ပဲရစ်​ဟီ​တန်​အား​ ​လက်စ်​ဗီ​ဂက်​ရှိ​ ​အ​ပန်း​ဖြေ​စ​ခန်း​နှစ်​ခု​က​ ​ဝင်​ရောက်​ခွင့်​​ ပိတ်​ပင်

alt

လက်စ်​ဗီး​ဂက်​ရှိ​ ​အ​ပန်း​ဖြေ​စ​ခန်း​ ​နှစ်​ခု​တို့​က​ ​ပဲ​ရစ်​ဟီ​တန်​အား​ ​ဝင်​ရောက်​ခွင့်​ ​ပိတ်​ပင်​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​မ​ကြာ​သေး​မီ​က​ ​ကား​အ​တွင်း​ ​ကို​ကင်း​များ​ ​သယ်​ဆောင်​လာ​သည်​ကို​ ​ရဲ​များ​က​ ​ဖမ်း​ဆီး​ရ​မိ​သည့်​ Reality​ TV​

​စ​တား​ ​သန်း​ကြွယ်​သူ​ဌေး​မ​လေး​ရော​၊​ ​သူ​မ​၏​ ချစ်​သူ​ ​နိုက်​က​လပ်​ပိုင်​ရှင်​ ​ဆိုင်​ဝိတ်​ကို​ပါ​ ​ဝင်​ခွင့်​ပြု​မည်​ ​မ​ဟုတ်​ကြောင်း​ Wynn​နှင့်​ Encore​ ​အ​ပန်း​ဖြေ​ ​စ​ခန်း​များ​က​ ​ကြေ​ညာ​ခဲ့​သည်​။​

​အ​သက်​ ​၂၉​ ​နှစ်​အ​ရွယ်​ ​ဟီ​တန်​နှင့်​ ​ဝိတ်​တို့​ လိုက်​ပါ​လာ​သော​ ​ကား​အ​တွင်း​ရှိ​ ​မိန်း​မ​ကိုင်​ ​ပိုက်​ဆံ​အိတ်​အ​တွင်း​ ​ကို​ကင်း​များ​ ​တွေ့​ရှိ​ခဲ့​ခြင်း​ကို​ ​ဟီ​တန်​က​ ​သူ​မ​၏​ ​အိတ်​မ​ဟုတ်​ကြောင်း​ ​ငြင်း​ချက်​ထုတ်​ထား​သည်​။​ Wynn​ နှင့်​ Encore ​တို့​က​ ​ဟီ​တန်​သည်​ ​မူး​ယစ်​ဆေး​ဝါး​များ​ ​အ​ပမ်း​ဖြေ​စ​ခန်း​အ​တွင်း​ ​သယ်​ဆောင်​လာ​ပါ​က​ ​စ​ခန်း​ကို​ပါ​ ​ထိ​ခိုက်​နိုင်​သ​ဖြင့်​ ​ယ​ခု​လို​ ​ပိတ်​ပင်​စာ​ရင်း​ ​သွင်း​ခဲ့​ခြင်း​ဟု​ ​ကြေ​ညာ​ခဲ့​သည်​။​ ​လော့စ်​အိန်​ဂျယ်​လိစ်​ ရဲ​တပ်​ဖွဲ့​က​ ​နောက်​ပိုင်း​တွင်​ ​ဟီ​တန်​တို့​ကား​အ​တွင်း​ ​တွေ့​ရှိ​ခဲ့​သည့်​ ​ကို​ကင်း​ပ​မာ​ဏ​မှာ​ ​၀.​၈​ ​ဂ​ရမ်​ဖြစ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​သူ​မ​သည်​ ​က​နဦး​ ​အ​ဖမ်း​ခံ​ရ​သော်​လည်း​ ​ဒေါ်​လာ​ ​၂၀၀၀​ တန်​ ​အာ​မ​ခံ​ဖြင့်​ ​ပြန်​လွတ်​ခဲ့​ပြီး​ ​နို​ဝင်​ဘာ​ ​၂၉​ ​ရက်​နေ့​တွင်​ ​တ​ရား​ရင်​ဆိုင်​ရ​မည်​ဖြစ်​သည်​။​ ​ဟီ​တန်​သည်​ ​လွန်​ခဲ့​သော​ ​လေး​နှစ်​က​လည်း​ ​အ​ရက်​မူး​ပြီး​ ​ကား​မောင်းမှု​ကြောင့်​ ​ရက်​ပေါင်း​ ​၂၀​ ​ကျော်​မျှ​ ​ထောင်​ဒဏ်​ကျ​ခံ​ခဲ့​ရ​သေး​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here