ဂျူး​လူ​မျိုး​ ​၄​ ဦး​ ​အ​သတ်​ခံ​ရ​မှု​ ​အ​စ္စ​ရေး​အ​စိုး​ရ​ ​စုံ​စမ်း​လျက်​ရှိ

alt

အ​နောက်​ဖက်​ ​ကမ်း​ခြေ​ဒေ​သ​တွင်​ ​ဂျူး​အိမ်​ရာ​များ​ ​တိုး​ချဲ့​နေ​ထိုင်​ရာ​မှ​ ဂျူး​လူ​မျိုး​ ​၄​ ဦး​အား​ ​သေ​နတ်​နှင့်​ ​ပစ်​သတ်​ခဲ့​မှု​အ​ပေါ်​ ​အ​စ္စ​ရေး​ ​အ​စိုး​ရ​က​ ​စုံ​စမ်း​နေ​ပြီ​ဖြစ်​သည်​။​

​ဂါ​ဇာ​ဒေ​သ​ရှိ​ ​ဟား​မတ်​စစ်​သွေး​ကြွ​တို့​က​ ဩ​ဂုတ်​လ​ ​၃၁​ ​ရက်​နေ့​က​ ​ဂျူး​များ​အား​ ​သတ်​ဖြတ်​မှု​မှာ​ ​မိ​မိ​တို့​ ​လက်​ချက်​ဖြစ်​ကြောင်း​ ​ကြေ​ညာ​ထား​သည်​။​ ​အ​မေ​ရိ​ကန်​တွင်​ ​ပါ​လက်​စ​တိုင်း​ ​ခေါင်း​ဆောင်​ပိုင်း​နှင့်​ ​ဆွေး​နွေး​ရန်​ ​ရောက်​ရှိ​နေ​သည့်​ အ​စ္စ​ရေး​ ​ဝန်​ကြီး​ချုပ်​ ​ဘင်​ဂျ​မင်​ ​နာ​တန်​ယာ​ဟူ​က​ ​ဟီ​ဘ​ရွန်​မြို့​တွင်​ ​ဖြစ်​ပွား​ခဲ့​သော​ ​အ​ပြစ်​မဲ့​ ​အ​စ္စ​ရေး​ ​နိုင်ငံ​သား​များ​အား​ ​သတ်​ဖြတ်​မှု​အ​တွက်​ ​အ​ပြည့်​အ​၀​ ​အား​ထည့်​စုံ​စမ်း​သွား​မည်​ဟု​ ​ကြေ​ညာ​ထား​သည်​။​ ​ယ​ခု​အ​ခါ​ ​ဂျူး​များ​အား​ ​သတ်​ဖြတ်​မှု​အ​တွက်​ ​ပါ​လက်​စ​တိုင်း​ ​အာ​ဏာ​ပိုင်​များ​က​ ​မ​သ​င်္ကာ​သူ​ ​ဟား​မတ်​လူ​မျိုး​ ​၂၀၀​ ​ကျော်​အား​ ​ဖမ်း​ဆီး​စစ်​ဆေး​မှု​များ​ ​ပြု​လုပ်​လျက်​ရှိ​သည်​။

​ ​ပါ​လက်​စ​တိုင်း​ ​သ​မ္မ​တ​ ​မာ​မွတ်​အ​ဘက်​က​လည်း​ ​အ​စ္စ​ရေး​နိုင်ငံ​သား​များ​အား​ ​သတ်​ဖြတ်​မှု​ကို​ ​ရှုတ်​ချ​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည်​။​ အ​သတ်​ခံ​ရ​သူ​ ​ဂျူး​လူ​မျိုး​များ​သည်​ ​စုံ​တွဲ​တစ်​တွဲ​နှင့်​ ​ခ​ရီး​ကြုံ​ ​လိုက်​လာ​သူ​ ​နှစ်ဦး​ဖြစ်​ပြီး​ ၎င်း​တို့​သည်​ ​ဟီ​ဘ​ရွန်​ရှိ​ ​အ​ခြေ​ချ​ ​နေ​ထိုင်​ရာ​ ​အိမ်​ရာ​သစ်​များ​သို့​ ​လာ​ရောက်စဥ်​ ​လမ်း​ပေါ်​မှ​ ​ကြား​ဖြတ်​တိုက်​ခိုက်​မှု​ ခံ​ခဲ့​ရ​ခြင်း​ဖြစ်​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here