ရံ​ပုံ​ငွေ​​ တစ်​ခု​​ အ​တွက်​ ​ပေါင်​စ​တာ​လင်​ ​၁၀​ ​သန်း​ ​ဂျေ​ကေ​ရို​လင်း​​ လှူ​ဒါန်း

alt

စာ​ရေး​ဆ​ရာ​မ​ ​ဂျေ​ကေ​ရိုး​လင်း​သည်​ ရံ​ပုံ​ငွေ​​ တစ်​ခု​​ အ​တွက်​ ​ပေါင်​စ​တာ​လင်​ ​၁၀​ ​သန်း​ ​လှူ​ဒါန်း​ လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ Harry​ Potter​ ​ဇာတ်​လမ်း​များ​ကို​ ​ရေး​သား​ခဲ့​သည့်​ ဗြိ​တိ​သျှ​ ​စာ​ရေး​ဆ​ရာ​မ​၏​

​လှူ​ဒါန်း​ငွေ​များ​ကို​ ​အီ​ဒင်​ဘက်​ ​တ​က္က​သိုလ်​ရှိ​ ​သု​တေ​သ​န​ ​ဆေး​ခန်း​သစ်​ ​တစ်​ခု​တွင်​ ​သုံး​စွဲ​သွား​မည်​ဖြစ်​သည်​။​ ​အ​မည်​ရင်း​ ​ဂျို​နီ​ဖြစ်​သော​ ​စာ​ရေး​ဆရာ​မ​က​ Sclerosis ​ရော​ဂါ​အ​ကြောင်း​ ​နှစ်​ပေါင်း​များ​စွာ​ ​သု​တေ​သ​န​ပြု​လုပ်​နေ​သည့်​ ​ပ​ညာ​ရှင်​များ​အား​ ​ကူ​ညီ​ရန်​ ​ဆုံး​ဖြတ်​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

​အ​သက်​ ​၄၅​ ​နှစ်​အ​ရွယ်​ ရိုး​လင်း​က​ ​သူ​မ​၏​ ​အ​သက်​အ​ရွယ်​တွင်​ ​မိ​ခင်​ဖြစ်​သူ​ ​အန်​နီ​သည်​ Sclerosis ​ရော​ဂါ​ဖြင့်​ ​ကွယ်​လွန်​ခဲ့​ကြောင်း​၊​ ​မိ​ခင်​အ​တွက်​ ​ရည်​စူး​ပြီး​ ​ယ​ခု​လို​ ​လှူ​ဒါန်း​ခဲ့​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သည်​။​ ​သူ​မ​သည်​ ​ပါ​ကင်​ဆန်​ရော​ဂါ​၊​ ​အယ်​ဇိုင်း​မား​ ရော​ဂါ​နှင့်​ ​အာ​ရုံ​ကြော​ဆိုင်​ရာ​ ​ရော​ဂါ​အ​ချို့​တို့​အ​တွက်​ ​သု​တေ​သ​န​ ​ပြု​လုပ်​မှု​ကို​ ​ကူ​ညီ​ထောက်​ပံ့​ရန်​လည်း​ ​စီ​စဥ်​ထား​သည်​။​

​ရိုး​လင်း​သည်​ ​ခန့်​မှန်း​ခြေ​ ​ပေါင်​စ​တာ​လင်​ ​သန်း​ပေါင်း​ ​၅၆၀​ ​မျှ​ ​ကြွယ်​ဝ​သူ​ဖြစ်​သည်​။​ Harry​ Potter​ ​ဇာတ်​လမ်း​တွဲ​ ​အား​လုံး​ကို​ ​အ​ဆုံး​သတ်​ပြီး​နောက်​ပိုင်း​ ​ရိုး​လင်း​သည်​ ​သူ​မ​၏​ ​ဘ​ဝ​ကို​ ​လူ​မှု​ရေး​နှင့်​ ​ရံ​ပုံ​ငွေ​ ​လုပ်ငန်း​များ​တွင်​ ​ပို​မို​ဇောက်​ချ​ ​မြှုပ်​နှံ​လာ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here