ကင်​ဆာ​ ​ရော​ဂါ​ ​ခံ​စား​နေ​ရ​မှု​အား​ ​တီ​ဗီ​​ အ​စီ​စဥ်​တွင်​ ​မိုက်​ကယ်​​ ဒေါက်ဂ​လက်​ပြော​ကြား

alt

ဟော​လီး​ဝုဒ်​ ​မင်း​သား​ကြီး​ ​မိုက်​ကယ်​ဒေါက်​ဂ​လက်​က​ ရုပ်​မြင်​သံ​ကြား​ အ​စီ​အ​စဥ်​ ​တစ်​ခု​တွင်​ ၎င်း​၏​ ​ကင်​ဆာ​ရော​ဂါ​နှင့်​ ​ပတ်​သက်​သော​ ​အ​ခြေ​အ​နေ​များ​ကို​ ​ပြော​ကြား​သွား​ခဲ့​သည်​။​

​အ​သက်​ ​၆၅​ ​နှစ်​ ​ရှိ​ပြီ​ဖြစ်​သည့်​ ​ဒေါက်​ဂ​လက်​သည်​ ​လည်​ချောင်း​ကင်​ဆာ​ ​ရော​ဂါ​ကို​ ​ခံ​စား​နေ​ရ​သူ​ဖြစ်​သည်​။​ ၎င်း​သည်​ ဩ​ဂုတ်​လ​ ​၃၁​ ​ရက်​နေ့​က​ Late​ Show​ ​အ​စီ​အ​စဥ်​တွင်​ ​ဒေး​ဗစ်​လက်​တာ​မင်း​၏​ ​အင်​တာ​ဗျူး​များ​ကို​ ​ဖြေ​ကြား​သွား​ခြင်း​ဖြစ်​သည်​။​ CBS​မှ​ ​တင်​ဆက်​သော​ ​အ​စီ​အ​စဥ်​တွင်​ ​ဒေါက်​ဂ​လက်​က​ ​ယ​ခု​လော​လော​ဆယ်​တွင်​​ ​သီ​တင်း​ရှစ်​ပါတ်​ ​ကြာ​မြင့်​မည့်​ ​ဓာတ်​ရောင်​ခြည်​ကု​ထုံး​၊​ ဓာ​တု​ကု​ထုံး​တို့​ကို​ ခံ​ယူ​နေ​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​ ၎င်း​က​ ​ဇ​နီး​သည်​ ​ဟော​လီး​ဝုဒ်​ ​မင်း​သ​မီး​ ​ကက်​သ​ရင်း​ ​ဇီ​တာ​ဂျံုး​ထံ​မှ​လည်း​ ​အ​ကူ​အ​ညီ​များ​ ​ရ​ရှိ​ခဲ့​သည်​ဟု​ဆို​သည်​။​ ​ဆ​ရာ​ဝန်​များ​က​ ​ဒေါက်​ဂ​လက်​၏​ ​ကင်​ဆာ​သည်​ ​အ​ခြား​သော​ ​နေ​ရာ​များ​ကို​ ​စ​တင်​ကူး​စက်​စ​ ​ပြု​နေ​သည့်​ ​အ​ဆင့်​ ​၄​ ​အ​ဖြစ်​ ​သတ်​မှတ်​ထား​ကြောင်း​ ​သိ​ရ​သည်​။​

​လက်​တာ​မင်း​ ​ဒေါက်​ဂ​လက်​အ​နေ​နှင့်​ ​အ​သောက်​အ​စား​ ​ရှိ​မ​ရှိ​ ​မေး​မြန်း​ခဲ့​ရာ​တွင်​ ​မင်း​သား​ကြီး​က​ ​ဆေး​လိပ်​ရော​၊​ ​အ​ရက်​ပါ​ ​သောက်​ဖြစ်​ကြောင်း​ ​ပွင့်​ပွင့်​လင်း​လင်း​ ​ဖြေ​ကြား​သွား​သည်​။​ ထို့​အ​ပြင်​ ​ဆ​ရာ​ဝန်​များ​က​ ​မိ​မိ​၏​ ​ရော​ဂါ​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​ကောင်း​မြင်​ထား​ကြောင်း​၊​ ​မိ​မိ​သည်​ ​အ​သက်​ရှင်​ခွင့်​ရ​ရန်​ ​၈၀​ ​ရာ​ခိုင်​နှုန်း​ထိ​ ​မျှော်​လင့်​ချက်​ရှိ​ကြောင်း​လည်း​ ​ဒေါက်​ဂ​လက်​က​ ​ဖွင့်​ဟ​သွား​သည်​။​ ​ဇီ​တာ​ဂျံုး​က​မူ​ ​ခင်​ပွန်း​သည်​၏​ ​လည်​ချောင်း​နှင့်​ ​နား​တို့​တွင်​ ​ကာ​လ​ရှည်​ကြာ​ ​နာ​ကျင်​မှု​ ​ရှိ​နေ​ကြောင်း​ ​သိ​သည့်​တိုင်​ ​ကင်​ဆာ​ဖြစ်​နေ​ကြောင်း​ ​ကြို​တင်​မ​ဖော်​ထုတ်​နိုင်​သည့်​ ​ဆ​ရာ​ဝန်​များ​အား​ ​ဝေ​ဖန်​ပြော​ဆို​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here