​​ရှန်​ဟိုင်း​မြို့​​ တ​က္က​သိုလ်​နှင့်​​ ကော​လိပ်​များ​တွင်​​ ကွန်​ဒုံး​များ​​ အ​ခ​မဲ့​ ဝေ​မည်

alt

တ​ရုတ်​နိုင်ငံ​၊​​ ရှန်​ဟိုင်း​မြို့​ ​တ​က္က​သိုလ်​နှင့်​​ ကော​လိပ်​များ​တွင်​ ​ကွန်​ဒုံး​များ​​ အ​ခ​မဲ့​ ​ဝေငှ​မှု​ကို​​ ပ​ထ​မ​ဆုံး​ ​ပြု​လုပ်​သွား​မည်​ဟု​​ သိ​ရ​သည်​။​ AIDS​ရော​ဂါ​​ ကူးစက်​မှု​ကို​ ​ဟန့်​တား​ရန်​​ ရည်​ရွယ်​ချက်​ဖြင့်​​ ယ​ခု​လို​ ​ဆောင်​ရွက်​ခြင်း​ဟု​​ ရှန်​ဟိုင်း​အာ​ဏာ​ပိုင်​များ​က​ဆို​သည်​။​​

တ​က္က​သိုလ်​ ​အိပ်​ဆောင်​များ​တွင်​လည်း​​ အ​ခ​ပေး​ ​ဝယ်​ယူ​နိုင်​သည့်​​ ကွန်​ဒုံး​ထုတ်​ပေး​သော​​ စက်​များ​ကို​ ​တပ်​ဆင်​သွား​မည်​ဟု​​ ရှန်​ဟိုင်း​ကျန်း​မာ​ရေး​​ ဗျူ​ရို​မှ​ ​အ​ရာ​ရှိ​တစ်ဦး​ဖြစ်​သည့်​​ တန်​ဝမ်​ဂျီ​အန်​က​ ​ပြော​ကြား​သွား​သည်​။​ ၎င်း​က​ ​အ​ရောင်း​စက်​တွင်​​ ပါ​ရှိ​သည့်​ ​ကွန်​ဒုံး​များ​သည်​​ အ​ခ​မဲ့​ ​ဝေငှ​သည်​များ​ထက်​​ အ​ရည်​အ​သွေး​ ​ပို​ကောင်း​ကြောင်း​၊​ ​ကျောင်း​သား​များ​မှာ​ မိ​မိ​စိတ်​ကြိုက်​ ​ရွေး​ချယ်​နိုင်​မည်​ဖြစ်​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သည်​။​ ​တန်​က​ မြို့​ပေါ်​ရှိ​ ​လမ်း​များ​တွင်​ပါ​ ​အ​ရောင်း​စက်​များ​ ​တပ်​ဆင်​ပြီး​ ​တစ်​မြို့​လုံး​ ​အ​တိုင်း​အ​တာ​ဖြင့်​ ​ဆောင်​ရွက်​နိုင်​ရန်​ ​စီ​စဥ်​ထား​ကြောင်း​လည်း​ ​ပြော​ကြား​ခဲ့​သည်​။​

​ပြီး​ခဲ့​သည့်​ ​ဆယ်​နှစ်​အ​တွင်း​မှာ​ပင်​ ​ရှန်​ဟိုင်း​မြို့​ပေါ်​ ​ကွန်​ဒုံး​တစ်​ခု​ ​တစ်​ယွမ်​ဖြင့်​ ​ရောင်း​ချ​သော​ ​အ​ရောင်း​စက်​ပေါင်း​ ​၃၀၀၀​ ​နီး​နီး​ ​ရှိ​ခဲ့​ပြီး​ဖြစ်​သည်​။​ ​သို့​သော်​လည်း​ ​အ​များ​စု​သည်​ ​ကျိုး​ပဲ့​ပျက်​စီး​နေ​ပြီး​ ​ပြန်​လည်​ပြင်​ဆင်​မှု​ ​မ​ရှိ​သ​ဖြင့်​ ​အ​များ​ပြည်​သူ​ ​သုံး​စွဲ​ရန်​ ​အ​ဆင်​မ​ပြေ​တော့​ဟု​ ​တန်​က​ဆို​သည်​။​ ​ထို့​အ​ပြင်​ ​စက်​တစ်​ခု​မှ​ ​ကွန်​ဒုံး​တစ်​ခု​စီ​သာ​ ​ပျမ်း​မျှ​အား​ဖြင့်​ ​နေ့စဥ်​ရောင်း​ချ​နေ​ရ​ကြောင်း​လည်း​ ​သိ​ရ​သည်​။

​ ​အ​စီ​အ​စဥ်​သစ်​အ​ရ​ ​ရှန်​ဟိုင်း​တွင်​ ​ကွန်​ဒုံး​အ​ရောင်း​စက်​ပေါင်း​ ​၉၀၀၀​ ​ကျော်​ကို​ ​တပ်​ဆင်​သွား​မည်​ဟု​လည်း​ သ​တင်း​များ​က​ ​ဖော်​ပြ​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here