ဆယ်​ကျော်​သက်​လူငယ်​နှင့်​ ​လိင်​​ ဆက်​ဆံ​ခဲ့​သည့်​ ​ထိုင်ဝမ်​​ ဆ​ရာ​မ​ ​ထောင်​ဒဏ်​ကျ

alt

ထိုင်​ဝမ်​မှ​ ​မူ​လ​တန်း​ဆ​ရာ​မ​ ​တစ်ဦး​သည်​ ​ဆယ်​ကျော်​သက်​ ​လူငယ်​တစ်ဦး​နှင့်​ ​လိင်​ဆက်​ဆံ​ခဲ့​မှု​အ​တွက်​ ​ထောင်​ကျ​သွား​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​သက်​ ​၃၆​ ​နှစ်​အ​ရွယ်​ ​လျူဆွန်​မင်​က​ ​သူ​မ​အ​နေ​နှင့်​ ငယ်​ရွယ်​သော​ ​ချစ်​သူ​ကို​ ​

ကျော​ခိုင်း​စွန့်​ပစ်​မည့်​အ​စား​ ​ထောင်​ထဲ​သာ​ ​သွား​မည်​ဖြစ်​ကြောင်း​ ​တ​ရား​ရုံး​တွင်​ ​စိန်​ခေါ်​ခဲ့​သူ​လည်း​ဖြစ်​သည်​။​

​ယ​ခု​အ​ခါ​ ​ထိုင်​ပေ​မြို့​ရှိ​ ခ​ရိုင်​တ​ရား​ရုံး​က​ ​လျူ​အား​ အ​သက်​မ​ပြည့်​သေး​သည့်​ ​လူငယ်​နှင့်​ ​လိင်​ဆက်​ဆံ​ခဲ့​ခြင်း​အ​တွက်​ ​ထောင်​ဒဏ်​ ​၈​ ​လ​ ​ချ​မှတ်​လိုက်​သည်​။​ ​အိမ်​ထောင်​မ​ရှိ​သော​ ​ဆ​ရာ​မ​သည်​ ​အ​လယ်​တန်း​ ​ကျောင်း​သား​လေး​တစ်ဦး​နှင့်​ ​ဖေ​ဖော်ဝါ​ရီ​မှ​ ဧ​ပြီ​လ​အ​ကြား​ ​အ​ချစ်​ကျူး​ခဲ့​ကြောင်း​ ​ဖော်​ထုတ်​နိုင်​ခဲ့​ပြီး​နောက်​ ​တ​ရား​စွဲ​ ​ခံ​ရ​ခြင်း​ဖြစ်​သည်​။​

​ဂျင်​ဆင်း​ထိုင်​ပေ​ကျောင်း​မှ​ ​ဆ​ရာ​မ​ဟောင်း​က​ ​သူ​မ​သည်​ ​တစ်​သက်​လုံး​ ​အတူ​နေ​မည်​ဟု​ ​က​တိ​ပေး​ထား​သည့်​ ​ချစ်​သူ​အား​ ​ကျော​ခိုင်း​ရ​မည်​ဆို​ပါ​က​ ​ထောင်​ကျ​မည့်​ ​လမ်း​ကို​သာ​ ​ရွေး​လိုက်​မည်​ဟု​ ​ကြွေး​ကြော်​ခဲ့​သည်​။​ ​တ​ရား​ရေး​ ​အ​ရှုပ်​အ​ထွေး​များ​ ​ဖြစ်​လာ​သည့်​နောက်​ ​ကျောင်း​က​လည်း​ ​လျူ​ကို​ ​ထုတ်​ပစ်​ခဲ့​သည်​။​ ​ကျောင်း​သား​လေး​၏​ ​မိခင်​က​ ​သား​ဖြစ်​သူ​နှင့်​ ​သက်​လတ်​ပိုင်း​ ​အ​မျိုး​သ​မီး​တစ်ဦး​၏​ ​ချစ်​ကြည်​နူး​နေ​သော​ ​ဓာတ်​ပုံ​ကို​ ​တွေ့​ပြီး​နောက်​ ​စစ်​မေး​ရာ​ ​သား​ဖြစ်​သော​သူ​က​ ​လျူ​နှင့်​ ​ဇာတ်​လမ်း​ဖြစ်​နေ​ကြောင်း​ ​ဝန်​ခံ​ခဲ့​ပြီး​နောက်​ ​ရဲ​ထံ​သို့​ ​တိုင်​ကြား​ခဲ့​ခြင်း​ဖြစ်​သည်​။​

​ရဲ​များ​သည်​ ​လျူ​၏​အိမ်​တွင်​ ​ဝင်​ရောက်​ဖမ်း​ဆီး​ရာ​ ​နှစ်​ယောက်​အ​တူ​ ​တွဲ​ရိုက်​ထား​သည့်​ ​နောက်​ထပ်​ဓာတ်​ပုံ​ ​၃၀​ ​ကို​လည်း​ ​တွေ့​ရှိ​ခဲ့့​သည်​။​ ​အ​သက်​မ​ပြည့်​သေး​သူ​နှင့်​ ​လိင်​ဆက်​ဆံ​မှု​ကို​ ​မု​ဒိမ်း​မှု​အ​ဖြစ်​ ​သတ်​မှတ်​ထား​သော်​လ​ည်း​ ​လျူ​တို့​ကိ​စ္စ​တွင်​ ​နှစ်ဦး​သ​ဘော​တူ​ကြောင်း​ ​စစ်​ဆေး​တွေ့​ရှိ​သ​ဖြင့်​ ​လျူ​မှာ​ ​မု​ဒိမ်း​မှု​ ​ပြစ်​ဒဏ်​မှ​ ​ရှောင်​လွှဲ​နိုင်​ခဲ့​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here