​ချစ်​သူ​ဟောာင်း​နှင့်​ပုံ​စံ​တူ​ လိင်​ ဖျော်​ဖြေ​မှု​ ​အ​ရုပ်​ ပြု​လုပ်​ထား​သည့်​ ​အီ​တ​လီ​လူ​မျိုး​ ​အ​ရုပ်​ ပ​ညာ​ရှင်

alt

လူ​တစ်ဦး​သည်​ ၎င်း​အား​ ​စွန့်​ပစ်​သွား​သည့်​ ​ချစ်​သူ​ဟောင်း​နှင့်​ ​ပုံ​စံ​တူ​ ​လိင်​ဖျော်​ဖြေ​မှု​ ​အ​ရုပ်​တစ်​ခု​အား​ ​ပြု​လုပ်​ထား​ကြောင်း​ ​သိ​ရ​သည်​။​​ အီ​တ​လီ​လူ​မျိုး​ ​အ​ရုပ်​ပြု​လုပ်​သည့်​ ​ပ​ညာ​ရှင်​ ​ဒိုင်​ဂို​ဘို​တို​လင်​က​ ၎င်း​သည်​ ​အ​ရုပ်​ကို​ ​မှာ​ယူ​သည့်​ ချစ်​သူ​ဟောင်း​၏

​ ​ပုံ​စံ​အ​တိုင်း​ ​ဖန်​တီး​​ပေးထား​ပြီး​ ​ရင်​သား​ကို​မူ​ ​ပို​ကြီး​အောင်​ ​ပြု​လုပ်​ထား​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ဘို​တို​လင်​က​ ​မှာယူ​သူ​မှာ​ ​အ​သက်​ ​၅၀​ ​အ​ရွယ်​ ​စီး​ပွား​ရေး​ ​လုပ်ငန်း​ရှင်​ ​တစ်ဦး​ဟု​ ​ပြော​ဆို​ခဲ့​သော်​လည်း​ ​အ​မည်​ကို​မူ​ ​ဖော်​ထုတ်​ခဲ့​ခြင်း​ ​မ​ရှိ​ချေ​။​ ​ထို​သူ​သည်​ ​လူ့​အ​ရွယ်​အ​စား​အ​တိုင်း​ရှိ​ပြီး​ ​လူ့​အ​သား​အ​ရေ​နှင့်​ ​အ​လွန်​ဆင်​တူ​သည့်​ ​အ​ရုပ်​အ​တွက်​ ​ဒေါ်​လာ​ ​၁၈၀၀၀​ ​အ​ကုန်​အ​ကျ​ခံ​ ​မှာ​ယူ​ထား​ခြင်း​ဟု​ ​သိ​ရ​သည်​။​

​ဘို​တို​လီ​သည်​ ​အီ​တ​လီ​နိုင်ငံ​၊​ ​ထ​ရီ​ဗီ​ဆို​မြို့​တွင်​ ​အ​ရုပ်​အ​ရောင်း​ဆိုင်​ ​ဖွင့်​ထား​သူ​ဖြစ်​သည်​။​ ၎င်း​၏​ ​လက်​ရာ​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​ရုပ်​မ​သည်​ ​ပြံုး​နေ​သော​ မိန်း​မ​ချော​ဖြစ်​ပြီး​ ​ကိုယ်​လုံး​ကိုယ်​ပေါက်​မှာ​ ​စွဲ​မက်​စ​ရာ​ဖြစ်​ကြောင်း​ ​ဘိုတို​လီ​က​ ​ညွှန်း​ဆို​ခဲ့​သည်​။​ ၎င်း​က​ ​သာ​မန်​အား​ဖြင့်​ ​အ​ရုပ်​များ​ကို​ ​ဒေါ်​လာ​ ​၅၀၀၀​ ​ဝန်း​ကျင်​ဖြင့်​ ​ပြု​လုပ်​ပေး​သော်​လည်း​ ​အ​ထူး​သီး​သန့်​ ​မှာ​ယူ​သည့်​ ​အ​ရုပ်​ဖြစ်​သ​ဖြင့်​ ​လေး​ဆ​နီးပါး​ ​ေ​ဈး​ပို​ယူ​ခဲ့​ခြင်း​ဟု​ ​ရှင်း​ပြ​သွား​သည်​။​

​အ​ရုပ်​သည်​ ​ပုံ​စံ​တူ​ ​ဖန်​တီး​ထား​သည့်​ ​အ​မျိုး​သ​မီး​၏​ ​သွား​များ​၊​ ​လက်​သည်း​များ​ပါ​ ​တ​ထေ​ရာ​ထဲ​တူ​ကြောင်း​ ​သိ​ရ​သည်​။​ ​ယင်း​အ​ရုပ်​သည်​ ​၅၈​ ​ကီ​လို​ဂ​ရမ်​လေး​ပြီး​ ​၁.​၆​ ​မီ​တာ​ ​အ​ရပ်​မြင့်​သည်​။​ ​ဘို​တို​လီ​က​ ​အ​ရုပ်​ကို​ ​ညင်​သာ​ပျော့​ပြောင်း​စွာ​ ​ကိုင်​တွယ်​နိုင်​ပြီး​ ​လူ​တစ်ဦး​ ​ပြု​လုပ်​နိုင်​သည့်​ ​ကိုယ်​နေ​ဟန်​ထား​အား​လုံး​သို့​ ​အ​လွယ်​တ​ကူ​ ​ပြောင်း​လဲ​နိုင်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ၎င်း​မြင်​ဖူး​သ​မျှ​အ​နက်​ ​ထို​အ​ရုပ်​သည်​ ​အ​မျိုး​သား​တစ်ဦး​အ​တွက်​ ​အ​ပြည့်​စုံ​ဆုံး​ ​ချစ်​သူ​တစ်​ယောက်​ဖြစ်​ကြောင်း​လည်း​ ​ဘို​တို​လီ​က​ ​မှတ်​ချက်​ပြု​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here