​တ​ရုတ်​နိုင်ငံ​တွင်​ ​ကုန်​တင်​ယာဥ်​ကြီး​များ​ ​ပိတ်​ဆို့​နေ​မှု​ ​၉​ ရက်​ကြာ​​ ရှင်း​လင်း​ခဲ့​ရ

alt

တ​ရုတ်​နိုင်ငံ​တွင်​ ​ကုန်​တင်​ယာဥ်​ကြီး​များ​ ​ပိတ်​ဆို့​နေ​သည့်​ ​ကီ​လို​မီ​တာ​ ​၁၂၀​ ​ကျော်​မျှ​ထိ​ ​ရှည်​လျား​သော​ ​လမ်း​ပိတ်​ဆို့​မှု​အား​ ​ရဲ​များ​က​ ​ရှင်း​လင်း​ပေး​လိုက်​ရ​သည်​။​

​စက်​တင်​ဘာ​ ​၂​ ​ရက်​နေ့​က​ ​တ​ရုတ်​မြောက်​ပိုင်း​တွင်​ ​ထောင်​ပေါင်း​များ​စွာ​သော​ ​ကုန်​တင်​ယာဥ်​ကြီး​များ​သည်​ ​ပု​လင်း​လည်​ပင်း​ဝ​နှယ်​ ​ကျဥ်း​မြောင်း​သည့်​ ​လမ်း​ကြောင်း​မှ​ ​အ​တွင်း​မွန်​ဂို​လီး​ယား​သို့​ ​ဝင်​ရောက်​စဥ်​ ​ယ​ခု​လို​ ​ပိတ်​ဆို့​မှု​များ​ ​ဖြစ်​ပေါ်​ခဲ့​ခြင်း​ဟု​ ​သိ​ရ​သည်​။​ ​အ​စိုး​ရ​ပိုင်​ သ​တင်း​ဌာ​န​များ​က​ ​အ​လွန်​ရှည်​လျား​သော​ ယာဥ်​တန်း​ပိတ်​ဆို့​မှု​ကြီး​၏​ပုံ​ကို​ ​ပြ​သ​ခဲ့​ကြ​သည်​။​ ​ယင်း​သည်​ ​အ​တွင်း​မွန်​ဂို​လီး​ယား​နှင့်​ ​ဘေ​ဂျင်း​မြို့​တော်​ကို​ ဆက်​သွယ်​ထား​သည့်​ ​အ​ဝေး​ပြေး​ ​လမ်း​မ​ကြီး​တွင်​ ​ဖြစ်​ပွား​ခဲ့​ခြင်း​ဟု​ ​သိ​ရ​သည်​။​

CCTV​ သ​တင်း​ဌာ​န​က​ ​ယာဥ်​ပေါင်း​ ​တစ်​သောင်း​ထက်​မ​နည်း​ ​ပိတ်​မိ​နေ​သော​ ​အ​ကြပ်​အ​တည်း​ကြီး​ကို​ ​ထို​နေ့​ညပိုင်း​တွင်​ ​ရဲ​တပ်​ဖွဲ့​ဝင်​များ​က​ ​အ​ပြီး​သတ်​ ​ရှင်း​လင်း​ပေး​နိုင်​ခဲ့​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ပြီး​ခဲ့​သည့်​လ​က​လည်း​ ​ကီ​လို​မီ​တာ​ ​၁၀၀​ ​ကျော်​ ​ရှည်​လျား​သော​ ​ယာဥ်​ကြော​ပိတ်​ဆို့​မှု​ကြီး​ ​တစ်​ခု​ကို​ ​တ​ရုတ်​ရဲ​တပ်​ဖွဲ့​က​ ​၉​ ​ရက်​ကြာ​ ​အ​ချိန်​ယူ​ ​ရှင်း​လင်း​ပေး​ခဲ့​ရ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here