အ​များ​ ​​​ပြည်​သူ​​ အ​တွက်​​ ရည်​ရွယ်​သည့်​​ ​မည်​သည့်​​ အင်​တာ​နက်​ ဝန်​ဆောင်​မှု​ကို​ မ​ဆို​ ​လုပ်ငန်း​​ လိုင်​စင်​​​ လျှောက်​ထား​ရမည်

alt

​လူ​အ​များ ​သုံး​စွဲ​နိုင်ရန်​ လွှင့်​တင်​ထား​သည့်​​ ​မည်​သည့်​​ ​အင်​တာ​နက် ဝန်​ဆေ​ာင်​မှု​ လုပ်ငန်း​ကို မ​ဆို​ ​လုပ်ငန်း​​ လိုင်​စင်​​ လျှောက်​ထားရန်​ လို​အပ်​မည်​ဖြစ်ကြောင်​း​​ ​ဆက်​သွယ်​​​ရေး ​ညွှန််​ကြား​မှု ဦး​စီး​ဌာ​​န​က​ ​တာဝန်​ရှိ​သူ​ တဦး​​ ​က​ ​​အ​တည််​ပြု​ပြော​ဆို​ခဲ့​သည်​။​​

​အ​ခ​ကြေး​​ငွေ​ ပေး​ရ​သည့်​​ ဖြစ်​စေ​၊​​ ​အ​ခ​မဲ့​​ ​ဖြစ်​စေ​ ​အင်​​တာ​နက်​ ဝန်​ဆောင်​မှု​​ လုပ်ငန်း​ လိုင်​စင်​ မ​ရှိ​ဘဲ​ ​လွှ​င်​့​တင်​ပါ​က​ ​တည်​ဆဲ​ ဥ​ပ​ဒေ​များ​​ အရ​​ အ​ရေး​ယူ​​ အ​ပြစ်​ပေး​ နိုင်​ကြောင်း​​ ​ထည့်​သွင်း​​ပြောဆို​ခဲ့​သည်​။​

​အင်​တာ​နက်​ဆိုင်​များ​​ (​​ Public Access Center – PAC)​ ​ကဲ့​သို့​​သော​ ​လုပ်ငန်း​​ လိုင်​စင်​မျိုး​​​ဖြစ််​ပြီး​​၊​​ လ​စဥ်​ကြေး​​၊​​ ​နှစ်​စဥ်​ကြေး​များ​​ ​ပေး​​ဆောင်​ ရ​မည််​ဖြစ်​ကာ​ အ​ဓိ​က ​အား​​​ဖြင့်​​ ​​စား​​သောက်​ဆိုင်​များ​​၊​​ ​ဟို​တယ်​များ​​​​၊​​ ​အ​ဝေး​​ပြေး​​ ကား​ဂိတ်​များ​နှင့်​​ ​လ​က္ဘ်​ရည်​၊​​ ​​ကော်​ဖီ​ဆိုင်​တို့​​​အ​တွက်​ ရည်​ရွယ်​ကြောင်း​​ ​သိ​ရှိရ​သည်​။​

​​ဝေ​ဖန်​သူ​များ​​​၏​ ​အ​ဆို​အ​​ရ​ မြန်​မာ​ ​စစ်​အ​စိုးရ​​နှင့်​​ ပတ်​သက်​​ ဆက်​​နွယ်​​ လုပ်​ကိုင်​နေ​သည့်​​ Red Link Communications Ltd ကဲ့​သို့​​သော​ ကု​​​မ္ပဏီ​များ​​၏​ ကြိုတင်​ ငွေပေးသုံး​သည့်​ WiFi အင်တာနက်သုံး Prepaid Card များ​ ​ရောင်း​အား​​ ကျ​ဆင်း​​နေ​ခြင်း​​ စ​သည့်​​ အ​ချက်​တို့​​​ဖြစ်​နိုင်​ကြောင်း​​ ​ထောက််​ပြ​ကြသည်​။​​ WIFI အသုံးပြုနိုင်သည့် ရန်​ကုန်​​မြို့​ရှိ​ ဧရိယာများမှာ ကန်တော်ကြီးဥယျာဉ်၊ စိမ်းလန်းစိုပြည်ဥယျာဉ်၊ မြရိပ်ညိုဟိုတယ် (Sports Bar), East Point Shopping Center, North Point Shopping Center, City Mart (မြေနီကုန်း)၊ ဟံသာဝတီ ကားဝင်းအနီးရှိ ရွှေပုလင်း စားသောက်ဆိုင်နှင့် ဗဟန်းမြို့နယ်ရှိ Café Jasper စသည့်​ နေရာ ​၈ နေရာ၌သာ​ ကြိုတင်​ ငွေပေး WiFi အင်တာနက်သုံး Prepaid Card များ​ အသုံးပြု​ နိုင်သေးကာ၊​​​ ​စက်​တင်​ဘာ​လ​​ အ​တွင်း​​ ​တိုး​ချဲ့​တပ်​ဆင့်​မည့်​​ ​နေ​ရာ​ ​၃​ခု​မှာ​ ကျောက်တံတား​ မြို့နယ်​ အတွင်း နေပြည်တော် ရုပ်ရှင်ရုံရှိ Cafe Aroma, ဒဂုံု​မြို့​နယ်ရှိ သမ္မတ​ ဟိုတယ်နှင့် တာမွေ​ မြို့နယ်ရှိ Orange Supermarket​ တို့​ဖြစ်​ကြောင်း​​ သိ​ရ​ပြီး​​၊​ ကို​ယ်​ပိုင်​ ​Wifi Modem သုံး​ကာ​ အ​​ခ​မဲ့​​ ​လွှင့်​တင်​ထား​ပြီး​​ ဝန်​ဆေ​ာင်​မှု​​ ပေး​​နေ​သည့်​ ​​နေ​ရာ​များ​မှာ​ ​ရန်​ကုန််​မြို့​တွင်​ ​​၂၀​ ​မှ​ ​​၃၀​ ​နီး​ပါး​​ ထိ​ရှိ​နိုင်​ကြောင်း​​ သတင်း​ရ​ရှိ​သည်​။​

Red Link ကုမ္ပဏီက အကောင် အထည်ဖော် ဆောင်ရွက်သည့် ရန်ကုန်မြို့ရှိ ဝိုင်ဖိုင် ဧရိယာများတွင် အဆိုပါ ကုမ္ပဏီက ထုတ်လုပ်ထားသည့် Net Now အမည်ရှိ ကြိုတင်ငွေပေး ကတ်ဖြင့် အသုံးပြု ရမည် ဖြစ်ပြီး ၁၅ နာရီ အသုံးပြုနိုင်မည့် ကြိုတင်ငွေပေးကတ် တန်ဖိုးမှာ ၅,၀၀၀ ကျပ်ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Red Link Communications Ltd ကုမ္ပဏီကို​ ဗိုလ်ချုပ်ကြီး​ဟောင်း​ ဦး​ရွှေမန်း၏သား ဦးတိုးနိုင်မန်းနှင့် ၎င်း၏ဇနီး ဇေဇင်လတ် (ဇေကမ္ဘာ ဦးခင်ရွှေ၏ သမီး) တို့ ပိုင်ဆိုင်ကာ မြန်မာနိုင်ငံ၌ ပထမဦးဆုံး ဝိုင်ဖိုင်​ စနစ်ဖြင့် အခပေး အင်တာနက်​ လုပ်ငန်းလည်း​​  ​ဖြစ်​သည်​။​

​၂၀၁၀​ ဇန်နဝါရီ​ အထိ အင်တာနက်ဆိုင်​ အရေအတွက်သည်​ ရန်ကုန်မြို့တွင်း ၄၉၇​ ဆိုင်၊ မြို့ပြင် ၁၃​ ဆိုင်၊​ မန္တလေးတွင် ၁၉​ ဆိုင်၊ အခြားသော နယ်မြို့များတွင် ၁၄၃ ဆိုင်နှင့် တစ်နိုင်ငံလုံးတွင် ၆၇၂ ​ ဆိုင်ကို လိုင်စင် ထုတ်ပေးခဲ့​​ကြောင်း​​ မြန်မာအင်ဖို​ တက်ခ်မှ​ တာဝန်​ရှိ​သူ​တဦ​း​က​ ​ပြော​ဆို​ခဲ့​သည်​။​​

LEAVE A REPLY

Please enter your comment!
Please enter your name here