လုပ်​ပွဲ​ဆိုင်​ရာ​ ​အ​ရှုပ်​တော်​ပုံ​တွင်​ ​ပါဝင်​ပတ်​သက်​နေသည့် ​ပါ​က​စ္စ​တန်​ ​ခ​ရစ်​ကတ်​သ​မားများ

alt

လုပ်​ပွဲ​ဆိုင်​ရာ​ ​အ​ရှုပ်​တော်​ပုံ​များ​အ​တွက်​ ​စွပ်​စွဲ​မှု​ ​ကြံု​နေ​ရ​သည့်​ ​ပါ​က​စ္စ​တန်​ ​လက်​ရွေး​စင်​ ​ခ​ရစ်​ကတ်​ ​က​စား​သ​မား​ ​သုံးဦး​အ​နက်​ ​တစ်ဦး​၏​ ​ချစ်​သူ​​ဟောင်းက​ ​သူ​မ​သည်​ ​အ​ဆို​ပါကိ​စ္စ​ကို​ ​ယ​ခင်​က​တည်း​က​ ​သံ​သ​ယ​ရှိ​ခဲ့​ကြောင်း​ ​ထုတ်​ဖော်​ပြော​ကြား​ခဲ့​သည်​။​

​မင်း​သ​မီး​ ​တစ်ဦး​လည်း​ဖြစ်​သည့်​ ​ဗီ​နာ​မာ​လစ်​က​ ​သူ​မ​၏​ချစ်​သူ​ဟောင်း​ မို​ဟာ​မက်​ ​အာ​ဆစ်​သည်​ ​လုပ်​ပွဲ​ဆိုင်​ရာ​ ​အ​ရှုပ်​အ​ထွေး​မျိုး​ ​ပြု​လုပ်​နေ​သည်​ကို​ ​သူ​မ​နှင့်​ ​တွဲ​နေ​စဥ်​အ​တွင်း​ ​မ​ကြာ​ခ​ဏ​ ​သ​တိ​ပြု​မိ​ခဲ့​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​ ​ဗီ​နာ​၏​ ​မန်​နေ​ဂျာ​က​လည်း​ ​မင်း​သ​မီး​သည်​ ​နိုင်ငံ​တ​ကာ​ ​ခ​ရစ်​ကတ်​ကောင်​စီ​မှ​ ​တာ​ဝန်​ရှိ​သူ​များ​နှင့်​ ​သွား​ရောက်​တွေ့​ဆုံ​ကာ​ ​သိ​ရှိ​သ​မျှ​ ​ထွက်​ဆို​ခဲ့​ကြောင်း​ ​ပြော​ကြား​ထား​သည်​။​ ​အ​ဆာစ်​နှင့်​ ​အ​ခြား​အ​သင်း​ဖော်​ ​နှစ်ဦး​ဖြစ်​သည့်​ ​ဆယ်​မန်​ဘွတ်​နှင့်​ ​မို​ဟာ​မက်​အာ​မီ​တို့​သည်​ ​လုပ်​ပွဲ​က​စား​ရန်​ ​စီ​စဥ်​ထား​ကြောင်း​ ​စွပ်​စွဲ​မှု​များ​ ​ခံ​ခဲ့​ရ​ပြီး​နောက်​ ​အ​င်္ဂလန်​တွင်​ ​သွား​ရောက်​ပြိုင်​ပွဲ​ဝင်​နေ​သည့်​ ​ပါ​က​စ္စ​တန်​ ​ခ​ရစ်​ကတ်​အ​သင်း​မှာ​ ​နာ​မည်​ပျက်​ခဲ့​ရ​သည်​။​

​နည်း​ပြ​ ​ယာ​ဝါ​ဆာ​အီ​သည်​ အ​င်္ဂလန်​နှင့်​ပွဲ​တွင်​ ​လုပ်​ပွဲ​က​စား​ရန်​ ​စီ​စဥ်​ခဲ့​သည်​ဆို​သော​ ​က​စား​သ​မား​ ​၃​ ဦး​အား​ ​ထုတ်​ပယ်​ခြင်း​ ​မ​ပြု​သော်​လည်း​ ​ပြိုင်​ပွဲ​ကြီး​တစ်​ခု​လုံး​ ​ပြီး​ဆုံး​ချိန်​ထိ​ ​ပါ​ဝင်​ခွင့်​ ​မ​ပြု​ရန်​ ​ဆုံး​ဖြတ်​ခဲ့​သည်​။​ ဗီ​နာ​က​ ​အာ​ဆစ်​သည်​ ​အိ​န္ဒိ​ယ​သား​တစ်ဦး​နှင့်​ ​ဖုန်း​အ​တွင်း​မှ​ Message ​များ​ ​ပေး​ပို့​ကာ​ ​အ​ဆက်​အ​သွယ်​များ​ ​ပြု​လုပ်​ခဲ့​ကြောင်း​ ​ပြော​ကြား​ထား​သည်​။​ ​ယ​ခု​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ဗြိ​တိန်​မြေ​တွင်​ အား​က​စား​နှင့်​ ​ဆက်​နွယ်​သည့်​ ​မ​ရိုး​သား​သော​ ​လောင်း​က​စား​မှု​များ​​ ​ပေါ်​ပေါက်​လာ​သည့်​အ​တွက်​ ​စ​ကော့​တ​လန်​ယက်ဒ်​ ​စုံ​ထောက်​အ​ဖွဲ့​အား​ ​ကူ​ညီ​စုံ​စမ်း​ရန်​ ​တောင်း​ဆို​မှု​များ​လည်း​ ​ရှိ​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here