ဝန်​ကြီး​ဌာ​န​​ ကွန်​ပျူ​တာ​သုံး​ပြီး​ ​လောင်း​က​စား​နှင့်​ ​ညစ်​ညမ်း​​ ဝက်​ဆိုက်​များ​ ​ဝင်​ရောက်​​ ခဲ့​သူ​ ရာ​ထူး​မှ​​ နှုတ်ထွက်​ရ

alt

ဩ​စ​တြေး​လျ​နိုင်ငံ​၊​ ​န​ယူး​ဆောက်​​ ဝေး​ပြည်​နယ်​ ​ဆိပ်​ကမ်း​နှင့်​ ​ရေ​လမ်း​ခ​ရီး​ဌာ​န​ ​ဝန်​ကြီး​​သည်​ ​ဌာ​န​ပိုင်​ ​ကွန်​ပျူ​တာ​ ​တစ်​လုံး​ကို​ ​အ​သုံး​ပြု​ပြီး​ ​လောင်း​က​စား​နှင့်​ ​ညစ်​ညမ်း​ဝက်​ဆိုက်​များ​အား​ ​ဝင်​ရောက်​ကြည့်​ရှု​ခဲ့​​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ပြီး​နောက်​ ​

ရာ​ထူး​မှ​ ​နှုတ်​ထွက်​သွား​ရ​ကြောင်း​ ​သိ​ရ​သည်​။​ ​ပေါ​မက်​လီ​ယေး​ ​နှုတ်​ထွက်​မှု​ ​သ​တင်း​ကို​ ​ပြည်​နယ်​ဝန်​ကြီး​ချုပ်​ ​ခ​ရစ်​စ​တီး​နား​ ​ကန်​နယ်​လီ​က​ ​စက်​တင်​ဘာ​ ​၁​ ​ရက်​နေ့​က​ ​အ​တည်​ပြု​ ​ကြေ​ညာ​ခဲ့​သည်​။​ ဝန်​ကြီး​တစ်ဦး​အ​နေ​နှင့်​ ​ပြည်​သူ့​အ​ခွန်​ဖြင့်​ ​ဝယ်​ယူ​ထား​သော​ ​ဌာ​န​ပိုင်​ ​ပ​စ္စည်း​များ​ကို​ ​မ​လျော်​ကန်​သော​ ​အ​ခြေ​အ​နေ​မျိုး​ဖြင့်​ ​သုံး​စွဲ​ခြင်း​မှာ​ ​လက်​ခံ​နိုင်​စ​ရာ​ ​မ​ဟုတ်​ကြောင်း​ ​ကန်​နယ်​လီ​က​ဆို​သည်​။​ ​ကန်​နယ်​လီ​က​ ​သူ​မ​အ​နေ​နှင့်​ ​မက်​လီ​ယေး​အား​ ​နှုတ်​ထွက်​ရန်​ ​တောင်း​ဆို​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ယ​ခု​ကိ​စ္စ​အ​တွက်​ ​စိတ်​မ​ကောင်း​ကြောင်း​၊​ ​သို့​သော်​လည်း​ ​အ​ခြေ​အ​နေ​တိုင်း​ကို​ ​ရှင်း​ရှင်း​လင်း​လင်း​ ​ကိုင်​တွယ်​ရ​မည်​သာ​ဖြစ်​ပြီး​ ​ပြည်​နယ်​​ အုပ်​ချုပ်​ရေး​ ​အ​ဖွဲ့​အ​ပေါ်​ ​ပြည်​သူ့​ယုံ​ကြည်​မှု​ ​ပျက်​ပြား​ခြင်း​ကို​ ​လက်​မ​ခံ​နိုင်​ကြောင်း​ ​ကန်​နယ်​လီ​က​ ​ပြော​ဆို​ခဲ့​သည်​။​

​မက်​လီ​ယေး​သည်​ ​ရုံး​သုံး​ PC​​ ကွန်​ပျူ​တာ​ ​တစ်​လုံး​မှ​ ​မ​ဖွယ်​မ​ရာ​ ​ဝက်​ဆိုက်​များ​ ​ဝင်​ရောက်​ကြည့်​ရှု​ခဲ့​ကြောင်း​ ​လက်​ဆုပ်​လက်​ကိုင်​ ​ဖော်​ထုတ်​နိုင်​ခဲ့​ပြီး​နောက်​ ​အ​ကြီး​အ​ကျယ်​ ​ဝေ​ဖန်​မှု​များ​ ​ခံ​ခဲ့​ရ​သည်​။​ ၎င်း​၏​ ​နှုတ်​ထွက်​သွား​သော​ ​ရာ​ထူး​နေ​ရာ​ကို​ ​မ​ကြာ​မီ​ ​အ​စား​ထိုး​ခန့်​အပ်​မည်​ဟု​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here