ဘု​ရား​သ​ခင်​သည်​​ စ​ကြာ​ဝ​ဠာ​ တစ်​ခု​လုံး​အား​ ​ဖန်​တီး​ခဲ့​သူ​​ မ​ဟုတ်​ဟု​ ​စ​တီ​ဖင်​​ ဟော့​ကင်း​ ​ပြော​

alt

ဘု​ရား​သ​ခင်​သည်​ ​စ​ကြာ​ဝ​ဠာ​ ​တစ်​ခု​လုံး​အား​ ​ဖန်​ဆင်း​ခဲ့​သူ​ ​မ​ဟုတ်​ကြောင်း​ ​စ​တီ​ဖင်​ဟော့​ကင်း​က​ ​အ​ခိုင်​အ​မာ​ ​ပြော​ကြား​လိုက်​သည်​။​ ​ဘာ​သာ​ရေး​ ​အ​ယူ​အ​ဆ​များ​ကို​ ​ဆန့်​ကျင်​သည့်​ ​အ​ဆို​အား​ ​ဗြိ​တိန်​၏​ ​အ​ကျော်​ကြား​ဆုံး​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​ကြီး​က

​ ၎င်း​၏​ ​ရောင်း​အား​အ​ကောင်း​ဆုံး​ ​စာ​ရင်း​ဝင်​ The​ Grand​ Design ​စာ​အုပ်​တွင်​ ​ရေး​သား​ဖော်​ပြ​ခဲ့​သည်​။​ ​ဟော့ကင်း​က​ ​ခေတ်​သစ်​ရူ​ပ​ဗေ​ဒ​တွင်​ ​ဖန်​ဆင်း​ရှင်​ဆို​သော​ ​ဝေါ​ဟာ​ရ​အ​တွက်​ ​နေ​ရာ​မ​ရှိ​ဟု​ ​ဝေ​ဖန်​သုံး​သပ်​ထား​သည်​။​ မိ​မိ​တို့​ ​အ​သက်​ရှင်​ ​ရပ်​တည်​နေ​ခြင်း​၊​ ​စ​ကြာ​ဝ​ဠာ​ကြီး​ ​တည်​ရှိ​နေ​ခြင်း​သည်​ ​အ​လို​အ​လျောက်​ ​ပေါ်​ပေါက်​လာ​သည်​ဆို​သော​ ​ကိ​စ္စ​သာ​ ​မှန်​ကန်​သော​ ​အ​ကြောင်း​ရင်း​ဖြစ်​ကြောင်း​ ​ဟော့​ကင်းက​ ​ပြော​ကြား​ထား​သည်​။​ ​ယင်း​စာ​အုပ်​ကို​ ​အ​မေ​ရိ​ကန်​ ​ရူ​ပ​ဗေ​ဒ​ ​ပ​ညာ​ရှင်​ ​လီ​ယို​နက်​မို​လို​ဒီ​နို​က​ ပူး​ပေါင်း​ကူ​ညီ​ ​ရေး​သား​ခဲ့​သည်​။​

​အ​သက်​ ​၆၈​ ​နှစ်​ရှိ​ ​ဟော့​ကင်း​သည်​ ​ဘု​ရား​သ​ခင်​အ​ပေါ်​ ​ယုံ​ကြည်​ခြင်း​ ​ရှိ​မ​ရှိ​ဆို​သော​ ​အ​ချက်​အား​ ​အ​မြဲ​တမ်း​ ​ရှောင်​လွှဲ​ဖြေ​ဆို​လေ့​ ​ရှိ​သော်​လည်း​ ​ယ​ခု​ဖော်​ပြ​ချက်​က​ ​ဘာ​သာ​ရေး​အ​ရ​ ​တိုက်​ခိုက်​မှု​တစ်​ခု​ဟု​ ယူ​ဆ​ဖွယ်​ရာ​ ​ဖြစ်​လာ​သည်​။​ ၎င်း​က​ ​၁၉၉၂​ ​ခု​နှစ်​က​ ​ထုတ်​ဝေ​ခဲ့​သည့်​ ​စာ​အုပ်​တွင်​ ​ဖော်​ပြ​ထား​သော​ ​နေ​တစ်​ခု​ကို​ ​ဂြိုဟ်​များ​က​ ​လှည့်​ပတ်​မှု​ ​သီ​အို​ရီ​ကို​ ​ကိုး​ကား​ပြီး​ ​အ​ကြောင်းတိုက်​ဆိုင်​သ​ဖြင့်​ ​မိ​မိ​တို့​သည်​ ​နေ​အ​ဖွဲ့​အ​စည်း​ရှိ​ ​က​မ္ဘာ​ဂြိုဟ်​တွင်​ ရှင်​သန်​နေ​ခြင်း​ဖြစ်​ကြောင်း​ ​ထောက်​ပြ​ထား​သည်​။​ ​ခ​ရစ်​ယာန်​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က​ ​ပ​ရော်​ဖက်​ဆာ​ ​ဟော့​ကင်း​သည်​ ​ဘု​ရား​သ​ခင်​အ​ပေါ်​ ​အ​မြင်​တွင်​ ​လွဲ​ချော်​မှု​များ​ ​ရှိ​နေ​ကြောင်း​ ​ဝေ​ဖန်​ခဲ့​ကြ​သည်​။​ Society​ for​ Ordained​ Science ​မှ​ ​ပ​ညာ​ရှင်​ ​ဂက်​ဘာ​ဘား​က​ ​ဘု​ရား​သ​ခင်​၏​ ​ဖန်​တီး​မှု​နှင့်​ ​သိ​ပ္ပံ​ပ​ညာ​၏​ ​ဖန်​တီး​မှုဥ​ပ​ဒေ​တွင်​ ​ကွာ​ဟ​ချက်​ ​ရှိ​သည်​ဟု​ ​မိ​မိ​မ​ယုံ​ကြည်​ကြောင်း​၊​ ​သိ​ပ္ပံပ​ညာ​၏​ ဥ​ပ​ဒေ​သ​သည်​ ​ဘု​ရား​သ​ခင်​၏​ ​ဖန်​ဆင်း​မှု​ ဥ​ပ​ဒေ​နှင့်​ ​ထပ်​တူ​ကျ​ကြောင်း​ ​တုန့်​ပြန်​ခဲ့​သည်​။​ ​

နိုင်ငံ​တ​ကာ​ ​သိ​ပ္ပံ​နှင့်​ ​ဘာ​သာ​ရေး​ ​အ​ဖွဲ့​မှ​ ​ပ​ရော်​ဖက်​ဆာ​ ​ဂျော့​အီး​လစ်​က​မူ​ သု​တေ​သီ​ ​တစ်ဦး​အ​တွက်​ ​အ​ခက်​ခဲ​ဆုံး​ ​အ​ခြေ​အ​နေ​မှာ​ ​ပ​ညာ​ရပ်​ပိုင်း​နှင့်​ ​ဘာ​သာ​ရေး​တို့​ကြား​ အ​ထိ​အပါး​မ​ရှိ​ဘဲ​ ​မိ​မိ​၏​ ​တွေ့​ရှိ​ချက်​ကို​ ​တင်​ပြ​ရန်​ဖြစ်​ကြောင်း​၊​ ​မိ​မိ​အ​နေ​နှင့်​ ​ဘာ​သာ​ရေး​ဖက်​မှ​ ​ရပ်​တည်​ပါ​က​ သိ​ပ္ပံ​ပ​ညာ​ရပ်​၏​ ​အ​ချို့​သော​ ​အ​ချက်​အ​လက်​များ​ကို​ ​မျက်​ကွက်​ပြု​ ​လက်​လွှတ်​ရန်​သာ​ရှိ​ကြောင်း​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here