​တ​ရုတ်​နိုင်ငံ​ ​ချံု​ကင်း​ဒေ​သ​မှ​​ ပု​ဂ္ဂိုလ်​ရေးအ​ကာ​အ​ကွယ်​ပေး​မှု​ ဥ​ပ​ဒေ

alt

တ​ရုတ်​နိုင်ငံ​၊​ ​ချံု​ကင်း​ဒေ​သ​တွင်​ ​မိ​ဘ​များ​အ​နေ​နှင့်​ ​မိ​မိ​တို့​က​လေး​များ​၏​ Chatting​ Record​​ များ​နှင့်​ Text​ Message​ ​များ​ကို​​ ​ခွင့်​ပြု​ချက်​ ​မ​ရ​ဘဲ ​ကြည့်​ရှု​ပါ​က​ ဥ​ပ​ဒေ​ ​ချိုး​ဖောက်​မှု​အ​ဖြစ်​ ​သတ်​မှတ်​ခံ​ရ​ကြောင်း​ ​သိ​ရ​သည်​။​

​ချံု​ကင်း​ ​အုပ်​ချုပ်​ရေး​ဌာ​န​က​ ​လူ​တစ်ဦး​ချင်း​စီ​၏​ ​ပု​ဂ္ဂိုလ်​ရေး​ ​ကိ​စ္စ​များ​ကို​ ​သား​သ​မီး​နှင့်​ ​မိ​ဘ​ပင်​ ​ဖြစ်​လင့်​က​စား​ ​ခိုး​ယူ​ကြည့်​ရှု​ခွင့်​ ​မ​ရှိ​ဟု​ ​ပိတ်​ပင်​တား​ဆီး​လိုက်​သည်​။​ ​သို့​သော်​လည်း​ ဥ​ပ​ဒေ​ ​ချိုး​ဖောက်​မှု​ဟု​ ​သတ်​မှတ်​သည့်​ ​ယင်း​ကိ​စ္စ​အ​တွက်​ ​မည်​သို့​သော​ ​ပြစ်​ဒဏ်​မျိုး​ ​ချ​မှတ်​သွား​မည်​ကို​ ​တိ​တိ​ကျ​ကျ​ ​ကြေ​ညာ​ချက်​ ​ထုတ်​ပြန်​ခြင်း​ ​မ​ရှိ​သေး​ချေ​။​

ဥ​ပ​ဒေ​သစ်​အ​ရ​ ​မူ​လ​တန်း​နှင့်​ ​အ​လယ်​တန်း​ ​ကျောင်း​များ​မှ​ ​မီ​တာ​ ​၂၀၀​ ​အ​ကွာ​အ​ဝေး​အ​တွင်း​ ​ဆိုင်​ဘာ​က​ဖေး​များ​ ​ဖွင့်​လှစ်​ခြင်း​ကို​လည်း​ ​တ​ရား​မ​ဝင်​ဟု​ ​သတ်​မှတ်​ပြီး​ ​Underage​ ​စုံ​တွဲ​များ​ ​အ​တူ​နေ​ခြင်း​ကို​လည်း​ ဥ​ပ​ဒေ​ ​ချိုး​ဖောက်​မှု​အ​ဖြစ်​ ​ယူ​ဆ​နိုင်​သည်​။​ ၎င်း​တို့​သည်​ ​လောင်း​က​စား​ ​လက်​မှတ်​များ​ကို​လည်း​ ​ဝယ်​ယူ​ခွင့်​ ​မ​ရ​နိုင်​ပေ​။​ ​သား​သ​မီးများ​၏​ ​ဖုန်း​များ​မှ​ Text​ Message​နှင့်​ ​ကွန်​ပျူ​တာ​မှ​ Chatting​ Record​များ​ကို​ ​ကြည့်​ရှု​ခွင့်​မ​ပြု​ကြောင်း​ ​ပိတ်​ပင်​သည့်​ ဥ​ပ​ဒေ​သစ်​အ​ပေါ်​ ​မိ​ဘ​အ​များ​စု​က​ ​ဒေါ​သ​တ​ကြီး​ ​ဝေ​ဖန်​ခဲ့​ကြ​သည်​။​

​မိ​မိ​တို့​အ​နေ​နှင့်​ ​က​လေး​တွေ​ ​ဘာ​လုပ်​နေ​သည်​ကို​ ​မ​သိ​ရ​ပါ​က​ ​ယင်း​တို့​၏​ ​အ​သိဉာဏ်​နှင့်​ ​ပ​ညာ​ရေး​ ​ဖွံ့​ဖြိုး​အောင်​ ​ဆောင်​ရွက်​နိုင်​မည်​ ​မ​ဟုတ်​ကြောင်း​ ​မိ​ဘ​များ​က​ အ​ရေး​ဆို​ခဲ့​ကြ​သည်​။​ ​အာ​ဏာ​ပိုင်​များ​က​မူ​ ​ယ​ခု​ကိ​စ္စ​သည်​ ​မိ​ဘ​များ​အား​ ​ပိတ်​ပင်​ရန်​ ​အ​ဓိ​က​ ​မ​ရည်​ရွယ်​ကြောင်း​၊​ ငယ်​ရွယ်​သူ​များ​၏​ Privacy​ကို​ပါ​ ​အ​လေး​ထား​ ​ထိန်း​သိမ်း​ရန်​ ​စီ​မံ​ခဲ့​ခြင်း​သာ​ဖြစ်​ကြောင်း​ တုန့်​ပြန်​ပြော​ကြား​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here