န​ယူး​ဇီ​လန်င​လျင်​​ ပျက်​စီး​မှု​များ​အ​တွက်​​ အာ​မ​ခံ​ကြေး​​ ဒေါ်​လာ​ ​၁.​၂​​ ဘီ​လျံ​ ပေး​ချေ ရ​ဖွယ်

alt

န​ယူး​ဇီ​လန်​နိုင်ငံ​တွင်​​ လှုပ်​ခတ်​သွား​သော​ င​လျင်​ကြောင့်​​ ပျက်​စီး​မှု​များ​အ​တွက်​​ ဆုံး​ရှုံး​မှု​ ​အာ​မ​ခံ​ကြေး​​ အ​မေ​ရိ​ကန်​ဒေါ်​လာ​​ ၁.​၂​ ​ဘီ​လျံ​ထိ​ ​ပေး​ချေ​သွား​ရ​မည့်​​ အ​နေ​အ​ထားမျိုး​ ​ကြံု​နေ​ရ​ကြောင်း​​ သိ​ရ​သည်​။​

​ပ​စိ​ဖိတ်​တောင်​ပိုင်း​​ ကျွန်း​နိုင်ငံ​တွင်​​ စက်​တင်​ဘာ​ ​၄​ ​ရက်​နေ့​က​​ ပြင်း​အား​အ​ဆင့်​ ​၇​​ ရှိ​သော​ င​လျင်​ကြီး​​ လှုပ်​ရှား​သွား​ရာ​ ​နှစ်​ပေါင်း​​ ၈၀​ ​အ​တွင်း​ င​လျင်​ကြောင့်​​ နိုင်ငံ​သ​မိုင်း​တွင်​​ အ​ဆိုး​ရွား​ဆုံး​ ​ပျက်​စီး​မှု​များ​ကို​​ ဖြစ်​ပေါ်​စေ​ခဲ့​သည်​။​ င​လျင်​ဒဏ်​ကို​ ​အ​ဓိ​က​​ ခံ​ခဲ့​ရ​သော​ ​ခ​ရစ်​ချန်​မြို့​သည်​​ နိုင်ငံ​၏​ ​ဒု​တိ​ယ​အ​ကြီး​ဆုံး​​ မြို့​ကြီး​ဖြစ်​ပြီး​​ ယ​ခု​အ​ခါ​ ​မြို့​အ​တွင်း​ ​အ​ရေး​ပေါ်​ ​အ​ခြေ​အ​နေ​ ​ကြေ​ညာ​ထား​သ​လို​ ​ည​မ​ထွက်​ရ​ ​အ​မိန့်​ပါ​ ​ထုတ်​ပြန်​ထား​သည်​။​ ​သေ​ဆုံး​ကြောင်း​ ​သ​တင်း​ပေး​ပို့​မှု​များ​ ​မ​ရ​ရှိ​သည့်​တိုင်​ င​လျင်​ကြောင့်​ ​အ​ဆောက်​အ​အုံ​များ​ ​ပျက်​စီး​ခဲ့​သ​လို​ ​အိမ်​ခြေ​ ​၅၀၀​ ​ခန့်​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ထိ​ခိုက်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ထို့​အ​ပြင်​ ​ခ​ရစ်​ချန်​မြို့​တွင်​ ​လု​ယက်​မှု​များ​ ​ဖြစ်​ပေါ်​လာ​သည့်​အ​တွက်​ ​တ​ရားဥ​ပ​ဒေ​ ​စိုး​မိုး​မှု​အ​တွက်​ ​အ​လေး​ထား​ ​ဆောင်​ရွက်​ပေး​ရန်​လည်း​ ​ဝန်​ကြီး​ချုပ်​ ​ဂျွန်​ကီး​က​ ​တိုက်​တွန်း​ထား​သည်​။​ ​

ခ​ရစ်​ချန်​ ​ရဲ​တပ်​ဖွဲ့​သည်​ ​အ​ရေး​ပေါ်​ ​အ​ခြေ​အ​နေ​ ​ကြေ​ညာ​ထား​မှု​ကို​ ​စက်​တင်​ဘာ​ ​၈​ ​ရက်​နေ့​ထိ​ ​ရုတ်​သိမ်းဦး​မည်​ ​မ​ဟုတ်​ဟု​ ​ကြေ​ညာ​သည်​။​ ​ခ​ရစ်​ချန်​သည်​ ​လူ​ပေါင်း​ ​၃၄၀၀၀၀​ ​ကျော်​ ​နေ​ထိုင်​သည့်​ မြို့​တစ်​မြို့​လည်း​ဖြစ်​သည်​။​ ​ပ​စိ​ဖိတ်​ ​မီး​ကွင်း​ဒေ​သ​တွင်​ ​တည်​ရှိ​သော​ ​န​ယူး​ဇီ​လန်​သည်​ ​မ​ကြာ​ခ​ဏ​ င​လျင်​လှုပ်​မှု​များ​ ​ကြံု​ခဲ့​ဖူး​သော်​လည်း​ ​ကြီး​ကြီး​မား​မား​ ​ပျက်​စီး​ဆုံး​ရှုံး​မှု​များ​ ​ဖြစ်​ပေါ်​သည့်​ ​အ​ကြိမ်​အ​ရေ​အ​တွက်​ ​နည်း​ပါး​သေး​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here