ခေတ်​မီ​​ လေ​ဆာ​ ​ရောင်​ခြည်​​ ကု​ထုံး​ က​လေးငယ်​​ တစ်ဦး​၏​ ​အ​သက်​ကို​ ​ကယ်​တင်​လိုက်​နိုင်

alt

အ​သက်​ ​၅​ ​နှစ်​အ​ရွယ်​ ​က​လေးငယ်​ ​တစ်ဦး​၏​ ​အ​သက်​အား​ ​ခေတ်​မီ​ ​လေ​ဆာ​ရောင်​ခြည်​ ​ကု​ထုံး​ဖြင့်​ ​ဗြိ​တိ​သျှ​ ​ဆ​ရာ​ဝန်​များ​က​ ​ကယ်​တင်​ပေး​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​ချာ​တိတ်​လေး​ ​ဘင်​ဂျမင်​ဝှိုက်​သည်​ ​ကျောက်​ကပ်​တွင်​ ​ကျောက်​တည်​နေ​ပြီး​ ​အ​သက်​အ​န္တ​ရာယ်​ ​စိုး​ရိမ်​ရ​လောက်​သည့်​ ​အ​ခြေ​အ​နေ​နှင့်​ ​ကြံု​ခဲ့​ရ​သည်​။​ ​ဘင်​ဂျ​မင်​၏​ ​ကျောက်​ကပ်​တွင်​ ​ကျောက်​တည်​မှု​ ​၁၆​ ​ခု​ရှိ​နေ​ပြီး​ ​အ​ချို့​မှာ​ ​အ​ချင်း​ ​၄​ ​စင်​တီ​မီ​တာ​ထိ​ပင်​ ​ကြီး​မား​နေ​သည်​။​ ​ကျောက်​ကပ်​ခွဲ​စိတ်​ရာ​တွင်​ ​အ​သုံး​ပြု​ရ​သည့်​ ​ပိုက်​များ​မှာ​ ​ဘင်​ဂျ​မင်​အ​တွက်​ ​ကြီး​မား​လွန်း​နေ​ပြီး​နောက်​ ​ဆ​ရာ​ဝန်​များ​က​ ​ကျောက်​များ​ကို​ ​လေ​ဆာ​ရောင်​ခြည်​နှင့်​ ​ပစ်​ခတ်​ဖျက်​ဆီး​ရန်​ ​ဆုံး​ဖြတ်​လိုက်​ကြ​သည်​။

​ ​ထို့​နောက်​ ​ဘင်​ဂျ​မင်​၏​ ​ကျော​ဖက်​မှ​တ​ဆင့်​ ​အ​လွန်​သေးငယ်​သော​ ​လေ​ဆာ​ရောင်​ခြည်​ အ​မျှင်​တန်း​ဖြင့်​ ​ကျောက်​များ​ကို​ ​ပစ်​ခွင်း​ကာ​ ​အ​ရည်​ဖျော်​ပစ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ကု​ထုံး​မှာ​ ​အောင်​မြင်​ခဲ့​ပြီး​ ​ယ​ခု​အ​ခါ​ ​ဘင်​ဂျ​မင်​မှာ​ ​ကျန်း​မာ​လာ​ပြီ​ဖြစ်​သည်​။​ ​ဘင်​ဂျ​မင်​၏​ဖ​ခင်​ ​ဒင်​နီ​ရယ်​ဝှိုက်​က​ ​ရှက်​ဖီး​က​လေး​ဆေး​ရုံ​မှ​ ​ဒေါက်​တာ​ပ​ရာ​ဆက်​ ​ဂေါ့​ဘိုး​အား​ ​ချီး​ကျူး​ပြော​ကြား​ခဲ့​ပြီး​ ​အ​လွန်​ဆန်း​ကြယ်​သည့်​ ​နည်း​လမ်း​ဖြင့်​ ​သား​ဖြစ်​သူ​အား​ ​ကယ်​ဆယ်​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

​ဒေါက်​တာ​ပ​ရာ​ဆက်​က​ ​အ​လွန်​စွမ်း​အင်​မြင့်​သည့်​ ​လေ​ဆာ​ရောင်​ခြည်​တန်း​ကို​ ​ကိုင်​တွယ်​ရာ​တွင်​ ​အ​ထူး​သ​တိ​ပြု​ခဲ့​ရ​ကြောင်း​ ​ရှင်း​ပြ​သွား​သည်​။​ ​ဘင်​ဂျ​မင်​သည်​ ​အ​ရွယ်​နှင့်​မ​လိုက်​အောင်​ ​ရဲ​ရင့်​သူ​ဖြစ်​ကြောင်း​၊​ ​အ​လွန်​နာ​ကျင်​သော​ ​အ​ခြေ​အ​နေ​များ​တွင်​ပင်​ ​အ​ပြံုး​မ​ပျက်​ ခံ​နိုင်​ရည်​ ​မွေး​ထား​နိုင်​ကြောင်း​ ​ဒေါက်​တာ​ပ​ရာ​ဆက်​က​ ​ပြော​ကြား​ခဲ့​သည်​။​ ယင်း​က​ပင်​ ​ဘင်​ဂျ​မင်​ ​ရှက်​ဖီး​က​လေး​ဆေး​ရုံ​သို့​ ​စ​ရောက်စဥ်​က​ ​ကျောက်​ကပ်​ကို​ ​ဓာတ်​မှန်​ရိုက်​ကြည့်​ရာ​ ​ကျောက်​သား​နံ​ရံ​ ​တစ်​ခု​နှင့်​ပင်​ ​တူ​နေ​ပြီး​ ​အ​ခြေ​အ​နေ​ ​အ​လွန်​ဆိုး​ကြောင်း​လည်း​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here