ဆင်ဖြူတော်​ ပိုင်ရှင်များရဲ့​ နိဂုံး

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

အာရှနိုင်ငံ အတော်များများမှာ ဆင်ဖြူတော် ပိုင်ရှင် ဖြစ်ချင်တဲ့၊​

ရောဂါ ရှိကြတာကို သမိုင်း စာအုပ်တွေမှာ ဖတ်ဘူးကြမှာပါ။​ ဆင်ဖြူရှင်မင်းတွေဟာ၊​ တန်ခိုးကြီး ကြတယ်။​တန်ခိုးကြီးတဲ့ မင်းမှ ဆင်ဖြူ ပိုင်ရှင်ဖြစ် ကြတယ်လို့ ရေးသား ကြတာကိုလည်း တွေ့ရပါတယ်။​ ​

ဒါကလည်း၊​ ဟိုတုံးက၊​ ဘုရင်ကိုဖါးတဲ့အနေနဲ့ အမတ်မင်းတွေက၊​ မြှောက်ထိုး ပင့်ကော်ပြောကြတာ လား။​ တကယ်ပဲ၊​ သူတို့ရဲ့ ဂန္ဘီရ အတတ်ပညာမှာ၊​ အဲဒီအတိုင်း မြင်တာလား ဆိုတာ ကိုတော့၊​ ကာယကံ ရှင်တွေပဲ အသိဆုံးဖြစ်မှာပါ။​ ​

အိပ်ဇိုင်းတောင် ငယ်ငယ်တုံးက၊​ လူကြီးတွေ ပြောတာကြားပြီးတော့၊​ ဆင်ဖြူရှင် ဖြစ်ချင်တဲ့ ရောဂါဖြစ် ဘူးတယ်။​ အင်း​ -​ တကယ်တော့၊​ ဆင်တွေဟာ အမဲချည်းပဲ။​ ငါသာ ဆင်ဖြူ ပိုင်ရှင် ဖြစ်ရင်တော့၊​ တန်ဆောင်တိုင်ပွဲမှာ ဆင်စီးပြီး၊​ အိမ်ရှေ့အိမ်က ဦးတရုတ်ပုကို ကြွားလိုက်မယ် ဆိုပြီး စိတ်ကူး မိတယ်။​ ဦးတရုတ်ပုရဲ့​ ဝီစလီကားကို မနက်တိုင်း၊​ တရပ်ကွက်လုံးက လူတွေ တွန်းနှိုး ပေးရတယ်။​ ဆင်ဆိုရင် တော့၊​ တွန်းစရာ မလိုဘူးလို့ ကလေးတွေး၊​ တွေးမိတာလေ။​ ဟီ​ -​ ဟိ​ -​ ဒါကလည်း မူလတန်းကျောင်း တုံးက ဘုရင် ဆင်စီးပြီး တိုင်းခန်း လှည့်တာကို အားကျလို့ပေါ့။​ ​

ဒါပေမဲ့၊​ မြန်မာပြည်မှာ ဆင်လိုက်တဲ့ အကြောင်း၊​ ဆင်ဖမ်းတဲ့ အကြောင်း စာအုပ်တွေ ဖတ်မိတော့၊​ ဆင် ဖမ်းတဲ့ သူတွေဟာ ရခိုင််ရိုးမတောထဲမှာ သွားဖမ်းတယ်ဆိုတာသိရမှပဲ၊​ ဆင်ဖြူ ပိုင်ချင်တဲ့၊​ အကြံကို စွန့်လွှတ် လိုက်ရတယ်။​ ​

ဖြစ်ပုံကတော့၊​ အိပ်ဇိုင်း ငယ်ငယ်တုံးက၊​ အိမ်ချင်းကပ် နေဘူးတဲ့၊​ ဘားမား နေဗီက အန်ကယ် ပြောပြတဲ့ အတွေ့ အကြံုကြောင့်ပဲလေ။​ ​

ဘားမား နေဗီက​ အန်ကယ်က ဂျူဒိုခါးပတ်နက်ရထားတာ။​ သူသာ ဂျူဒို ခါးပတ်နက် မရထားရင်၊​ သူတာ ​ဝန်ကျတဲ့၊​ မြန်မာ နိုင်ငံ အနောက်ဖက် နယ်စပ်မှာ နေဖို့ မလွယ်ဘူးတဲ့၊​ သူတို့ ကုန်းပေါ် တက်တာနဲ့ ဒေသ ခံတွေက သူတို့ကို ရန်စ တိုက်ခိုက်တယ် ဆိုပဲ။​ နောက်ပြီးတော့၊​ အဲဒီ ဒေသမှာ ဈေးဆိုင်တွေဟာ ရုပ်ရှင်ရုံမှာ လက်မှတ် ရောင်းသလို၊​ အပေါက် ကလေး၊​ သေးသေးလေး တပေါက်ပဲ ရှိတယ်တဲ့။​ ဒါတောင် အဲဒီအ ပေါက်ကနေ လက်ထည့်ပြီး လုယက်တာရှိလို့၊​ အဲဒီလုတဲ့ လက်ကိုအထဲက နေပြီးတော့၊​ တူနဲ့ထုပစ်ရ တယ်တဲ့၊​ ဒါကြောင့်မို့လို့ အဲဒီလောက် ကြောက်စရာ ကောင်းတဲ့ ဒေသကို၊​ အိပ်ဇိုင်း အရွယ် ရောက်ရင်၊​ ဆင်ဖြူ ဖမ်းဖို့ မသွားတော့ဘူးလို့ ဆုံဖြတ်လိုက်လေ။​ ​

ဒါပေမဲ့၊​ အိပ်ဇိုင်းကတော့၊​ အကြံကို မစွန့်လွှတ်သေးဘူး။​ ရန်ကုန် တိရိစ္ဆာန်ရုံက ဆင်တကောင်​ဝယ်ပေး ဖို့အိပ်ဇိုင်းရဲ့ အဖိုးကို ပူဆာသေးတယ်။​ အဖိုးက ဘာလုပ်မလဲ မေးတော့၊​ ဆင်ကို နေ့တိုင််း ရေချိုးပေးပြီး တော့၊​ သနပ်ခါး လိမ်းပေးမယ်။​ နောင်ကြာ လာတာတဲ့အခါ၊​ ဆင်အဖြူ ဖြစ်သွားမယ်လို့ ပြောတော့၊​ အဖိုးက မင်းဘယ်လို သိသလဲလို့မေးပြန်ရော၊​ ဒီအတွက် အဖြေကလည်း၊​ အိပ်ဇိုင်းမှာရှိတယ်လေ။​ ​

မနက်တိုင်း ကျောင်းမသွားခင် ရေချိုးပြီးရင်၊​ ဒေါ်လေး ငယ်ငယ်က၊​ သနပ်ခါး လိမ်းပေးတယ်။​ ကျောင်းက သူငယ်ချင်းတွေက မိန်းမ ရှာလို့ နောင်ပြောင်တော့၊​ အိပ်ဇိုင်း၊​ သနပ်ခါး လိမ်းပြီး၊​ ကျောင်း မသွားချင် ဘူး။​ ဒေါ်လေး ငယ်ငယ်က မင်း မလိမ်းလို့မဖြစ်ဘူး။​ အခုကထဲကမင်း၊​ သနပ်ခါး လိမ်းမှ၊​ နောင်ကြီးလာ တဲ့အခါ အသားဖြူမယ်လို့ ပြောတာကို အဖိုးကို ရှင်းပြ လိုက်တယ်လေ။​ ဟီ​ -​ ဟိ​ -​ ဒါပေမဲ့၊​ အိပ်ဇိုင်းတ ယောက် အခု အချိန် အထိ အသား မဖြူသေးပါဘူး။​ ​

အဖိုးက ဆင်ဖြူတာဟာ၊​ သနပ်ခါး လိမ်းလို့ မဟုတ်ဘူး။​ ဆင် ဆိုတာ အမဲ ပါပဲ။​ ကျွဲလိုပဲပေါ့ လို့ ဆိုတယ်။​ ​

ပြီးတော့၊​ ဂျိုတီရုံ (အခု၊​ သီဟရုံ) အောက်က၊​ ထီးပြင်တဲ့ အဖိုးကြီးကို ငါ့မြေးတွေ့တယ် မဟုတ်လား။​ သူက အရင်တုံးက အသားမဲတယ်။​ နောက်တော့၊​ ခရုသင်းလို့​​ ခေါ်တဲ့ အရေပြား ရောဂါကြောင့် ဖြူသွားတဲ့ အကြောင်း၊​ နောက်ပြီး၊​ ငါ့မြေးတို့ ကျောင်းက၊​ ဘို​ဝင်စားဆိုတဲ့​ ကလေးဟာလည်း၊​ မွေးရာပါ ခရုသင်း အရေပြား ရောဂါသယ် ဖြစ်တယ်လို့ အဖိုးက ရှင်းပြ​ ပါတယ်။​ ဒါပေမယ့်၊​ အိပ်ဇိုင်းကတော့၊​ သိပ်​ ဘ​ဝင်မ ကျသေးပါဘူး။​ ​

နောင်​ အတန်းကြီးလာတဲ့​ အခါမှာ၊​ အာယုဒ္ဒယ​ မင်းဆီမှာ​ ရှိတဲ့၊​ ဆင်ဖြူကို​ တပင်ရွှေထီးက​ ဆက်သ​ ခိုင်းတယ်။​ ဟိုက​ တကောင်ပေးတာကို၊​ တပင်ရွှေထီးက​ မကျေနပ်ပဲ၊​ လေးကောင်လုံး​ ပေးရမယ်​ ဆိုပြီး​ ပြောတယ်။​ နောက်ဆုံးတော့၊​ အာယုဒ္ဒယ​ တိုက်ခိုက်​ ချေမှုန်း​ ခံလိုက်ရတယ်။​ ​

ဒီ​ သမိုင်းကြောင်းကို​ ဖတ်လိုက်​ ရတော့၊​ အင်း​ -​ ဆင်ဖြူပိုင်ရင်​ တန်းခိုးရှိတယ်။​ ဘုန်းကြီး​ တယ်ဆိုပြီးတော့ အာယုဒ္ဒယ​ မြို့ပြ​ နိုင်ငံ​ ပျက်သုန်း​ သွားရတယ်​ ဆိုတော့၊​ ဒီခရုသင်း​ ဆင်ဖြူဟာ​ ဘာမှ​ အားကိုးလို့​ မရဘူး။​ ​

အဲဒီလို​ တွေးမိတဲ့​ အချိန်တုံးက၊​ အိပ်ဇိုင်းလို ့နိုင်ငံမှာ၊​ ကိုရိုလာကားတွေ​ ခေတ်စားနေတဲ့​ အချိန်ဆိုတော့ အကြိမ်ကြိမ်​ တွန်းမှာစက်နိုးတဲ့၊​ ဦးတရုတ်ပုရဲ့​​ ဝီစလီကားမျိုးကို​ ဘယ်တော့မှ​​ ဝယ်မစီးဘူး။​ နောက်ပြီး အာယုဒ္ဒ​ နေပြည်တော်ကြီး​ ပျက်သုန်းသွားရတဲ့၊​ ဆင်ဖြူကိုလည်း​ မစီးတော့ဘူးလို့​ အိပ်ဇိုင်း​ ဆုံးဖြတ် လိုက်တယ်လေ။​ ​

ဟော​ -​ ကြည့်​ လပ်လပ်​ ဆပ်ဆပ်​ ဖြစ်သွားတဲ့၊​ မြန်မာပြည်က​ အဖြစ်အပျက်လေ။​ ​ဝန်ကြီးချုပ်၊​ အတွင်းရေးမှူး​ ၁၊​ ဗိုလ်ချုပ်ကြီး​ ခင်ညွှန့်​က​ ဆင်ဖြူ​ ရလို့​ ပျော်နေတယ်။​ သူ့ကိုယ်​ သူ​ ဘုန်း​ တန်းခိုးတွေ​ ကြီးနေတယ် လို့​ ထင်နေခဲ့တယ်။​ တကယ်တော့၊​ ဦးနေ​ဝင်းကောင်းမှုနဲ ့​ အရှင်မွေးပြီး၊​ နေ့ချင်း​ ကြီးသွားတာ။​ ​

နောက်ဆုံးတော့၊​ ခရုသင်း​ ဆင်​ တန်းခိုးနဲ့​ ဗိုလ်ချုပ်ကြီး​ ခင်ညွှန့်ဟာ၊​ သူ့ရဲ့​ ဗိုလ်ချုပ်ကြီး​ ရာထူး၊​ ​ဝန်ကြီးချုပ်​ ရာထူးနဲ့​ အတွင်းရေးမှူး​ ၁ ရာထူးတွေ​ ကပါ​ ပြုတ်သွားပြီးတော့၊​ အိမ်ချုပ်​တောင်ကျ​ သွားတယ်လေ။​ ​

သူတို့​ အသိုင်းအ​ဝိုင််းကနေ​ ထွက်လာတဲ့​ သတင်းအရ၊​ ဦးခင်ညွှန့်ဟာ၊​ တခေါင်းလုံ​း​​  ဖြူ​ နေတဲ့​ သူ့ရဲ့​ ဆံပင်ကိုလည်း​ ဆေး​ မဆိုးတော့ပဲနဲ့​ စွပ်ကျယ်​ ချိုင်းပြတ်​​ ဝတ်ပြီး၊​ အနောက်​ ပစ်ထားတဲ့​ လက်တဖက်မှာ​ ရွှေတိဂုံဘုရားက​​ ဝယ်လာတဲ့၊​ အဲ​ -​ သူ့ရဲ့​ ဘိုးတော်က​​ ဝယ်ပြီး၊​ ဥုံခံမှုတ်​ ပေးထားတဲ့၊​ နံသာ​ ပုတီးကို​ စိပ်ရင်း၊​ သူ့ရဲ့ အိမ်​ဝင်းထဲမှာ​ လမ်းလျှောက်​ နေတယ်တဲ့။​ ခရုသင်း​ ဆင်ရေ၊​ အသင့်ကို​ ဘယုတ်​ ဘယက်လို့​ ဘိသိပ်ခံ ပေးတဲ့၊​ အသင့်ရဲ့​ အရှင်သခင်ကို​ အသင်​ မကယ်နိုင်တာ၊​ အသင့်ရဲ့​ အပြစ်​ မဟုတ်ပါဘူး။​ အသင်ဟာ​ ဆင်​ တကောင်ပါပဲ။​ သူတို့က၊​ ပယင်း၊​ ဒုထ္တာ၊​ မိလ္လာပါ​ မကျန်​ ပိုင်တဲ့​ သူတွေမို့၊​ ပေါတောတော​ လုပ်တာဆိုပြီး တော့၊​ ဘယုတ်​ ဘယက်​ မပျင်းရအောင်၊​ ဦးခင်ညွန့်က​ အဖေါ်​ အဖြစ်​ စီစဉ်​ ပေးထားတဲ့၊​ ဆင်ကလေး​ အညာသားက​ အားပေးရှာတယ်တဲ့။​ ​

ဦးခင်ညွှန့်​ ပြီးတော့၊​ ဗိုလ်ချုပ်မှူး​ ကြီးသန်းရွှေကလည်း၊​ တလောတုံးက၊​ ခရုသင်းဆင်​ -​ အဲလေ​ -​ ဆင်ဖြူ တကောင်​ ရလို့​ အကြီးအကျယ်​ ပွဲခံခဲ့တာကို​ မှတ်မိ​ ကျအုံးမှာပေါ့။​ ​

သိပ်မကြာပါဘူး။​ ဗိုလ်ချုပ်မှူးကြီးတို့၊​ ဒု​ ဗိုလ်ချုပ်မှူးကြီး​ အပါအ​ဝင်၊​ ဗိုလ်ချုပ်တွေ​ အားလုံး​ အခွံကျွတ် ကုန်တယ်​ -​ အဲ​ -​ ယူနီဖေါင်း​ ချွတ်ပြီး၊​ လူ​ဝတ်လဲ​ -​ အဲ​ -​ အဲ​ -​ အရပ်​ဝတ်လဲ​ တယ်လို့​ သတင်းထွက်တော့၊​ ခရုသင်း​ ဆင်တော့၊​ တန်းခိုးပြ​ ပြီလာလို့၊​ ဘယ်ဟုတ်​ မလဲ၊​ ဘာမဆို​ လုပ်ရင်​ တရာ​း​ဝင်​ မကြေညာပဲ၊​ ခိုးကြောင်​ ခိုး​ဝှက်​ လုပ်လေ့​ ရှိတဲ့၊​ ဗိုလ်ချုပ်မှူးကြီးတို့က၊​ ငါမသေ​ -​ သေးဘူး​ -​ ငါမသေ​ -​ သေးဘူး။​ အိန္ဒိယ သမုဒ္ဒရာက​ ရေမခန်း​ သမျှကို​ -​ လို့​ သီချင်းဆိုရင်းနဲ့​ အာစီယံ​ နိုင်ငံ​ ထဲက၊​ သမ္မတ​ တယောက်နဲ​ ့ဒု​ သမ္မတ တယောက်ကို​ သ​ဝဏ်လွှာ​ ပို့ပြရင်း၊​ မင်းတို့​ မှတ်ထားကြလို့​ ပြောလိုက်တာပဲ။​ ​

အခု​ အချိန်​ အထိသူတို့ဟာ၊​ အလတ်ကြီး​ ရှိနေကြပေမဲ့၊​ အာယုဒ္ဒယ​ နေပြည်တော်ကြီး​ မီးဖုတ်ခံ​ ရသလို၊​ ခရုသင်း​ ဆင်ကြောင့်၊​ နအဖရဲ့​ နေပြည်တော်ကြီးလည်း၊​ မီး​ အဖုတ်ခ​ ံရမလား၊​ ဒါမှ​ မဟုတ်၊​ ခရုသင်းဆင် ပိုင်ရှင်ပဲ​ ရာထူးက​ အဖြုတ်ခံရပြီး၊​ ထောင်သွင်း​ အကျဉ်းချ​ ခံရမလား​ ဆိုတာကိုတော့၊​ မြန်မာ​ နိုင်ငံသား တွေနဲ့​ နိုင်ငံတကာ​ မိသားစုကပါ၊​ ပိတ်ကားပေါ်မှာ​ စောင့်မျှော်​ ကြည့်ရှု​ ကြပါ၊​ ခင်ဗျာ။​ ​

အိပ်ဇိုင်းမာတလိ

၅.၉.၂​​၀၁​​၀

LEAVE A REPLY

Please enter your comment!
Please enter your name here