အီ​တ​လီ​ရှိ​​ ​ရေ​ခဲ​ပြင်​​ စ​ကိတ်​ကွင်း​တွင်​​ ​ပ​ထ​မ​ ​က​မ္ဘာစစ်​မှ​​ ​စစ်​သား​​ ရုပ်​အ​လောင်း​​ ​ရှာ​ဖွေ​​ တွေ့​ရှိ

alt

အီ​တ​လီ​နိုင်ငံ​ရှိ​​ ​ရေ​ခဲ​ပြင်​ ​စ​ကိတ်​ကွင်း​တစ်​ခု​တွင်​​ ​ပ​ထ​မ​ ​က​မ္ဘာ​စစ်​အ​တွင်း​က​တည်း​က​​ ​သေ​ဆုံး​ခဲ့​သည့်​ ​အီ​တ​လီ​​ ​စစ်​သား​တစ်ဦး​၏​ ​ရုပ်​အ​လောင်း​အား​​ ​မ​တော်​တ​ဆ​ ​ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​သည်​။​​ ​

သ​မိုင်း​မှတ်​တမ်း​ ​တစ်​ခု​ကို​​ ​တူး​ဖော်​မိ​ခြင်း​အ​ဖြစ်​​ ​သတ်​မှတ်​နိုင်​သည့်​​ ​အ​ဆိုပါ​ ​တွေ့​ရှိ​မှု​ကို​​ ​ဒီ​နို​ဒီ​ဘာ​နာ​ဒင်​​ ​အ​မည်​ရှိ​ ​ဒေ​သ​ခံ​တစ်ဦး​က​​ ​လမ်း​လျှောက်​ထွက်​ရင်း​​ ​မ​တော်​တ​ဆ​ ​ဖော်​ထုတ်​နိုင်​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က​​ ​အ​ရိုး​စု​သာ​ ​ကျန်​တော့​သည့်​​ ​ရုပ်​ကြွင်း​သည်​ ​ပ​ထ​မ​က​မ္ဘာ​စစ်​​ ​အီ​တ​လီ​ ​တောင်​တက်​စစ်​ဆင်​ရေး​​ ​တပ်​သား​တစ်ဦး​ဖြစ်​ကြောင်း​​ ​အ​တည်​ပြု​နိုင်​ခဲ့​သည်​။​​ ​မြေ​ပြင်​အ​မြင့်​ ​၂၈၀၀​​ ​မီ​တာ​ရှိ​ ​ရေ​ခဲ​ပြင်​တွင်​​ ​တွေ့​ရ​သော​ ​အ​လောင်း​တွင်​​ ​ကာ​လ​ရှည်​ကြာ​သ​ဖြင့်​​ ​ဆွေး​မြေ့​နေ​သော​ ​ဘွတ်​ဖိ​နပ်​များ​ပင်​​ ​ရှိ​နေ​သေး​သည်​။​ ​အ​ရိုး​စု​​ ​တွေ့​ရှိ​ရာ​ ​မာ​မို​လာ​ဒါ​တောင်​ရှိ​​ ​ရေ​ခဲ​ပြင်​စ​ခန်း​သည်​​ ​အီ​တ​လီ​ ​အ​ရှေ့​မြောက်​ပိုင်း​တွင်​​ ​တည်​ရှိ​ပြီး​ ဩ​စ​တြီး​ယား​နိုင်ငံ​​ ​နယ်​ခြား​နှင့်​ ​နီး​ကပ်​စွာ​​ ​တည်​ရှိ​နေ​သည်​။​ ​

သု​တေ​သီ​များ​က​​ ​အ​လောင်း​၏​ ​သေ​ဆုံး​ရ​မှု​​ ​အ​ကြောင်း​ရင်း​နှင့်​​ ​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ဆို​သော​​ ​အ​ချ​က်​များ​ကို​ ​ဖော်​ထုတ်​နိုင်​ရန်​​ ​ကြိုး​ပမ်း​နေ​ဆဲ​ဖြစ်​ပြီး​​ ​နောက်​ပိုင်း​တွင်​ ​စစ်​သ​င်္ချိုင်း​တစ်​ခု​သို့​​ ​ပြောင်း​ရွှေ့​မြှုပ်​နှံ​ပေး​မည်​ဟု​​ ​သိ​ရ​သည်​။​ ပ​ထ​မ​က​မ္ဘာ​စစ်​အ​တွင်း​​ ​အ​ဆို​ပါ​ ​နေ​ရာ​တွင်​​ ​ဖြစ်​ပွား​သော​ ​တိုက်​ပွဲ​များ​နှင့်​​ ​အ​အေး​ဒဏ်​တို့​ကြောင့်​​ ​အီ​တ​လီ​စစ်​သား​ ​၉၀၀၀​​ ​ကျော်​ ​သေ​ဆုံး​ခဲ့​ကြောင်း​လည်း​​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here