ဖာ​ရာ​ရီ​ကု​မ္ပ​ဏီ​​၏​ ​စူ​ပါပြိုင်​ကား​များ​ ပြန်​လည်​ သိမ်း​ဆည်း

alt

ဖာ​ရာ​ရီ​ကု​မ္ပ​ဏီ​သည်​ အီ​တ​လီ​နိုင်ငံ​ရှိ​ ၎င်း​တို့​ရောင်း​ချ​ထား​သည့်​ ​စူ​ပါ​ပြိုင်​ကား​များ​အား​ ​ပြန်​လည်​သိမ်း​ယူ​ခဲ့​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည်​။​ ​နိုင်ငံ​အ​တွင်း​ ​စူ​ပါ​ကား​ ​၁၂၄၈​ ​စင်း​ ​ရောင်း​ချ​ထား​ရာ​ ​၄၅၈​ စင်း​အား​ ​ပြန်​လည်​သိမ်း​ဆည်း​ခဲ့​ခြင်း​ဖြစ်​သည်​။​

​နိုင်ငံ​အ​ချို့​တွင်​ ​အ​ဆို​ပါ​ ​ဇိမ်​ခံ​ကား​များ​မှ​ ​မီး​လောင်​မှု​ဖြစ်​ပွား​ကြောင်း​ ​သ​တင်း​ပေး​ပို့​မှု​ ​၅​ ​ကြိမ်​ထိ​ ​လက်​ခံ​ရ​ရှိ​ပြီး​နောက်​ ​ပြန်​လည်​စီ​စစ်​ ​ပြင်​ဆင်​မှု​များ​ ​ပြု​လုပ်​ရန်​ ​က​မ္ဘာ​ကျော်​ ​အီ​တ​လီ​ ​မော်​တော်​ယာဥ်​ လုပ်ငန်း​ကြီး​က​ ​ဆုံး​ဖြတ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဖာ​ရာ​ရီ​သည်​ ​ယင်း​ကား​များ​ကို​ ​တစ်​စင်း​လျင်​ ​ယူ​ရို​ ​၁၉၇၀၀၀​ ​မျှ​ဖြင့်​ ​ေ​ဈး​နှုန်း​ကြီး​မြင့်​စွာ​ ​ရောင်း​ချ​ခဲ့​ပြီး​ ​အ​မေ​ရိ​ကန်​၊​ ​ဆွစ်​ဇာ​လန်​၊​ ​တ​ရုတ်​နှင့်​ ​ပြင်​သစ်​တို့​တွင်​ ​မီး​လောင်​မှု​များ​ ​ဖြစ်​ပွား​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

​ဖာ​ရာ​ရီ​ ​ကု​မ္ပ​ဏီ​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​ ​စ​တီ​ဖာ​နို​လိုင်​က​ ​ဖာ​ရာ​ရီ​သည်​ ​၂၀၁ဝ​ ​ခု​နှစ်​၊​ ​ဇူ​လိုင်​လ​ ​မ​တိုင်​မီ​ ​ဝယ်​ယူ​ခဲ့​သည့်​ ​ယာဥ်​ပိုင်​ရှင်​ ​၁၂၄၈​ ဦး​အား​ စက်​ပိုင်း​ဆိုင်​ရာ​ ​လို​အပ်​သော​ ​ပြန်​လည်​ပြင်​ဆင်​မှု​များ​ ​အ​လှ​ည့်​ကျ​ ​ပြု​လုပ်​ပေး​သွား​မည်​ဟု​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here