ဇ​နီး​သည်​ကွယ်​ရာ​တွင်​​ ခြေ​ရှုပ်​ခဲ့​သ​ည့်​​ ဝိန်း​ရွန်​နီ​​ အ​ကြီး​အ​ကျယ်​​ ဘေး​ကြပ်​​ နံ​ကြပ်​ဖြစ်

alt

ဝိန်း​ရူ​နီ​တစ်​ယောက်​​ ဇ​နီး​သည်​ ​ကွယ်​ရာ​တွင်​​ ခြေ​ရှုပ်​ခဲ့​မှု​ ​ဘူး​ပေါ်​သ​လို​​ ပေါ်​လာ​ပြီး​နောက်​ ​အ​ကြီး​အ​ကျယ်​​ ဘေး​ကြပ်​နံ​ကြပ်​ ​ဖြစ်​နေ​ကြောင်း​​ သိ​ရ​သည်​။​

​အ​င်္ဂင်္လန်​​ လက်​ရွေး​စင်​လည်း​ဖြစ်​သည့်​​ မန်​ချက်​စ​တာ​ ​ယူ​နိုက်​တက်​​ တိုက်​စစ်​မှူး​သည်​ ​ယ​ခု​နှစ်​အ​တွင်း​​ သားဦး​လေး​ ​ကိုင်​ဝိန်း​ကို​​ ရ​ရှိ​ထား​သည်​။​ ၎င်း​သည်​​ ဇ​နီး​သည်​ကော​လင်း​ ​ကိုင်​ဝိန်း​၏​​ ကိုယ်​ဝန်​ကို​ ​ဆောင်​ထား​ချိန်​တွင်​​ မိ​မိ​ကို​ ​အ​ခ​ပေး​​ ပျော်​ပါး​ခဲ့​ကြောင်း​​ အ​မျိုး​သ​မီး​ ​တစ်ဦး​က​​ ဝန်​ခံ​ပြော​ကြား​လိုက်​သည်​။​​ ပြည့်​တန်​ဆာ​ ​အ​လုပ်​ဖြင့်​​ အ​သက်​မွေး​နေ​သည့်​ ​ဂျင်​နီ​ဖာ​​ သော်​မ​ဆင်​က​ ​သန်း​ကြွယ်​သူ​ဌေး​​ ဘော​လုံး​သ​မား​နှင့်​​ ကာ​စီ​နို​ရုံ​ ​တစ်​ခု​တွင်​​ တွေ့​ဆုံ​ခဲ့​ပြီး​နောက်​​ ၄​ ​လ​အ​တွင်း​ ​၇​​ ကြိမ်​မျှ​ ​ဟို​တယ်​တစ်​ခု​တွင်​​ ချိန်း​ဆို​တွေ့​ဆုံ​ခဲ့​ကြောင်း​​ ဝန်​ခံ​ပြော​ကြား​ခဲ့​သည်​။​ Sunday​ Mirror​နှင့်​ ​အင်​တာ​ဗျူး​တွင်​​ သူ​မ​သည်​ ​ရူ​နီ​ထံ​မှ​​ တစ်​ကြိမ်​လျင်​ ​ပေါင်​​ ၁၂၀၀​ ​ခန့်​ ​ရ​ရှိ​ခဲ့​ကြောင်း​​ ဂျင်​နီ​ဖာ​က​ ​ဖော်​ကောင်​လုပ်​ခဲ့​သည်​။​ Sunday​ Mirror​သည်​ ​ရူ​နီ​နှင့်​​ ကော​လင်း​တို့​ ​ချစ်​သူ​များ​​ ဘ​ဝ​က​ ​ရူ​နီ​တစ်​ယောက်​​ အ​သက်​ကြီး​ကြီး​ ​မိန်း​မ​တစ်ဦး​နှင့်​​ ဇာတ်​ရှုပ်​ခဲ့​ခြင်း​အား​လည်း​​ ဖော်​ထုတ်​ခဲ့​ဖူး​သည်​။​

ဂျင်​နီ​ဖာ​က​ ​ရူ​နီ​နှင့်​​ သူ​မ​သည်​ ​ည​က​လပ်​များ​၊​​ က​ပွဲ​များ​နှင့်​ ​ကာ​စီ​နို​ပွဲ​များ​သို့​ပင်​​ အ​တူ​သွား​ရောက်​ဖူး​ကြောင်း​နှင့်​ Skype​၊​ Text​ Message​များ​မှ​တ​ဆင့်​​ ရူ​နီ​က​ သူ​မ​အား​ ​ဆက်​သွယ်​ခဲ့​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယ​ခု​ကိ​စ္စ​ကြောင့်​ ​ရူ​နီ​သည်​ ဥ​ရော​ပ​ ​တံ​ခွန်​စိုက်​ ​ဘော​လုံး​ပြိုင်​ပွဲ​ ​ခြေ​စစ်​ပွဲ​၀င်​ ​အ​င်္ဂလန်​အ​သင်း​တွင်​ ​ပါ​ဝင်ရန်​ပင်​ ​မ​သေချာ​ကြောင်း​ ​သ​တင်း​များ​ ​ထွက်​ပေါ်​နေ​ပြီး​ ​ကော​လင်း​က​မူ​ ​တ​စုံ​တ​ရာ​ ​မှတ်​ချက်​မ​ပေး​သေး​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here