ပို​မို​သေးငယ်​သ​ည့်​ Apple​ TV​ ​ထုတ်​လုပ်

alt

Apple​ ​ကု​မ္ပ​ဏီ​သည်​ ​ယ​ခင်​ထုတ်​လုပ်​ထား​သည့်​ Apple​ TV​​ ထက်​ ​ပို​မို​သေးငယ်​သော​ ​မျိုး​ဆက်​သစ်​ Apple​ TV​​ ကို​ ​ထုတ်​လုပ်​လိုက်​ပြီ​ဖြစ်​သည်​။​ ​စက်​တင်​ဘာ​ ​၁​ ​ရက်​နေ့​က​ Apple​​ ၏​ CEO​ ​ဖြစ်​သူ​ ​စ​တိ​ဂျော့​က​ ​ေ​ဈး​နှုန်း​လည်း​ ​ပို​မို​သက်​သာ​သည့်​ ​ယင်း​ TV​ ကို​ ​ပြ​သ​ခဲ့​သည်​။​

​၉၉​ ​ဒေါ်​လာ​သာ​ ​ကျ​သင့်​မည့်​ ​ပ​စ္စည်း​ကိ​ရိ​ယာ​ ​အ​သစ်​လေး​သည်​ iTune ​မှ​ ငှား​ရမ်း​ခွင့်​ပြု​သည့်​ ​ရုပ်​ရှင်​များ​နှင့်​ High​ Definition​ ​ဇာတ်​ကား​များ​ကို​ ​ကြည့်​ရှု​နိုင်​မည်​ဖြစ်​ပြီး​ Flickr​၊​ YouTube​ တို့​နှင့်​ပါ​ ​ချိတ်​ဆက်​နိုင်​ကြောင်း​ ​သိ​ရ​သည်​။​ Apple ​သည်​ ​ပ​ထ​မ​ Apple​ TV​ များ​ကို​ ​၂၀၀၇​ ​ခု​နှစ်​က​ ​စ​တင်​ရောင်း​ချ​ခဲ့​သော်​လည်း​ ​ေ​ဈး​ကွက်​အ​တွင်း​ ​အောင်​မြင်​မှု​ ​မ​ရ​ခဲ့​ချေ​။​ ​မိ​မိ​တို့​အ​နေ​နှင့်​ ​၂၉၉​ ​ဒေါ်​လာ​ဖြင့်​ ​ရောင်း​ချ​ခဲ့​သော​ Apple​ TV​ဟောင်း​များ​မှ​ ​ေ​ဈး​ကွက်​အ​တွင်း​ ​အ​ကြီး​အ​ကျယ်​ပေါက်​အောင်​ ​မ​စွမ်း​ဆောင်​ပြ​နိုင်​ခဲ့​ဟု​ ​ဂျော့​က​ ​ဝန်​ခံ​သွား​သည်​။​ ဆန်​ဖ​ရန်​ဆ​စ္စ​ကို​တွင်​ ​ပြု​လုပ်​သည့်​ Apple​၏​ ​ထုတ်​ကုန်​သစ်​ ​မိတ်​ဆက်​ပွဲ​တွင်​ ​ဂျော့​သည်​ ​မျိုး​ဆက်​သစ်​ iPod​​ များ​ကို​လည်း​ ​တ​ရား​ဝင်​ ​ပြ​သ​သွား​သေး​သည်​။​ Apple​​ သည်​ ​အ​သစ်​ထုတ်​လုပ်​သော​ Apple​ TV​​ ကို​ တစ်​လ​အ​တွင်း​ စ​တင်​ရောင်း​ချ​နိုင်​ရန်​ ​မျှော်​လင့်​ထား​သည်​။​

Apple​ သည်​ ​အင်​တာ​နက်​မှာ​တ​ဆင့်​ TV ​ကြည့်​ရှု​သော​ ​ဝန်​ဆောင်​မှု​အ​တွက်​ ​ယ​ခင်​ Apple​ TV​ ကို​ ​ထုတ်​လုပ်​ခဲ့​သော်​လည်း​ ​အောင်​မြင်​မှု​ ​မ​ရ​ခဲ့​သ​ဖြင့်​ ​ေ​ဈး​နှုန်း​သက်​သာ​ပြီး​ ​သယ်​ယူ​ရန်​ ​လွယ်​ကူ​သ​လို​ ​နည်း​ပ​ညာ​ပိုင်း​ ​ပို​မို​မြင့်​မား​သော​ ​ဒု​တိ​ယ​မျိုး​ဆက်​ Apple​ TV ​ဖြင့်​ ထိုး​ဖောက်​လာ​ခြင်း​ ​ဖြစ်​နိုင်​ကြောင်း​ ​လေ့​လာ​သူ​များ​က​​ ​သုံး​သပ်​ပြော​ကြား​ထား​သည်​။​ ယင်း​တွင်​ 160GB​ ​ပ​မာ​ဏ​ Hard​ Dis k​အ​သေး​စား​နှင့်​ RAM​ 256MB ​ကို​ တပ်​ဆင်​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here