ကင်း​ဘ​ရစ်​ တ​က္က​သိုလ်​၏​ ​အ​သက်​ အငယ်​ဆုံး​ ကျောင်း​သား​လေး

alt

၁၇၇၃​ ​ခု​နှစ်​နောက်​ပိုင်း​ ​ကင်း​ဘ​ရစ်​တ​က္က​သိုလ်​တွင်​ ​အ​သက်​အငယ်​ဆုံး​ ​ကျောင်း​သား​လေး​အ​ဖြစ်​ ​အာ​ရန်​ဖာ​နန်​ဒက်​က​ ​မှတ်​တမ်း​တင်​နိုင်​ခဲ့​သည်​။​ သ​င်္ချာ​ပ​ညာ​တွင်​ ​အ​ရွယ်​နှင့်​မ​လိုက်​အောင်​ ​ထူး​ချွန်​သော​ ​ပါ​ရ​မီ​ရှင်​လေး​သည်​ ​နှစ်​ပေါင်း​ ​၂၀၀​ ​ကျော်​အ​တွင်း​

​ကင်း​ဘ​ရစ်​၏​ ​အ​သက်​အငယ်​ဆုံး​ ​ကျောင်း​သား​ဖြစ်​လာ​သည်​။​ ​ယင်း​သည်​ ​ယ​ခု​မှ​ ​အ​သက်​ ​၁၅​ ​နှစ်​သာ​ ​ရှိ​သေး​သည်​။​ ​အာ​နန်​သည်​ ​ဖ​ခင်​ဖြစ်​သူ​ ​နေး​၏​ ​အ​ကူ​အ​ညီ​ဖြင့်​ ​အိမ်​တွင်​သာ​ ​ပ​ညာ​သင်​ကြား​ခဲ့​သည်​။​ ၎င်း​သည်​ ​အောက်​တို​ဘာ​လ​တွင်​ ​တ​က္က​သိုလ်​ ​လက်​အော​က်​ခံ​ ​ဖစ်​ဝီ​လီ​ယမ်​ ​ကော​လိပ်​တွင်​ ​သ​င်္ချာ​ဘွဲ့​အ​တွက်​ ​ကျောင်း​စ​တက်​တော့​မည်​ဖြစ်​သည်​။​ ​၁၇၇၃​ ​ခု​နှစ်​က​ ​၁၄​ ​နှစ်​သား​လေး​ ​ဝီ​လီ​ယမ်​ပစ်​ ​ကင်း​ဘ​ရစ်​တ​က္က​သိုလ်​ ​တက်​ခွင့်​ရ​ခဲ့​ပြီး​နောက်​ပိုင်း​ ​အာ​နန်​သည်​ ​အ​သက်​အငယ်​ဆုံး​ ​ကျောင်း​သား​ဖြစ်​သည်​။​ ​အာ​နန်​က​ ၎င်း​သည်​ ​ဘွဲ့​ရ​ပြီး​ပါ​က​ ​တ​က္က​သိုလ်​တွင်​ ​ဆ​ရာ​ပြန်​လုပ်​ရန်​ ​ရည်​ရွယ်​ထား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​ယင်း​က​ ​ကင်း​ဘ​ရစ်​ ​တ​က္က​သိုလ်​သို့​ ​သွား​ရောက်​ပ​ညာ​သင်​ကြား​ရ​မည့်​ ​အ​ခွင့်​အ​ရေး​အ​တွက်​ စိတ်​လှုပ်​ရှား​မိ​ကြောင်း​လည်း​ ​ဝန်​ခံ​ခဲ့​သည်​။​

​အာ​နန်​သည်​ ​ကင်း​ဘ​ရစ်​တွင်​ ​တက်​ရောက်​ခွင့်​အ​တွက်​ ​နာ​မည်​ဆိုး​ဖြင့်​ ​ကျော်​ကြား​လှ​သော​ ​အင်​တာ​ဗျူး​ ​အ​စီ​အ​စဥ်​ကို​ ​ကျော်​ဖြတ်​ခဲ့​ရ​သည်​။​ ​အာ​နန်​သည်​ ​အ​သက်​အ​ရွယ်​ကြောင့်​ ​ကျောင်း​တွင်​ကျင်း​ပ​သည့်​ ​အ​သောက်​အ​စား​ပါ​ဝင်​သော​ ​ပါ​တီ​ပွဲ​များ​သို့​မူ​ ​တက်​ရောက်​ခွင့်​ ​ရ​မည်​မ​ဟုတ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here