​​နေ့​စဥ်​​ ကော်​ဖီ​​ တစ်​ခွက်​​ သောက်​ခြင်း​က​ ​နှ​လုံး​နှင့်​ ​ပတ်​သက်​သော​​ ရော​ဂါ​များ​​ အား​ ​တား​ဆီး​နိုင်

alt

နေ့​စဥ်​ ​ကော်​ဖီ​တစ်​ခွက်​မျှ​ ​သောက်​ခြင်း​သည်​ ​နှ​လုံး​နှင့်​ ​ပတ်​သက်​သော​ ​ရော​ဂါ​များ​ ​ဖြစ်​ပေါ်​ခြင်း​အား​ ​တား​ဆီး​နိုင်​ကြောင်း​ ​ပ​ညာ​ရှင်​များ​က​ ​ပြော​ကြား​ခဲ့​ကြ​သည်​။​

​နေ့​စဥ်​ ​ကော်​ဖီ​တစ်​ခွက်​ ​ပုံ​မှန်​သောက်​ခြင်း​သည်​ ​ကျန်း​မာ​အ​သက်​ရှည်​သော​ ​ဘ​ဝ​အ​တွက်​ ​လမ်း​စ​တစ်​ခု​ပင်​ဖြစ်​ကြောင်း​ ​သု​တေ​သီ​များ​က​ ​ယုံ​ကြည်​နေ​သည်​။​ ​လေ့​လာ​မှု​ ​တစ်​ခု​အ​ရ​ ​သွေး​တိုး​ရော​ဂါ​ ​ရှိ​နေ​သူ​များ​ပင်​ ​နေ့စဥ်​ကော်​ဖီ​ ​တစ်​ခွက်​မျှ​ ​သောက်​ခြင်း​ဖြင့်​ ​အ​သက်​ ​၁၀၀​ ​ထိ​ ​နေ​ထိုင်​ခွင့်​ရ​မည့်​ ​အ​ခြေ​အ​နေ​မျိုး​ ​ရှိ​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​ ​ယင်း​အ​လေ့​အ​ထ​သည်​ ​သွေး​ကြော​များ​၏​ ​ကြံု့​နိုင်​ဆန့်​နိုင်​သည့်​ ​စွမ်းရည်​ကို​ ​အ​ထောက်​အ​ကူ​ပေး​ပြီး​ ​နှ​လုံး​နှင့်​ ​ပတ်​သက်​သည့်​ ​ရော​ဂါ​များ​ ​ဖြစ်​နိုင်​ခြေ​ကို​ ​လျော့​ကျ​စေ​ကြောင်း​ ​သိ​ရ​သည်​။​

​ဂ​ရိ​နိုင်ငံ​၊​ ​အီ​ကာ​ရီ​ယာ​ကျွန်း​မှ​ အသက်​ ​၆၅​ ​နှ​စ​်​မှ​ ​၁၀၀​ ​ကြား​ ​ဒေ​သ​ခံ​များ​၏​ ​နေ​ထိုင်​မှု​ ​အ​လေ့​အ​ထ​များ​ကို​ ​လေ့​လာ​ပြီး​နောက်​ ​အ​သက်​ ​၉၀​ ​ဝန်း​ကျင်​ ​အ​များ​စု​သည်​ ​နေ့​စဥ်​ကော်ဖီ​တစ်​ခွက်​ ​စွဲ​မြဲ​စွာ​ ​သောက်​သုံး​နေ​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​ ​ယင်း​တို့​သည်​ ​ကင်​ဆာ​ရော​ဂါ​များ​ ​ဖြစ်​နိုင်​ခြေ​ ​ပျမ်း​မျှ​ ​၂၀​ ​ရာ​ခိုင်​နှုန်း​မျှ​ ​လျော့​နည်း​နေ​ပြီး​ ​နှလုံး​နှင့်​ ​ပတ်​သက်​သော​ ​ရော​ဂါ​များ​ ​ဖြစ်​နိုင်​ခြေ​ ​၅၀​ ​ရာ​ခိုင်​နှုန်း​ထိ​ ​လျော့​ကျ​သွား​ကြောင်း​ ​ဆ​ရာ​ဝန်​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​အေ​သင်​တ​က္က​သိုလ်​မှ​ ​ပ​ညာ​ရှင်​များ​က​ ​လေ့​လာ​ခဲ့​သူ​ ​၄၈၅​ ဦး​အ​နက်​ ​သွေး​တိုး​ရော​ဂါ​ ​ရှိ​နေ​သူ​များ​ ​ပါ​ဝင်​သည့်​တိုင်​ ​ကော်​ဖီ​ပုံ​မှန်​ ​စွဲ​မြဲ​စွာ​ ​သောက်​သုံး​သည့်​ ​အ​လေ့​အ​ကျင့်​ ​ရှိ​သူ​ ​အ​များ​စု​မှာ​ ​ကျန်း​မာ​ရေး​ ​ကောင်း​မွန်​ကြောင်း​ ​တွေ့​ရှိ​ခဲ့​သည်​။​

​အေ​သင်​တ​က္က​သိုလ်​မှ​ ​ဒေါက်​တာ​ ​ခ​ရစ်​စ​တီး​နား​ ​ချာ​ရီ​ဆို​ဟွန်း​က​ ​ဆေး​ပ​ညာ​နယ်​ပယ်​တွင်​ ​ကော်​ဖီ​သောက်​ခြင်း​ကြောင့်​ ​ကျန်း​မာ​ရေး​အ​ပေါ်​ ​မည်​သို့​သက်​ရောက်​သည်​ဆို​သော​ ​တွေ့​ရှိ​ချက်​များ​မှာ​ ​ရှုပ်​ထွေး​နေ​ဆဲ​ဟု​ ​ဝန်​ခံ​ခဲ့​သည်​။​ ​အ​ချို့​က​ ​ကော်​ဖီ​သောက်​ခြင်း​ကြောင့်​ ​သွေး​တိုး​နိုင်​ကြောင်း​ ​ပြော​ကြား​ထား​သော်​လည်း​ ​သင့်​တင့်​မျှ​တ​သော​ ပ​မာ​ဏ​မျှ​ ​ကော်​ဖီ​ကို​ ​စွဲ​မြဲ​စွာ​ ​သောက်​သုံး​ခြင်း​သည်​ ​အ​သက်​ရှည်​ဆေး​ ​တစ်​မျိုး​ပင်​ဖြစ်​သည်​ဟု​ ​သူ​မ​အ​နေ​နှင့်​ ​ယုံ​ကြည်​ကြောင်း​ ​ဒေါက်​တာ​ ​ခ​ရစ်​စ​တီး​နား​က​ ​ထောက်​ခံ​ပြော​ကြား​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here