ဂျ​ပန်​လက်​​​ ဘော​လုံးရွေး​စင်​​ အသင်း​အား​ ​ဆာ​မူ​ရိုင်း​ ​စ​တိုင်​ ​က​စား​ဟန်​ဖြင့်​ ​ပုံ​ဖော်​မည်​ဟု​ ​နည်း​ပြ​သစ်​​ ပြော​ကြား

alt

ဂျ​ပန်​လက်​ရွေး​စင်​ ​ဘော​လုံး​အ​သင်း​အား​ ​နည်း​ပြ​အ​ဖြစ်​ ​တာ​ဝန်​စ​ယူ​လိုက်​သည့်​​ အယ်​ဘာ​တို​ ​မက်​ခ​ရို​နီ​က​ ​ဂျ​ပန်​အ​သင်း​အား​ ​ဆာ​မူ​ရိုင်း​စ​တိုင်​ ​က​စား​ဟန်​မျိုး​ ​ပုံ​ဖော်​သွား​မည်​ဟု​ ​ကြွေး​ကြော်​ လိုက်​သည်​။

​ ​ဂျူ​ဗင်း​တပ်​နှင့်​ ​အေ​စီ​မီ​လန်​ကဲ့​သို့​ ​အီ​တ​လီ​ထိပ်​တန်း​ ​က​လပ်​များ​ကို​ ​ကိုင်​တွယ်​ဖူး​သည့်​ ​အီ​တ​လီ​သား​ ​နည်း​ပြ​ကြီး​က​ ​ဘော​လုံး​ပ​ရိ​သတ်​များ​သည်​ ​ဇက်​ခ​ရို​နီ​၏​ ​ကိုယ်​ပိုင်​ဟန်​ကို​ ​ဂျ​ပန်​အ​သင်း​တွင်​ ​တွေ့​မြင်​ရ​မည်​ဖြစ်​ပြီး​ ​ဂျ​ပ​န်​က​စား​သ​မား​များ​သည်​ ​ဇက်​ခ​ရို​နီ​၏​ ​ဆာ​မူ​ရိုင်း​များ​ဟု​ ​တင်​စား​ခံ​ရ​စေ​မည်​ဟု​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​ သွား​သည်​။​

​အ​သက်​ ​၅၇​ ​နှစ်​ရှိ​ ​နည်း​ပြ​ကြီး​သည်​ ​ဂျ​ပန်​အ​သင်း​၏​ ​ပ​ထ​မ​ဆုံး​ ​အီ​တ​လီ​သား​ ​နည်း​ပြ​နှင့်​ ​၆​ ဦး​မြောက်​ ​နိုင်ငံ​ခြား​သား​ ​နည်း​ပြ​လည်း​ ​ဖြစ်​လာ​သည်​။​ ၎င်း​က​ ​ဂျ​ပန်​အ​သင်း​၏​ ​တောင်​အာ​ဖ​ရိ​က​ ​က​မ္ဘာ့​ဖ​လား​တွင်​ ​စွမ်း​ဆောင်​ပြ​ခဲ့​မှု​မှာ​ ​အ​ထင်​ကြီး​စ​ရာ​ဖြစ်​ကြောင်း​ ​ချီး​ကျူး​သွား​သည်​။

​ ​ဇက်​ခ​ရို​နီ​သည်​ ​က​လပ်​အ​သင်း​ ​နည်း​ပြ​အ​ဖြစ်​ ​၂၅​ ​နှစ်​မျှ​ ​အ​တွေ့​အ​ကြံု​ ​ရှိ​ခဲ့​သော်​လည်း​ ​နိုင်ငံ​လက်​ရွေး​စင်​ ​အ​သင်း​တစ်​သင်းအ​နေ​နှင့်​ ​ဂျ​ပန်​ကို​ ​ပ​ထ​မ​ဆုံး​ ​ကိုင်​တွယ်​ဖူး​ခြင်း​ဖြစ်​သည်​။​ ၎င်း​သည်​ ​ပ​ထ​မ​ဆုံး​ ​ပွဲဦး​ထွက်​အ​ဖြစ်​ ​အာ​ရှ​ဖ​လား​ပြိုင်​ပွဲ​တွင်​ ​ကာ​တာ​နှင့်​ ​ဇန်​ဝါ​ရီ​လ​အ​တွင်း​ ​တွေ့​ဆုံ​ရာ​တွင်​ ​နည်း​ပြ​သွား​မည်​ဟု​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here