က​မ္ဘာ့​ဖ​လား​တွင်​ ​​ရေ​ပန်း​စား​ခဲ့​သည့်​ ​ဗူ​ဗူ​ဇီ​လာ​အား​ ဥ​ရော​ပ​ ​ဘော​လုံး​ပွဲ​များ​တွင်​ ​ပိတ်​ပင်​မည်​

alt

က​မ္ဘာ့​ဖ​လား​ ​ဘော​လုံး​ပြိုင်​ပွဲ​ကြီး​ ​ပြီး​ဆုံး​သွား​သည်​မှာ​ ​လ​နှင့်​ချီ​ ​ကြာ​မြင့်​နေ​ပြီ​ ​ဖြစ်​သော်​လည်း​ ၎င်း​၏​နောက်​ဆက်​တွဲ​ ​ဘူ​ဘူ​ဇီ​လာ​ ​ကိ​စ္စ​မှာ​မူ​ ​မ​ပြီး​ပြတ်​သေး​ချေ​။​ ​

အာ​ဖ​ရိ​က​ရိုး​ရာ​ ​နှဲ​ကြီး​များ​သည်​ ​တောင်​အာ​ဖ​ရိ​က​တွင်​ ​ကျင်း​ပ​သည့်​ ​ဘော​လုံး​ပြိုင်​ပွဲ​ကြီး​အ​တွင်း​ ​ပ​ရိ​သတ်​များ​ နှစ်​နှစ်​ခြိုက်​ခြိုက်​ ​တီး​မှုတ်​အား​ပေး​မှု​နှင့်​အ​တူ​ ​ဘော​လုံး​ပ​ရိ​သတ်​များ​ကြား​ ​ရေ​ပန်း​စား​လာ​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​အ​လွန်​ဆူ​ညံ​စွာ​ ​ထွက်​ပေါ်​နေ​သော​ ​အ​သံ​များ​သည်​ ​အ​ကြား​အ​ာ​ရုံ​ကို​ ​ဆိုး​ရွား​စွာ​ ​ထိ​ခိုက်​စေ​နိုင်​ကြောင်း​ ​သ​တိ​ပေး​မှု​များ​ ​ရှိ​နေ​ပြီး​ ​အ​င်္ဂလန်​ကဲ့​သို့​ ​နိုင်ငံ​များ​တွင်​ ​ဘော​လုံး​ကွင်း​များ​အ​တွင်း​ ​ဗူ​ဗူ​ဇီ​လာ​များ​ ​ယူ​ဆောင်​လာ​ခွင့်​အား​ ​ပိတ်​ပင်​ခဲ့​သည်​။​ ​ယ​ခု​အ​ခါ​ ဥ​ရော​ပ​ ​ဘော​လုံး​အ​ဖွဲ့​ချုပ်​ UEFA​က​လည်း​ ​ဗူ​ဗူ​ဇီ​လာ​များ​အား​ ​တ​ရား​ဝင်​ ​ပိတ်​ပင်​ကြောင်း​ ​အ​တည်​ပြု​ ​ပြော​ကြား​လိုက်​သည်​။​ ​ထို့​ကြောင့်​ ဥ​ရော​ပ​ဖ​လား​ ​ဘော​လုံး​ပွဲ​များ​နှင့်​ ​ချန်​ပီ​ယံ​လိဂ်​ ​ပွဲ​စဥ်​များ​တွင်​ ​ဗူ​ဗူ​ဇီ​လာ​များ​ကို​ ကွင်း​အ​တွင်​ ​ယူ​ဆောင်​ခွင့်​ ​မ​ရှိ​ချေ​။​ ​ထို့​အ​ပြင်​ UEFA​အ​ဖွဲ့​ဝင်​ ​၅၃​ ​နိုင်ငံ​လုံး​ကို​လည်း​ ​ဘော​လုံး​ကွင်း​များ​အ​တွင်း​ ​ဗူ​ဗူ​ဇီ​လ​များ​ ​ပိတ်​ပင်​ရေး​အ​တွက်​ UEFA​က​ ​တောင်း​ဆို​ထား​သည်​။​

၂၀၁၀​ ​က​မ္ဘာ့​ဖ​လား​တွင်​ ​ဗူ​ဗူ​ဇီ​လာ​များ​ကြောင့်​ ​ကွင်း​အ​တွင်း​ ​ဘော​လုံး​သ​မား​များ​ ​ပြော​ဆို​ဆက်​ဆံ​ရန်​ပင်​ ​အ​ခက်​အ​ခဲ​ ​ရှိ​ခဲ့​ခြင်း​ကြောင့်​ ​အ​လား​တူ​ ​အ​ခြေ​အ​နေ​မျိုး​ ​၂၀၁၂​ ဥ​ရော​ပ​ ​တံ​ခွန်​စိုက်​ ​ဘော​လုံး​ပြိုင်​ပွဲ​တွင်​ ​ကြံု​လာ​မည်​ကို​ UEFA ​က​ ​စိုးရိမ်​နေ​ခြင်း​ဖြစ်​သည်​။​ ​ဗူ​ဗူ​ဇီ​လာ​ဆို​သော​ ​ဝေါ​ဟာ​ရ​သည်​ ​က​မ္ဘာ့​ဖ​လား​နှင့်​အ​တူ​ ​အ​လွန်​ကျော်​ကြား​လာ​ရာ​ ​ယ​ခု​နှစ်​ထုတ်​ Oxford​အ​ဘိ​ဓာန်​အ​တွင်း​တွင်​ပင်​ VuvuZela​ဆို​သော​ ​စ​ကား​လုံး​ကို​ ​ထည့်​သွင်း​ဖော်​ပြ​ခဲ့​ရ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here