န​အ​ဖ​ စာ​ပေ​စီ​စစ်​ရေး​နှင့်​​ ​ရေ​ခဲ​သေ​တ္တာလက်​ဆောင်

alt

မ​နေ့​က​ ​စ​နေ​နေ့​တွင်​ ​စာ​ပေ​စီစစ်​ရေး​​၏​ ​အ​ရာ​ရှိ​တစ်ဦး​​ဖြစ်​သူ​ ​ဒေါ်​မြ​မြ​အား​ Messenger​ ​ဂျာ​နယ်မှ​ ​ရေ​ခဲ​သေ​တ္တာ​သစ်​ ​တစ်​လုံး​​ ဝယ်​ယူ​​ လက်​ဆောင်​ပေး​မှု​ကြောင့်​​ အ​ဆို​ပါ​ ​ဂျာ​နယ်​နှင့်​​ ​ပတ်​သက်​၍​ ​စီ​စစ်​ ​ကန့်​သတ်​နေ​မှု​များ​​အား​ ​လျော့​​ပေး​လိုက်​ကြောင်း​​ ​သ​တင်းရ​ရှိ​သည်​။​​ ​

စာ​ပေ​စီ​စစ်​ရေး​​ ​အ​ရာ​ရှိ​ ​ဒေါ်​မြ​မြ​သည်​ ​မ​ကြာ​မီ​လ​ပိုင်း​တွင်​ ​အ​ငြိမ်း​စား​​ ​ယူ​သွား​​တော့​မည်​ဖြစ်​ရာ​ ​စာ​ပေ​စီ​စစ်​ရေး​​ လာ​တင်​သည့်​​ ​ဂျာ​နယ်​နှင့်​​ ​သ​တင်း​စာ​စောင်​များ​အား​​ ​အ​ကြောင်း​မ​ရှိ​ ရ​မယ်​ရှာ​ကာ​ ​အမျိုး​မျိုး​​ ​တင်း​​ကြပ်​ ​အ​ရေး​ယူ​​ လျက်​ရှိ​နေ​ခြင်း​​ ​ဖြစ်​သည်​။​​ ​ပြန်ကြားရေး​ ဝန်ကြီး​ ဌာန လက်အောက်တွင် ရှိသော စာပေစိစစ်ရေး​ ဌာနသည် ရွေးကောက်ပွဲကာလ နီးကပ် လာသည်နှင့်​ အမျှ ပိုမို​ တင်းကျပ်သော မူဝါဒများ ချမှတ်လာကာ ရွေးကောက်ပွဲ ဥပဒေကို ဝေဖန်ခြင်း၊ မှားယွင်းဖော်ပြခြင်း ပြုလုပ်လျင်​ သတင်းဂျာနယ်များ ပိတ်သိမ်းမည်ဟူ၍ ဇူလိုင်လ ၂၀ ရက်နေ့က ညွှွန်ကြားချက်တစောင် ထုတ်ပြန်ခဲ့​သေး​သည်။

စာပေ​ စိစစ်နှင့် မှတ်ပုံတင်​ ဌာနသည် စစ်ထောက်လှမ်းရေး အကြီးအကဲ ဒုတိယ​ ဗိုလ်ချုပ်ကြီးမြင့်ဆွေ ဦးဆောင် ပါဝင်သော နိုင်ငံတော် လုံခြုံရေး​ အဖွဲ့၏ ညွှန်ကြားချက်ဖြင့် သတင်းများ​ စီစစ် ဖြုတ်ပယ် နေရသည့်အပြင်ညွှန်ကြားရေးမှူး ဗိုလ်မှူး တင့်ဆွေသည်လည်း တင်းကျပ်စွာ ဆောင်ရွက်မည့် စာပေ​ စိစစ်ရေး မူဝါဒများနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီး​ ဌာနသို့ မကြာခဏ​ ဆိုသလို သွားရောက် ဩဝါဒ ခံယူ နေကြောင်း လည်း​ သိရသည်။

“ဂျာနယ်မှာပါတဲ့ သတင်းတခုကြောင့် လူကြီးတွေ စိတ်ဆိုးရင် ကျနော်တို့ စာပေ စိစစ်ရေးက ဝန်ထမ်းတွေ နေစရာ နေရာ မရှိတော့ဘူး။ အပေါ်ကလည်း ထောင်း၊ ဂျာနယ်တွေကလည်း ငြိုငြင်နဲ့ ကျနော်တို့ အနေအထားက တော်တော် ထိခိုက် လွယ်တယ်။ အချိန်မရွေး ရာထူးက ပြုတ်ကျသွားနိုင်တယ်။ ထောင်ကျသွားနိုင်တယ်” ဟု အမည် မဖော်လိုသော စာတည်းမှူး တဦးက ရှင်းပြ ခဲ့​​ပြီး​​၊​​ စာပေ စိစစ်ရေးက ခွင့်ပြု ထားပြီးသည့် သတင်းဖြစ်သော်လည်း နေပြည်တော်ရှိ စစ် ဗိုလ်ချုပ်ကြီးများကို စိတ် အနှောင့်အယှက် ဖြစ်စေလျှင် စာပေ စိစစ်ရေးက သတင်း ဂျာနယ်အား ပိတ်ပင် အရေးယူလေ့ရှိသည်။

မြန်မာ နိုင်ငံတွင် သတင်း ဂျာနယ်နှင့် အားကစား ဂျာနယ် အပါအဝင် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန့်ချိခွင့် ပြုထားပြီး​​ စာပေ စိစစ်ရေးနှင့် မှတ်ပုံတင် ဌာနသည်​ ​ပိတ်​ရက်​မ​ရှိ​ဘဲ တင်းတင်းကျပ်ကျပ် စစ်ဆေး ဖြတ်တောက်ခြင်း​ ​ခံဝန်​လက်​မှတ်​ ​ေ​ရး​ထိုး​​စေ​ခြင်း​​ ​အ​ကြောင်း​ အ​မျိုး​မျိုး​​ပြ​ကာ​ ​ကြန့်​​ကြာ​အောင်​ ​ဆောင်​ရွှက်​လျှက်​ရှိ​သည်​။​

ဇူလိုင်လနှင့် ဩဂုတ်လ ၂ လ အတွင်း တွင် စာပေ စိစစ်ရေးက ၄ ကြိမ် တိုင်တိုင် ဂျာနယ် ထုတ်ဝေ ခွင့် ပိတ်ပင်ခြင်းများ ပြုလုပ်ထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here