ခေါင်း​ကို​​ ​သေနတ်​​ ထိ​မှန်​ခဲ့​ဖူး​ကြောင်း​​ ​၅​ ​နှစ်​အ​ကြာ​မှ​​ ​သိ​ရ​သည့်​​ ​ပို​လန်​သား

alt

ဂျာ​မ​နီ​နိုင်ငံ​တွင်​​ ​နေ​ထိုင်​သူ​ ​ပို​လန်​သား​ တစ်ဦး​သည်​ ​ခေါင်း​ကို​ ​သေ​နတ်​မှန်​ခဲ့​ဖူး​ကြောင်း​ ​၅​ ​နှစ်​အ​ကြာ​တွင်​ ​သိ​ရှိ​သွား​ပြီ​ဖြစ်​သည်​။​ ​၎င်း​သည်​ ​လွန်​ခဲ့​သည့်​ ​၅​ ​နှစ်​က​ ​နှစ်​သစ်​ကူး​ပွဲ​တွင်​ ​ခေါင်း​အား​ ​တ​စုံ​တ​ခု​ ​ထိ​မှန်​ခဲ့​ဖူး​သည်​ကို​ ​

အ​မှတ်​ရ​ခဲ့​သော်​လည်း​ ​ထို​အ​ရာ​သည်​ .​၂၂​ ​ကာ​လီ​ဘ​ရီ​ ​ကျည်​ဆန်​တစ်​ခု​ ​ဖြစ်​နေ​ကြောင်း​ ​မ​တော်​တ​ဆ​ ​တွေ့​ရှိ​ခဲ့​သည့်​ ​ဆ​ရာ​ဝန်​များ​မှာ​မူ​ ​ခြောက်​ခြား​တုန်​လှုပ်​ခဲ့​ရ​သည်​။​

​ရဲ​များ​က​ ​နှစ်​သစ်​ကူး​ ​မီး​ရှူး​မီး​ပန်း​များ​ ​ဖောက်​ခွင့်​ပြု​ထား​ချိန်​တွင်​ ​ပစ်​လိုက်​သည့်​ ​သေ​နတ်​မှ​ ကျည်​ဆန်​တစ်​ခု​က​ ​အ​သက်​ ​၃၅​ ​နှစ်​ရှိ​ ​အ​မည်​မ​ဖော်​ပြ​သူ​ ​ပု​ဂ္ဂိုလ်​အား​ ​တည့်​တည့်​မှန်​ခဲ့​ခြင်း​ ​ဖြစ်​နိုင်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ၎င်း​သည်​ ​နှစ်​သစ်​ကူး​တွင်​ ​ခေါင်း​ကို​ တစ်​ခု​ခု​ ​ထိ​မှန်​ခဲ့​ကြောင်း​ ​အ​မှတ်​ရ​သော်​လည်း​ ​၂၀၀၄​ ​လား​၊​ ​၂၀၀၅​ ​လား​ ​အ​သေ​အ​ချာ​ ​မ​မှတ်​မိ​တော့​ဟု​ဆို​သည်​။​

​အ​နောက်​ပိုင်း​ ​စက်​မှု​မြို့​ဖြစ်​သည့်​ ​ဟန်း​တွင်​ ​နေ​ထိုင်​သည့်​ ​ပု​ဂ္ဂိုလ်​၏​ ဦး​ခေါင်း​မှ​ ​ကျည်​ဆန်​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​ခြား​ ​ရာ​ဇ​ဝတ်​မှု​ ​တစ်​ခု​ခု​နှင့်​ ​ဆက်​စပ်​ခြင်း​ ​ရှိ​မ​ရှိ​ကို​ ​ပ​ညာ​ရှင်​များ​က​ ​စုံ​စမ်း​သွား​မည်​ဟု​ဆို​သည်​။​ သို့​သော်​လည်း​ ​ကာ​လ​ကြာ​ပြီ​ ​ဖြစ်​သ​ဖြင့်​ ​ပစ်​ခတ်​ခဲ့​သော​ ​လက်​သည်​ကို​ ​ရှာ​နိုင်​ရန်​ ​ရာခိုင်​နှုန်း​ ​အ​လွန်​နည်း​ကြောင်း​လည်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here