မိုင်း​တွင်း​​ အ​လုပ်​သ​မား​များ​အား​​ ​ကယ်​ဆယ်​ရေး​ NASA​ ​အ​ဖွဲ့​ကို​ ​ချီ​လီ​​ အ​စိုး​ရ​ ​အ​ကူ​အ​ညီ​​ တောင်း​ထား

alt

ချီ​လီ​အ​စိုး​ရ​သည်​​ ​မိုင်း​တွင်း​ပြို​ကျ​မှု​ကြောင့်​​ ​ကာ​လ​ရှည်​ကြာ​စွာ​ ​ပိတ်​မိ​နေ​သည့်​​ ​မိုင်း​လုပ်​သား​များ​အ​ရေး​နှင့်​​ ​ပတ်​သက်​ပြီး​ ​အ​မေ​ရိ​ကန်​​ ​အ​မျိုး​သား​ ​အာ​ကာ​သ​​ ​အေ​ဂျင်​စီ​ (NASA)​သို့​ ​အ​ကူ​အ​ညီ​​ ​တောင်း​ခံ​ထား​ကြောင်း​​ ​သိ​ရ​သည်​။​

ဩ​ဂုတ်​လ​​ ​၄​ ​ရက်​နေ့​က​တည်း​က​​ ​မိုင်း​တွင်း​ထဲ​တွင်​​ ​ပိတ်​မိ​နေ​သည့်​ ​မိုင်း​လုပ်​သား​​ ​၃၃​ ဦး​သည်​ ​ယ​ခု​တိုင်​​ ​အ​သက်​ရှင်​နေ​ဆဲဖြစ်​ပြီး​​ ​အ​စား​အ​စာ​နှင့်​ ​သောက်​ရေ​တို့​​ ​ပေး​ပို့​နိုင်​ပြီ​ဖြစ်​သည်​။​​ ​သို့​သော်​လည်း​ ၎င်း​တို့​အား​​ ​မြေ​အ​နက်​ ​၂၃၀၀​ ​မီ​တာ​မှ​​ ​ကယ်​ထုတ်​နိုင်​ရန်​ ​အ​နည်း​ဆုံး​​ ​၄​ ​လ​မျှ​ ​အ​ချိန်​ယူ​ရဦး​မည်​ဖြစ်​သည်​။​​ ​ထို​ကာ​လ​အ​တွင်း​ ​မိုင်း​လုပ်​သား​များ​၏​​ ​စိတ်​ပိုင်း​နှင့်​ ​ရုပ်​ပိုင်း​ဆိုင်​ရာ​​ ​ကျန်း​မာ​ရေး​အ​တွက်​​ ​မည်​သည့်​နည်း​လမ်း​များ​​ ​အ​သုံး​ပြု​သင့်​ကြောင်း​ NASA​အား​ ​ချီ​လီ​အ​စိုး​ရ​က​​ ​ပန်​ကြား​မေး​မြန်း​ထား​ခြင်း​ဖြစ်​သည်​။​

NASA ​မှ​ ​အာ​ကာ​သ​ ​ယာဥ်​မှူး​များ​သည်​​ ​က​မ္ဘာ့​ဆွဲ​အား​ ​ကင်း​လွတ်​ရာ​​ ​အာ​ကာ​သ​အ​တွင်း​ ​လ​ပေါင်း​များ​စွာ​​ ​သွား​ရောက်​တာ​ဝန်​ ​ထမ်း​ဆောင်​ရ​ပြီး​ ​ယင်း​တို့​၏​ ​စိတ်​ရော​ကိုယ်​ပါ​​ ​ကြံ့​ခိုင်​မှု​အ​တွက်​ NASA ​က​ ​အ​ထူး​သင်​တန်း​များ​​ ​ပို့​ချ​ရ​သည်​။​ ​မိ​မိ​တို့​အ​နေ​နှင့်​​ ​ချီ​လီ​အ​စိုး​ရ​ထံ​မှ​​ ​တ​ရား​ဝင်​ ​အ​ကူ​အ​ညီ​​ ​တောင်း​ခံ​မှု​ကို​ ​ရ​ရှိ​ထား​ပြီး​​ ​မည်​သည့်​နည်း​လမ်း​ဖြင့်​​ ​အ​ကောင်း​ဆုံး​ ​ကူ​ညီ​နိုင်​မည်​ဟု​​ ​လေ့​လာ​နေ​ကြောင်း​ NASA​ ၏​​ ​ပြော​ရေး​ဆို​ခွင့်​ရ​​ ​ပု​ဂ္ဂိုလ်​တစ်ဦး​က​​ ​ပြော​ကြား​ခဲ့​သည်​။​

ပိတ်​မိ​နေ​သော​​ ​မိုင်း​တွင်း​လုပ်​သား​များ​သည်​​ ​မြေ​ပြင်​ပေါ်​မှ​ ​ပ​ထ​မ​ဆုံး​​ ​အ​ဆက်​အ​သွယ်​ရ​ပြီး​​ ​အ​စား​အ​သောက်​များ​ ​မ​ပေး​ပို့​နိုင်​မီ​​ ​၁၈​ ​ရက်​လုံး​လုံး​​​ ​တောင့်​ခံ​ကာ​ ​အ​သက်​ရှင်​နေ​ခဲ့​သူ​များ​​ ​ဖြစ်​ကြ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here