အာ​ဖ​ဂန်​နယ်​စပ်​​ အ​နီး​တွင်​ ​ပါ​က​စ္စ​တန်​လေ​တပ်​ ​ထိုးစစ်​ဆင်​​ တိုက်​ခိုက်

alt

ပါ​က​စ္စ​တန်​လေ​တပ်​ ​တိုက်​လေ​ယာဥ်​များ​နှင့်​ ​ရ​ဟတ်​ယာဥ်​များ​သည်​ ​အာ​ဖ​ဂန်​န​စ္စ​တန်​နှင့်​ ​နယ်​စပ်​အ​နီး​ရှိ​ ​စစ်​သွေး​ကြွ​များ​ကို​ ​နှစ်​ရက်​ဆက်​ တိုက်​ခိုက်​ခဲ့​ရာ​ ​လူ​ပေါင်း​ ​၆၀​ ​မျှ​ ​သေ​ဆုံး​သွား​ကြောင်း​ ​သိ​ရ​သည်​။​

​လုံ​ခြံု​ရေး​ဌာ​န​ ​တာ​ဝန်​ရှိ​သူ​များ​က​ ​သေ​ဆုံး​သွား​သူ​များသည်​ ​စစ်​သွေး​ကြွ​များ​နှင့်​ ​မိ​သား​စု​ဝင်​များ​ဟု​ ​ပြော​ကြား​ခဲ့​သော်​လည်း​ ​မျက်​မြင်​များ​က​မူ​ ​က​လေးငယ်​များ​ ​အ​ပါ​အ​ဝင်​ ​ပြည်​သူ​များ​လည်း​ ​သေ​ဆုံး​သူ​ ​စာ​ရင်း​တွင်​ ​ပါ​ဝင်​ကြောင်း​ ​ပြော​ဆို​နေ​ကြ​သည်​။​ ဩ​ဂုတ်​ ​၃၁​ ​ရက်​နေ့​နှင့်​ ​စက်​တင်​ဘာ​ ​၁​ ​ရက်​နေ့​ ​တိုက်​ခိုက်​မှု​များကဲ့​သို့​ ​ယ​ခု​နှစ်​ ​အ​စော​ပိုင်း​က​လည်း​ ​အ​ဆို​ပါ​ဒေ​သ​တွင်​ ​လေ​ကြောင်း​မှ​ ​ထိုး​စစ်​ဆင်​ဖူး​ပြီး​ ​ထို​စဥ်​က​လည်း​ ​လူ​ ​၆၀​ ​ကျော်​ ​သေ​ဆုံး​ခဲ့​သည်​။​ ​အာ​ဖ​ဂန်​နှင့်​ ​ပါ​က​စ္စ​တန်​ ​နယ်​ခြား​ဒေ​သ​သည်​ ​အယ်​ကေး​ဒါး​နှင့်​ ​တာ​လီ​ဘန်​ ​စစ်​သွေး​ကြွ​ ​အ​ကြမ်း​ဖက်​သ​မား​များ​ ​ခို​အောင်း​နေ​ရာ​ ​ဒေ​သ​လည်း​ဖြစ်​သည်​။​ ​သေ​ဆုံး​သူ​ ​စာ​ရင်း​နှင့်​ ​ပတ်​သက်​ပြီး​ ​လွတ်​လပ်​စွာ​ ​ကောက်​ယူ​ဖော်​ပြ​ထား​သော​ ​စာ​ရင်း​မျိုး​ ​မ​ရှိ​ချေ​။​ ​ယင်း​ဒေ​သ​သည်​ ​အ​လွန်​အ​န္တ​ရာယ်​ကြီး​ကြောင်း​ ​သတ်​မှတ်​ထား​ပြီး​ တတ်​နိုင်​သ​မျှ​ ​ရှောင်​ကွင်း​သွား​ရန်​ ​ပါ​က​စ္စ​တန်​ ​အ​စိုး​ရ​က​ ​သ​တိ​ပေး​ထား​သည်​။​

​တီ​ရာ​တောင်​ကြား​နှင့်​ ​ခိုင်​ဘာ​ဒေ​သ​တို့​တွင်​ ဩ​ဂုတ်​လ​ ​၃၁​ ​က​ ​လေ​ယာဥ်​များ​ ​ဝင်​ရောက်​တိုက်​ခိုက်​ရာ​ ​လူ​ ​၄၅​ ဦး​မျှ​ ​သေ​ဆုံး​ပြီး​ ​နောက်​တစ်​ရက်​ ​ထိုး​စစ်​တွင်​လည်း​ ​၁၅​ ဦး​ထက်​မ​နည်း​ ​သေ​ဆုံး​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​ဒေ​သ​ခံ​ ​တစ်ဦး​ဖြစ်​သူ​ ​ဂျီ​ဟက်​ဂူး​ဆို​သော​ ​ရွာ​သား​က​ ၎င်း​သည်​ ​အ​လောင်း​များ​ကြား​တွင်​ ​အ​မျိုး​သ​မီး​နှင့်​က​လေး​ ​အ​ယောက်​ ​၂၀​ ​ထက်​မ​နည်း​အား​ ​တွေ့​ရှိ​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ပါ​က​စ္စ​တန်​နှင့်​ ​အာ​ဖ​ဂန်​ ​နယ်​ခြား​ဒေ​သ​ရှိ​ ​စစ်​သွေး​ကြွ​များ​ကို​ ​အ​မေ​ရိ​ကန်​ ​မောင်း​သူ​မဲ့​ ​လေ​ယာဥ်​များ​က​ ပစ်​ခတ်​ရာ​မှ​လည်း​ ​သေ​ဆုံး​မှု​များ​ ​ဖြစ်​ပေါ်​ခဲ့​ဖူး​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here