တောင်​ကို​ရီး​ယား​​ နိုင်ငံ​ခြား​ရေး​ ဝန်​ကြီး​​ ရာ​ထူး​မှ​​ နှုတ်​ထွက်​စာ​တင်

alt

တောင်​ကို​ရီး​ယား​​ နိုင်ငံ​ခြား​ရေး​ ​ဝန်​ကြီး​ဖြစ်​သူ​​ ယူ​မြောင်​ဟွမ်​မှာ​ ​ဝေ​ဖန်​မှု​များ​ကြောင့်​​ နှုတ်​ထွက်​စာ​ ​တင်​ထား​လိုက်​ကြောင်း​​ သိ​ရ​သည်​။​​ ​စက်တင်​ဘာ​​ ၄​ ​ရက်​နေ့​က​ ​တ​ရား​ဝင် ထွက်​စာ​တင်​ခဲ့​သော​​ ဝန်​ကြီး​ဖြစ်​သူ​သည်​

၎င်း​၏​သ​မီး​အား​​ ဝန်​ကြီး​ဌာ​န​တွင်​ ​အ​လုပ်​ခန့်​ခဲ့​သည့်​အ​တွက်​​ ဆွေ​မျိုး​သား​ချင်း​​ ကောင်း​စား​အောင်​ ​ဘက်​လိုက်​ကြောင်း​ စွပ်​စွဲ​မှု​များ​ ​တွေ့​ကြံု​နေ​ရ​သည်​။​​ ယူ​၏​သ​မီး​မှာ​ ​ဝန်​ကြီး​ဌာ​န​​ လက်​အောက်​ခံ​ ​ကုန်​သွယ်​ရေး​​ ဗျူ​ရို​တွင်​ ​ကန်​ထ​ရိုက်​တာ​​ တစ်ဦး​အ​ဖြစ်​ ​လုပ်​ကိုင်​လျက်​ရှိ​သည်​။​​ ဝေ​ဖန်​မှု​များ​ ​မြင့်​တက်​လာ​ပြီး​နောက်​​ ယူ​ကိုယ်​တိုင်​ ​သ​မ္မ​တ​​ လီ​မြောင်​ဘက်​ထံ​သို့​​ နှုတ်​ထွက်​စာ​ ​တင်​ခဲ့​ပြီး​​ လူ​အ​များ​ကို​ ​တ​ရား​၀င် တောင်း​ပန်​ကြောင်း​နှင့်​​ သ​မီး​ဖြစ်​သူ​အား​ ​အ​လုပ်​မှ​​ ထုတ်​ပယ်​လိုက်​ပြီ​ဖြစ်​ကြောင်း​​ ကြေ​ညာ​ခဲ့​သည်​။​ ​သ​မ္မ​တ​၏​​ ပြော​ရေး​ဆို​ခွင့်​ရ​​ အ​မျိုး​သ​မီး​ ​ကင်​ယွန်​ဆန်း​က​​ ယူ​၏​နှုတ်​ထွက်​စာ​ကို​​ လက်​ခံ​ရ​ရှိ​ကြောင်း​​ အ​တည်​ပြု​ခဲ့​သော်​လည်း​​ သ​မ္မ​တ​အ​နေ​နှင့်​ ​မည်​သို့​ဆုံး​ဖြတ်​မည်​ကို​​ ပြော​ကြား​မ​သွား​ချေ​။​​

ယူ​က​ ​လူ​အ​များ​ ​သ​င်္ကာ​မ​ကင်း​စ​ရာ​​ ကိ​စ္စ​မျိုး​ ​ဖြစ်​သွား​ခြင်း​အ​တွက်​​ စိတ်​မ​ကောင်း​ကြောင်း​၊​​ ထို့​အ​တွက်​ ​မိ​မိအ​နေ​နှင့်​​ ရာ​ထူး​မှ​ ​နှုတ်​ထွက်​ရန်​​ ဆုံး​ဖြတ်​ခဲ့​ကြောင်း​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​သွား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here