​စ​ကား​လက်​​ ဂျို​ဟန်​ဆန်​အား​ မြေ​ဖုတ်​ဘီ​လူး​ အ​ဖြစ်​ မြင်​တွေ့​ ရ​မည်

alt

စ​ကား​လက်​ ​ဂျို​ဟန်​ဆင်​တစ်​ယောက်​​ မြေ​ဖုတ်​ဘီ​လူး​ ​ဖြစ်​တော့​မည်​ဟု​​ သိ​ရ​သည်​။​ ​အ​သက်​​ ၂၅​ ​နှစ်​အ​ရွယ်​ ​ဟော​လီး​ဝုဒ်​​ နာ​မည်​ကျော်​ ​မင်း​သ​မီး​သည်​​ မ​ကြာ​မီ​ ​ရိုက်​ကူး​မည့်​​ ဇာတ်​ကား​သစ်​တွင်​ ​ဖုတ်​ကောင်​ (Zombie)​အ​ဖြစ်​ ​သ​ရုပ်​ဆောင်​မည်​ဟု​​ သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။​

Breathers:​ A​ Zombie’s​ Lament​ ​ဇာတ်​ကား​သည်​ S.G​ဘ​ရောင်​နီ​၏​ ​နာ​မည်​ကျော်​ Zombie​ဇာတ်​မြူး​ ​ဝ​တ္ထု​ကို​​ အ​ခြေ​ခံ​ ​ရိုက်​ကူး​မည်​ဖြစ်​သည်​။​ Iron​ Man​ 2​ ​ဇာတ်​ဆောင်​ ​မင်း​သ​မီး​ချော​သည်​​ ယ​ခု​ဇာတ်​ကား​တွင်​ ​ဂျိုး​ဆက်​ဂေါ်​ဒွန်​လီ​ဗစ်​နှင့်​​ တွဲ​ဖက်​သ​ရုပ်​ဆောင်​မည်​ဟု​​ သိ​ရ​သည်​။​ ​ဇာတ်​ကား​အ​တွက်​​ ဒိုင်​ယာ​ဘ​လို​ကို​ဒီ​က​​ ပ​ရို​ဂျူ​ဆာ​အ​ဖြစ်​​ တာ​ဝန်​ယူ​မည်​ဟု​လည်း​​ သိ​ရ​သည်​။​ ​ထို​ဇာတ်​ကား​နှင့်​​ ပတ်​သက်​ပြီး​ ​ဂျို​ဟန်​ဆင်​က​​ တ​စုံ​တ​ရာ​ ​မှတ်​ချက်​မ​ပေး​သေး​ချေ​။

​ ဂျို​ဟန်​ဆင်​သည်​​ Iron​ Man​ 2​ ​ဇာတ်​ကား​တွင်​ ​သ​ရုပ်​ဆောင်​ခဲ့​ပြီး​နောက်​ပိုင်း​ ​မည်​သည့်​ဇာတ်​ကား​တွင်​မှ​ ​ပါ​၀င်​ခြင်း​ ​မ​ရှိ​သေး​ဘဲ​ ​ရိုက်​ကွင်း​များ​မှ​ ​ခေ​တ္တ​အ​နား​ယူ​နေ​ခဲ့​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here