မ​င်္ဂလာဦး​နေ့​တွင်​​ ​အ​ရက်​မူး​ပြီး​​ ​ကား​မောင်း​ကြမ်း​ခဲ့​သည့်​​ ​သ​တို့​သ​မီး

alt

မင်္ဂလာဦးနေ့တွင် အရက်မူးပြီး ကားမောင်းကြမ်း ခဲ့သဖြင့် သတို့သမီး အား ရဲက ဖမ်း လိုက်ကြောင်း သိရ သည်။ အသက် ၃၁ နှစ်အရွယ်ရှိ အမေရိကန် နိုင်ငံသူ သတို့သမီး တစ်ဦးအား

ဝါရှင်တန် ပြည်နယ်ရှိ လမ်းမပေါ်တွင် ပြီးခဲ့သည့် သီတင်းပါတ်ကုန်က ဖမ်းလိုက်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့က ဆိုသည်။

သူမသည် မနက်ပိုင်းတွင် မင်္ဂလာ ဆောင်ခဲ့ပြီး သူငယ်ချင်းများအား ဧည့်ခံ ကျွေးမွေးကာ အရက်မူးပြီး တစ်နာရီ မိုင် ၉၀ နှုန်းဖြင့် ကားမောင်း လာခြင်း ဖြစ်သည်။ သူမ၏ ကားသည် ဘယ်ယိမ်း ညာယိမ်း ဖြစ်နေသဖြင့် လမ်းကြောများ ပိတ်ဆို့ကုန်ကြောင်း ကင်းလှည့် ရဲအရာရှိ အမျိုးသမီး ခရစ်စတီးနား မာတင်က ဆိုသည်။ သူမအား ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်ခဲ့သော်လည်း လက်ထပ်ပြီးစ သတို့သမီး ဖြစ်နေခြင်းကြောင့် အာမခံဖြင့် ပြန်လွှတ် ပေးလိုက်ကြောင်း ခရစ်စတီးနားက ဆိုသည်။

အဆိုပါ သတို့သမီးသည် ကားမောင်းချိန်တွင် အများဆုံး သတ်မှတ်ထားသည့် အယ်ကိုဟော ပမာဏထက် နှစ်ဆမျှ သွေးထဲတွင် ရှိနေပြီး သူမအား နောက်ပိုင်းတွင် ဥပဒေကြောင်းအရ စွဲချက်တင်သွားဖွယ် ရှိနေကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here