်​ပွန်းသည်​ ​သေ​ဆုံး​ပြီး​နောက်​ ​အ​မျိုး​သား​ ​နှစ်ဦး​နှင့်​ ​ကာ​မ​ဆက်​ဆံ​ခဲ့​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည့်​အ​တွက်​ ​၂၀၀၆​ ​ခု​နှစ်​က​ ​ကြိမ်​ဒဏ်​ ​၉၉​ ​ချက်​ ​ချ​မှတ်​ခံ​ခဲ့​ရ​ပြီး​ဖြစ်​သည်​။​ ​သူ​မ​သည်​ ​ခင်​ပွန်း​သည်​အား​ ​သတ်​ဖြတ်​ခဲ့​သည်​ဆို​သော​ ​တ​ရား​ခံ​ ​အ​မျိုး​သား​အား​ ​အ​ကူ​အ​ညီ​ ​ပေး​ခဲ့​သည်​ဟု​လည်း​ စွပ်​စွဲ​ခံ​ထား​ရ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here