ရတနာပုံပေါ်တယ်​​၊​ ​မီ​ဒီ​ယာ​​တွေ့​ဆုံ​ပွဲ​နှင့်​​ လို​ဂို​​ ဒီ​ဇိုင်း​များ​

alt

အ​မျိုး​သား​အ​ဆင့်​​ ဝက်ဘ်​ပေါ်အ​ဖြစ်​ ​အ​ကောင်​အ​ထည်​​ ဖေါ်​ဆောင်​ရွက်​နေ​သည့်​​ ရ​တ​နာပုံ ဝက်ဘ်​​ပေါ်​တယ် အ​တွက်​ ​အ​ကြောင်း​အ​ရာ​များ​​ (content) ရ​ယူ​ ​မျှ​ဝေ​ရေး​​ နှင့်​​ ​ပတ်​သတ်​ပြီး​​ ​ရန်​ကုန်​အ​ခြေ​စိုက်​ ​သ​တင်း​​ ​ဂျာ​နယ်​များ​နှင့်​​ ရ​တ​နာ​ပုံ​​ တာဝန်​ရှိ​သူ​များ​​ ​တွေ့​ဆုံပွဲ​ကို​

ရန်​ကုန်​မြို့​​ ​ဆာ​ကူ​ရာ​တာ​ဝါ​တွင်​ ​ရ​တ​နာ​ပုံ​ပေါ်​တယ်​၏​ ​တာဝန်​ခံ​လည်း​ဖြစ်​သည့်​​ ​အင်​ဂျင်​နီ​ယာ​ချုပ်​ ဗိုလ်​မှူး​​ဇော်​မင်း​ဦး​က​ ဦး​​ဆောင်​ကာ​ ​ကျင်း​ပ​ခဲ့​သည်​။​​

​အ​ဆို​ပါ​​တွေ့​ဆုံ​ပွဲ​သည် ရ​တ​နာ​ပုံ​ပေါ်​တယ်​နှင့်​​ ​သ​တင်း​မီ​ဒီ​ယာ​များ​​ကြား​​ ​အ​ကြောင်း​အ​ရာ​များ​​ ​ဖ​လှယ်​ရေး​​၊​​ ​မျှ​ဝေ​သုံး​စွဲ​နိုင်​မှု​ ​အ​ခြေ​အ​နေ​များ​အား​​ ​အ​လေး​ထား​​ ​ဆွေး​​နွေး​ခဲ့​​ကြ​သည်​။​​ ​ဩ​ဂုတ်​လ​ ​၃၁​ ရက်​နေ့​က​ ​လူ​ထု​အသံ​တွင်​ ​ရေး​သား​ခဲ့​​သော​ ရတနာပုံပေါ်တယ်၏ သင်္ကေတ လိုဂိုကိစ္စ အငြင်းပွား ကိ​စ္စ​နှင့်​​ ​ပတ်​သက်​၍​ ​ပြောဆို​ခဲ့​​ခြင်း​ မ​ရှိ​ခဲ့​​သော်​လည်း​​ အင်ဂျီနီယာချုပ်၏ အိုင်ဒီယာကို ရတနာပုံဝက်ဘ်ပေါ်တယ် အတွက် ခန့်ထားသည့် ပ​ရော​ဂျက်​မန်​နေ​ဂျာ ဦး​အောင်စံမြတ်က ရေးဆွဲပေးထားသည့် ရ​တ​နာ​ပုံ​ပေါ်​တယ်​ လိုဂို​ အား​​ ​စတင်​​ သုံး​စွဲ​ခဲ့​​သည်​ကို​ ​တွေ့​ရ​သည်​။​​

ရတနာပုံပေါ်တယ် (Yatanarpon Portal) အား​ ​အ​မေ​ရိ​ကန်​ ​ဒေါ်​လာ​ ​၂​​ သန်း​​ဖြင့်​​ ​မ​တည်​ကာ​ Inforithm-Maze​ ​ကု​မ္ပဏီ​မှ​ ​အ​ကောင်​အ​ထည်​ဖေါ်​လျှက်​ရှိ​ရာ​ ​ Inforithm-Maze​ ​ကု​မ္မ​ဏီ​​ အ​မှု​ဆောင်​ချုပ်​ဖြစ်​သူ ဦး​​သောင်း​စု​ငြိမ်း​ပိုင်​ဆိုင်​သည့်​​ ​အင်​တာ​နက်​ဂျာ​နယ်​​ Vol11.​ No.34​ (စက်​တာင်​ဘာ​လ​ ​၉​ ရ​က်ထုတ်)​ တွင်​ ရ​တ​နာ​ပုံဝက်ဘ်​ပေါ်​တယ်လ်​အ​တွက်​ ​ရေး​ဆွဲ​နေ​ဟု​ ပါ​ရှိ​ခဲ့​​သော်​လည်း​​​ စက်​တင်​ဘာ​လ​ ​၃​ ​ရက်​နေ့​​ ​နေ့​စွဲ​ဖြင့်​​ ​ရေး​သား​ခဲ့​သည့်​​ အ​ဆို​ပါသ​တင်း​တွင်​ ​ပ​ထ​မ​၊​​ ​ဒု​တိ​ယ​၊​​ ​တတိ​ယ​အ​ဖြစ်​ ​လို​ဂို​ဒီ​ဇိုင်း​​ ​၃​ ​ခု​အား​​ ​ကု​မ္ပ​ဏီ​ ​ဒါ​ရိုက်​တာ​အ​ဖွဲ့​သို့​တင်​ပြ​ခဲ့​​သော်​လည်း​ ​လို​ဂို​များ​သည်​ ​ကု​မ္ပ​ဏီ​ကို​ ​ခြံုငုံ​ကိုယ်​စား​​ပြု​နိုင်​ခြင်း​မ​ရှိ​ဟု​ ​သုံး​သပ်​သော​ကြောင့်​​ ​ထပ်​မံ​ရေး​ဆွဲ​ရ​ခြင်း​ဟု​ ​ဖေါ်​ပြ​ပါ​ရှိ​ခဲ့​သည်​။​​

ရတနာပုံပေါ်တယ်၏ သင်္ကေတ လိုဂိုအား​​ ​ဆက်​လက်​ရေး​ဆွဲ​နေ​သည်​ဟု​ ​ပါ​ရှိ​ခဲ့​​သော်​လည်း​​ Yatanarpon Logo Competition​ ဝက်ဘ်ဆိုဒ်တွင်​ ​တ​ရား​ဝင်​ ​ရှင်း​လင်း​​ပြော​ဆို​ထား​​ခြင်း​မ​ရှိ​ကြောင်း​​တွေ့​ရှိရ​သည်​။​​ Yatanarpon Logo Competition​ အား​​ ၂၀၁၀ ခုနှစ် မေလ (၃၁) ရက်နေ့ နောက်ဆုံး ထားပြီး ပေးပို့ရန်နှင့် ​ရွေးချယ်ခံရသော လိုဂိုကို နှစ်ပတ်အတွင်း ပြန်လည်ကြေငြာပေးမည်ဖြစ်ကာ လိုဂိုအတွက် ဆုကြေးငွေ (၇) သိန်းကျပ် တိတိ ချီးမြှင့်မည်ဖြစ်ကြောင်းများ အပြင် နိုင်ငံတကာ အဆင့်မီသော ဒီဇိုင်း၊ ရတနာပုံတယ်လီပို့ကို ကိုယ်စားပြုခြင်းများ အပြင် အခြား​ မည်သည့်​ လိုဂိုနှင့်မျှ မတူပဲ ဒီဇိုင်း​ ကွဲပြား​ ရမည်​ ဖြစ်ကြောင်းများကို သေချာတိကျစွာ ဖေါ်ပြ ဖိတ်ခေါ်ခဲ့​သည်။

အင်တာနက်​ ဂျာနယ် အား​​ ပိုင်​ဆိုင်​သူ​ ဦးသောင်းစုငြိမ်းသည်​ Inforithm-Maze​ ​ကု​မ္မ​ဏီ​​ အ​မှု​ဆောင်​ချုပ်​ဖြစ်​​ပြီး​​၊​​ Myanmar People Magazine​၊,​ 7Day News Journal,​ 7Day Sports Journal,​ Internet Journal,​ Planet​ ​နှင့်​​ mySuboo​ ​တို့​ကို​ ​ပိုင်​ဆိုင်​ကာ​ ​ကွယ်​လွန်​သူ​ ​န​အ​ဖ​ ​စစ်​အ​စိုး​ရ​ ​နိုင်ငံ​ခြား​​ရေး​ဝန်​ကြီး​​ ဦး​ဝင်း​​အောင်​၏​ ​သား​တစ်ဦး​​ဖြစ်​သည်​။​

ရတနာပုံပေါ်တယ် (Yatanarpon Portal) အား မလေးရှားအခြေစိုက် Media Digital Alliance Sdn. Bhd. (MDA)၊ ကုမ္မဏီအမှတ် 520090X က ဦးဆောင်ကာ MXAE 2.0 စနစ်သုံး Django framework နှင့်တွဲဖတ်အသုံးပြုရသော စနစ်ဖြစ်ရေးဆွဲ လုပ်ဆောင်ပေးနေခြင်း ဖြစ်ကာ၊ နိုင်ငံတော်၏ ပံပိုးကူညီဆောင်ရွက်မှုများဖြင့် အကောင်အထည်ဖေါ်ခဲ့သည့် Myanmar Natural Language Processing (NLP) Research Center ၏ နိုင်ငံတော်အဆင့် မြန်မာ ၃ ယူနီကုဒ် 5.1 ဗားရှင်း စာလုံးအား ပြောင်းလဲ သုံးစွဲထားခြင်းမရှိဘဲ ဇော်ဂျီ မြန်မာစာလုံးကိုသာ ဆက်လက် သုံးစွဲ အ​ကောင်​အ​ထည်​ဖေါ်ထားကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here